တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
March 2, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်အထိ ငွေကြေးခဝါချမှု အမည်ပျက်နိုင်ငံစာရင်းမှာ မြန်မာဆက်ရှိ နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF ရဲ့ အမည်ပျက်စာရင်းမှာ မြန်မာနိုင်ငံဆက်လက် ရှိနေပြီး လာမယ့် ဇွန်လအထိ တိုးတက်မှု မရှိရင် အရေးယူမှုတွေ ထပ်မံချမှတ်မယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖေဖော်ဝါရီလ တတိယပတ်က ကျင်းပခဲ့တဲ့ FATF အစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာပါ။ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌကတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆောင်ရွက်နေပြီး လူအများအပြားသေစေနိုင်တဲ့ လက်နက်တွေပြန့်ပွားအောင် ငွေကြေးထောက်ပံ့နေတာတွေကို နိုင်ငံတကာစံနှုန်းတွေအပြင် FATF ရဲ့ အကြံပြုချက်နဲ့ အညီ အကောင်အထည်ဖော်နေတဲ့လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို […]


