ငလျင်ဒဏ်ကြောင့် ရွေးကောက်ပွဲ အပြောင်းအလဲမရှိ၊ ဒီဇင်ဘာလတွင် ကျင်းပမည်ဟု UEC ထုတ်ပြန်
Dawei Watch
April 9, 2025ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန်ရှိသဖြင့် ပါတီမှတ်ပုံတင်ခြင်း၊ ပါတီများပူးပေါင်းပြီး တစ်ခုတည်းအဖြစ် တည်ထောင်ခြင်းတို့ကို မေလ ၉ရက် နောက်ဆုံးထားလျှောက်ထားကြရန် ထုတ်ပြန်ခြင်းဖြစ်သည်။ လျှောက်ထားသည့် ပါတီများကို ရွေးကောက်ပွဲအမီ စိစစ်နိုင်ရန်၊ ပါတီများ ရွေးကောက်ပွဲလုပ်ငန်း၊ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအတွက် အချိန်လုံလောက်စွာ ရရှိရန်ဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံတွင် အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်သေကြေမှုများစွာ ကြုံနေရပြီး ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူလုပ်ဆောင်ရမည်ဖြစ်သော်လည်း စစ်ကောင်စီကမူ ရွေးကောက်ပွဲကို မူလစီစဉ်ထားသည်အတိုင်း ကျင်းပရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်မှုအပြီး ဧပြီလ ၃ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် BIMSTEC အစည်းအဝေးကို […]


