တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
April 5, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၃၀ ရက်မှ ဧပြီလ ၅ ရက်အထိ ငလျင်ကြောင့် သေဆုံးသူ ၃၃၀၀ကျော်လာ၊ လူ ၁၇သန်းကျော် ငလျင်ဒဏ်သင့် ရစ်(ခ်)တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၃၃၅၀ကျော် ရှိလာပြီး ဒဏ်ရာရရှိသူ ၄၅၀၀ ကျော်ရှိလာတယ်လို့ စစ်ကောင်စီက ဧပြီလ ၄ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပျောက်ဆုံးနေသူကတော့ ၂၂၀ ရှိနေပါတယ်။ သေဆုံးမှု အများဆုံးကတော့ မန္တလေးမှာဖြစ်ပြီး နှစ်ထောင်ကျော်ရှိပါတယ်။ ဒုတိယအများဆုံး နေပြည်တော်မှာ သေဆုံးသူခြောက်ရာကျော်၊ စစ်ကိုင်းမှာ ငါးရာကျော်၊ ရှမ်းမှာ ၆၀ကျော်၊ ပဲခူးမှာ ၄၀ ကျော် […]


