မြိတ် တုံးဗျောရွာတွင် စစ်ကောင်စီရိက္ခာယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
Dawei Watch
April 1, 2025တနင်္သာရီမြို့ဘက်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်းကို မြိတ်မြို့နယ် တုံးဗျောရွာတွင် မတ်လ ၃၁ ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန် မြိတ်ဘက်မှ လာသည့် ကား ၇ စီးပါ ယာဉ်တန်းကို ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်တွင် တုံးဗျောကျေးရွာအုပ်စု လသာရွာအနီး၌ မြိတ်ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ မြိတ်မြို့မှ တနင်္သာရီဘက်လာသည့် စစ်ကောင်စီတပ် ရိက္ခာကား ၇ စီးကို ဆွဲမိုင်း ၆ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောသည်။ အဆိုပါစစ်ကောင်စီယာဥ်တန်းသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကား ၅ စီးသာ တနင်္သာရီဘက်သို့ ဆက်လက် မောင်းနှင်သွားပြီး နှစ်စီးမှာ မိုင်းဆွဲခံရသည့် […]


