ငလျင်ဒဏ်သင့် ဒေသများအပါအဝင် နိုင်ငံအနှံ့ အချိန်အခါမဟုတ် မိုးရွာနိုင်
Dawei Watch
April 3, 2025ငလျင်ဒဏ်သင့်သည့် တိုင်းနှင့် ပြည်နယ်များအပါအဝင် မြန်မာနိုင်ငံအနှံအပြား အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဧပြီလ ၂ရက်တွင် ထုတ်ပြန်သတိပေးသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသ မှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ခြင်းဖြစ်ကြောင်း ဆိုသည်။ ဧပြီလ ၂ ရက်မှ ၅ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ် မိုးရွာမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။ ငလျင်ဒဏ်ခံရသည့် နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တို့အပြင် ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် […]


