BREAKING
November 13, 2025

သတင်း

သင်္ကြန်ပိတ်ရက် ထိုင်းရောက် ကမ္ဘောဒီးယားနှင့်လာအိုလုပ်သား သောင်းချီအိမ်ပြန်

Dawei Watch

April 10, 2025

သင်္ကြန်အလုပ်ပိတ်ရက်ရှည်တွင် ထိုင်းရောက် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ သောင်းဂဏန်းခန့် နေရပ်ပြန်နေကြပြီဖြစ်သည်။ သင်္ကြန်အလုပ်ပိတ်ရက်တွင် ရွှေ့ပြောင်းအလုပ်သမားများ အိမ်အလည်ပြန်နိုင်ရန် ထိုင်းအစိုးရက ပြန်လည်ဝင်ရောက်ခွင့်ဗီဇာ (RE ENTRY) ကို ဧပြီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ အခမဲ့ ခွင့်ပြုထားခြင်းဖြစ်သည်။ ထိုင်းစက်ရုံအများစုကလည်း သင်္ကြန်ပိတ်ရက်ကို အနည်းဆုံး ၅ ရက်မှ ၁၅ ရက်အထိ အားလပ်ရက်ပေးထားကြောင်း အလုပ်သမားများထံမှ သိရသည်။ အားလပ်ရက်ကာလတွင် ကမ္ဘောဒီးယားနှင့် လာအိုအလုပ်သမားများက နယ်စပ်ဂိတ်များမှတစ်ဆင့် နေရပ်ပြန်သူတစ်နေ့လျှင် သောင်းချီရှိနေကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ထိုင်းနိုင်ငံတွင် သန်းနှင့်ချီသည့် မြန်မာနိုင်ငံသားများ ရောက်ရှိနေသော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စစ်မှုထမ်းဥပဒေများကြောင့် မြန်မာလုပ်သား အများစုနေရပ်မပြန်ရဲကြပေ။ ကိုဗစ်မတိုင်ခင်ကာလက မြဝတီ-မဲဆောက် […]

ရေးအခြေစိုက် ခမရ ၅၉၁ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ရေးဘီလူးအဖွဲ့ ဖမ်းဆီး

Dawei Watch

April 10, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်ဆီးထားကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ ဧပြီလ ၉ ရက် နံနက်ပိုင်းတွင် ခမရ ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသည့် တပ်သား ကျော်ဇင်ဖြိုးဆိုသူကို ရေးဘီလူးတပ်ရင်း၊ တပ်ခွဲ (၂) က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဆိုပါတပ်သားကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ “သူက တပ်ကနေ ထွက်ပြေးလာတယ်။ သေနတ်တွေ ဘာတွေတော့ ပါမလာဘူး။ လောလောဆယ် သူ့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်” ဟု ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တပ်သား ကျော်ဇင်ဖြိုး စစ်ကိုင်းတိုင်၊ ဝန်းသိုမြို့နယ်ကဖြစ်ပြီး ရန်ကုန်တွင် အလုပ်လာလုပ်စဉ် စစ်မှုထမ်းရန်အတွက် […]

တနင်္သာရီ ရမ်းဖိုရွာ ပြည်ထောင်စုလမ်းရှိ စစ်ကောင်စီတပ်လမ်းကင်း ပြန်ရုပ်

Dawei Watch

April 10, 2025

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ ပြည်ထောင်စုလမ်းတစ်လျှောက်တွင် နှစ်ပတ်နီးပါးကြာ လမ်းကင်းယူတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ပြန်ရုပ်သိမ်းသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၇ရက် နေ့လယ်တွင် အင်အား ၄၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သားများသည် ရမ်းဖိုရွာမှ ပြန်လည် ဆုတ်ခွာသွားကြောင်း အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”ကားနှစ်စီးနဲ့ ပြန်သွားကြတယ်။ မြိတ်ဘက်ကို ဦးတည်ပြီး မောင်းသွားကြတယ်” ဟု ၎င်းက ပြောသည်။ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းရွာနှင့် ရမ်းဖိုရွာရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများက လမ်းကင်းယူထားခြင်း ဖြစ်သည်။ လက်ရှိတွင် ရမ်းဖိုရွာရှိ စစ်ကောင်စီတပ်လမ်းကင်းများကိုသာ ပြန်ရုပ်သွားပြီး ညောင်ပင်ကုန်းရွာရှိ စစ်ကောင်စီ လမ်းကင်းမှာမူ ရှိနေဆဲဖြစ်ကြောင်း အသက် ၂၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သို့ရာတွင် ရမ်းဖိုရွာအနီးရှိ […]

ရက်ရှည်တိုက်ပွဲဖြစ်နေသည့် သိန်ခွန်းရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲ

Dawei Watch

April 10, 2025

ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်လမ်းပိုင်းရှိ သိန်ခွန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဧပြီလ ၇ရက် နေ့လယ် ၁၂နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီ ဘက်က တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ”တိုက်ပွဲဖြစ်နေတုန်း လေကြောင်းနဲ့ လာကြဲတယ်။ ပွိုင့်ဖိုက် (စက်သေနတ်) နဲ့ လည်း ပစ်တယ်။ ရဲဘော် နှစ်ယောက်ဒဏ်ရာရ (မစိုးရိမ်ရ) သွားတယ်” ဟု အသက် ၂၈နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် အခြားထိခိုက်မှုအခြေအနေအသေးစိတ်တို့ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယခုလမှစတင်ကာ သိန်ခွန်းရွာ၊ ချောင်းနှစ်ပေါက်ရွာ၊ ချောင်းလမုရွာနှင့် ကွမ်းသီးတောရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း အသက် ၃၀ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ”သူတို့က […]

တရုတ်ကြေးစားစစ်သား ၁၅၀ ကျော်ကို TikTok မှတစ်ဆင့် ရုရှားက တပ်သားစုဆောင်းခဲ့ဟုဆို

Dawei Watch

April 10, 2025

တရုတ်ကြေးစားစစ်သား ၁၅၀ ကျော်ကို ရုရှားက TikTok မှတဆင့် တပ်သားအဖြစ် စုဆောင်းထားကြောင်း ထောက်လှမ်းရေးအသေးစိတ်အချက်အလက်များ ရရှိထားသည်ဟု ယူကရိန်းသမ္မတဇလန်းစကီးက ဧပြီလ ၉ရက်က ပြောသည်။ ယူကရိန်း၏ အဆိုပါ စွပ်စွဲချက်မှာ “အခြေအမြစ် လုံးဝမရှိ” တရုတ်အစိုးရဘက်က ငြင်းဆန်ထားသည်။ ယူကရိန်းနယ်နိမိတ်ထဲတွင် ရုရှားစစ်တပ်ဘက်မှ ဝင်တိုက်ပေးနေသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ယူကရိန်းစစ်တပ်က ဖမ်းဆီးရမိထားကြောင်း ယူကရိန်းသမ္မတဇလန်းစကီးက ဆိုသည်။ ရုရှား – ယူကရိန်းစစ်အဆုံးသတ်ရေး အမေရိကန်ဘက်က ကြိုးစားနေချိန်တွင် ယူကရိန်းဘက်က အဆိုပါ စွပ်စွဲချက်မျိုး ပထမဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။ တရုတ်ကြေးစားစစ်သားများကို တပ်သားအဖြစ် စုဆောင်းရန် ရုရှား၏ ကမ်ပိန်းကို တရုတ်အစိုးရဘက်က သိရှိထားကြောင်း ဇလန်းစကီးက ဆိုသော်လည်း ယင်းအပေါ် သက်သေအထောက်အထား ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ယူကရိန်းစစ်ပွဲတွင် တရုတ်ကြေးစားစစ်သားများ […]

တရုတ်မှလွဲပြီး ကျန်နိုင်ငံများအပေါ် သွင်းကုန်အခွန်တိုးမြှင့်မှု ရက် ၉၀ ကြာ ထရမ့်ဆိုင်းငံ့

Dawei Watch

April 10, 2025

အမေရိကန်က ကုန်သွယ်ဖက်နိုင်ငံများအပေါ် မကြာသေးမီက တိုးမြှင့်လိုက်သည့် တန်ပြန်သွင်းကုန်အခွန်များကို ရက် ၉၀ ကြာ ဆိုင်းငံ့မည်ဖြစ်ပြီး အခြေခံသွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။ ပြီးခဲ့သည့် အပတ်က အဆမတန် တိုးမြှင့်လိုက်သည့် အမေရိကန်၏ တန်ပြန်သွင်းကုန်အခွန်များ စတင်အသက်ဝင်ပြီး နာရီပိုင်းအကြာတွင်ပင် ယင်းသို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။ သို့သော်တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်အခွန်ကိုမူ ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်လိုက်ပြီဟု ထရမ့်က ဆိုသည်။ ယင်းမှာ တရုတ်အစိုးရက အမေရိကန်သွင်းကုန်ပစ္စည်းများအပေါ် အခွန် ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ခြင်းအပေါ် တုံ့ပြန်မှုဟု ၎င်းက ပြောသည်။ “ကမ္ဘာ့ဈေးကွက်အပေါ် တရုတ်နိုင်ငံက လေးစားမှုမရှိတဲ့အတွက်ကြောင့် အမေရိကန်အစိုးရက တရုတ်နိုင်ငံအပေါ် ချမှတ်ထားတဲ့ သွင်းကုန်စည်းကြပ်ခွန်ကို ၁၂၅ ရာခိုင်နှုန်းအထိ ကျွန်တော် တိုးမြှင့်လိုက်ပါတယ်။ […]

ကော့သောင်းတိုက်ခိုက်မှုတွင် စခန်းမှူးအပါအဝင် ရဲသုံးဦး သေဆုံး

Dawei Watch

April 10, 2025

ကော့သောင်းမြို့နယ် ဖော့သုတ်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ကြားဖြတ်တိုက်ခိုက်ရာက မာရမ်းရဲစခန်းမှူးအပါအဝင် ရဲသုံးဦးသေဆုံးသွားကြောင်း ပကဖ တာဝန်ရှိသူထံမှ သိရသည်။ ဧပြီလ ၉ ရက်နေ့ ညနေ့ ၄ နာရီဝန်းကျင်တွင် အဆိုပါ ရဲစခန်းမှူးနှင့်အဖွဲ့သည် အေးချမ်းသာကျေးရွာတွင် ဆက်ကြေးကောက်ပြီး ကားဖြင့်ပြန်လာစဉ် ဖော့သုတ်ရွာ သင်္ချိုင်းအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပကဖ တာဝန်ရှိသူက ဆိုသည်။ “လတိုင်းသွားကောက်နေတာဗျ။ကျွန်တော်တို့လည်း ရက်အတိအကျမသိလို့ ချောင်းနေတာကြာပြီဗျ။မနေ့ကမှ ကွက်တိကျသွားတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ အဆိုပါရဲများမှာ ထိုင်း-မြန်မာ နယ်စပ် ရှမ်းကိုးရွာအခြေစိုက် မာရမ်းရဲစခန်းတွင် တာဝန်ကျနေသူများဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စခန်းမှူး(ရဲအုပ်)တစ်ဦး၊ ဒုရဲအုပ် အပါအဝင် ရဲနှစ်ဦးသေဆုံးပြီး ရဲတပ်ကြပ်ကြီးတစ်ဦးက ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ကော့သောင်း ပကဖ ကထုတ်ပြန်ထားသည်။ ကြားဖြတ်တိုက်ခိုက်ပြီးနောက် ကော့သောင်းပကဖအဖွဲ့က […]

သရက်ချောင်းတွင် KNLA နှင့် PDF အချင်းချင်းပစ်ခတ်မှု PDF ရဲဘော်နှစ်ဦးသေဆုံး

Dawei Watch

April 9, 2025

သရက်ချောင်းမြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA၊ တပ်ရင်း (၁၂) လက်အောက်ခံတပ်ဖွဲ့နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်-PDF အမှတ် (၂) တပ်ရင်းတို့ အချင်းချင်းပစ်ခတ်မှုတွင် PDF ရဲဘော်နှစ်ဦးသေဆုံးကြောင်း နှစ်ဖက်တပ်ဖွဲ့ထံမှ သိရသည်။ ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဝင်းဝနယ်မြေရဲစခန်းကို တိုက်ခိုက်ရန်ကြိုတင်ရောက်ရှိနေသည့် KNLA တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့နှင့် နောက်မှ ယင်းနေရာသို့ ဝင်လာသည့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး-PDF အမှတ် (၂) တပ်ရင်း လက်အောက်ခံတပ်ဖွဲ့တို့ ဧပြီလ ၆ ရက် ည ၉ နာရီခွဲခန့်တွင် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ချိတ်ဆက်မှုအားနည်းချက်ကြောင့် မှားယွင်းပစ်ခတ်မိကြခြင်းဖြစ်ပြီး အဆိုပါပစ်ခတ်မှုတွင် PDF ရဲဘော် နှစ်ဦးသေဆုံးကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်-PDF အမှတ် (၂) တပ်ရင်းမှူး မင်းသားကြီးက အတည်ပြု ပြောဆိုသည်။ […]