BREAKING
November 13, 2025

သတင်း

ထိုင်း-မြန်မာနယ်စပ်၊ ထီးထဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များဝင်တိုက်၊ စစ်ကောင်စီက လေကြောင်းဖြင့်ခုခံ

Dawei Watch

April 13, 2025

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဧပြီလ ၁၂ ရက်နေ့မှစကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၁၃) မနက်ပိုင်းတွင် လေကြောင်းအသုံးပြုကာ ခုခံနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ ထံမှသိရသည်။ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲကို KNLAနှင့် PDF ပူးပေါင်းတပ်များက မနေ့က မွန်းလွဲ ၂ နာရီခန့်တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ယနေ့နံနက်မှစကာ လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်ကာ ခုခံနေရသည်။ “တော်လှန်ရေး ပူးပေါင်းတပ်တွေကတော့ အသာစီးမှုနဲ့ သိမ်းနိုင်အောင်တော့ ကြိုးစားနေတယ်”ဟု ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ ထီးထဗျူဟာစခန်းကုန်းသည် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့်ထားဝယ်-ထီးခီးနယ်စပ်လမ်းကြောင်းအနီး တွင်တည်ရှိပြီး စစ်ကောင်စီ၏ နယ်စပ်စခန်းများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးထိန်းချုပ်ထားနိုင်ရန် အထောက်အကူဖြစ်သည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်က ကမာပလောစခန်းကိုစွန့်ခွာပြီး […]

လောင်းလုံးက သင်္ကြန်အကြိုနေ့

Dawei Watch

April 13, 2025

လောင်းလုံးမြို့နယ်တွင် ယနေ့ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ရေပက်ကစားသူအတော်အသင့်များပြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ကျေးရွာအချို့တွင် အုန်းလက်မဏ္ဍပ်များထိုးကာ လူငယ်များစုပေါင်းရေပက်ကစားကြသည်များလည်းရှိပြီး သင်္ကြန်ရေပက်ခံထွက်နေသူလည်းရှိသည်။

ဆုမ်ခရန်ပွဲတော် ပထမဆုံးနေ့တွင် လူ ၂၇ ဦး သေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရရှိခဲ့

Dawei Watch

April 13, 2025

ထိုင်းနိုင်ငံတွင် ကျင်းပနေသော ဆုမ်ခရန်ပွဲတော်၏ပထမဆုံးနေ့တွင် ယာဉ်မတော်တဆမှုကြောင့် လူ‌ ၂၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူ ၂၀၁ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။ ဆုမ်ခရန် ခရီးသွားအားလပ်ရက်ကာလသည် သီတင်းတစ်ပတ် ကြာမြင့်မည်ဖြစ်ပြီး ပွဲတော်၏ပထမဆုံးရက်၌ ယင်းကဲ့သို့ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်းကို ထိုင်းအရာရှိများက စနေနေ့၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုင်းနှစ်သစ်ကူး အားလပ်ရက်ပွဲတော်ကာလတွင် လူအများအပြား ခရီးသွားလာနေကြပြီး သောကြနေ့၌ ယာဉ်မတော်တဆမှုပေါင်း ၂၁၁ ခု ဖြစ်ခဲ့သည်ဟု ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်စင်တာက သတင်းထုတ်ပြန်သွားခဲ့သည်။ သို့သော် ယမန်နှစ် ဆုမ်ခရန်ပွဲတော် ပထမရက် လူသေဆုံးမှုနှုန်း၊ ဒဏ်ရာရရှိမှုနှုန်းနှင့် နှိုင်းယှဉ်ပါက အရေအတွက်အားဖြင့် လျော့ကျခဲ့ကြောင်း သိရှိရပြီး ၂၀၂၄ ခုနှစ် ဆုမ်ခရန်ပွဲတော် ပထမရက်တွင် ယာဉ်မတော်တဆမှုပေါင်း ၂၄၁ […]

ထိုင်းတောင်ပိုင်းတွင် စစ်ဘေးရှောင်ရန်ပုံငွေ ဘောလုံးပွဲကျင်းပ၊ အမျိုးသမီးပွဲများလည်း ပါဝင်

Dawei Watch

April 13, 2025

စစ်ဘေးရှောင်ရန်ပုံငွေ ဘောလုံးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဧပြီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပြီး အမျိုးသမီးအသင်းများ၏ ပြိုင်ပွဲများလည်း ပါဝင်သည်။ အဆိုပါဘောလုံးပွဲတွင် အမျိုးသမီးဘောလုံးအသင်း ၄ သင်းနှင့် အမျိုးသားအသင်း ၁၀ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားပြိုင်ပွဲဟူ၍ သီးခြားပွဲစဉ်များ ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။ ယင်းစစ်ဘေးရှောင် ရန်ပုံငွေဘောလုံးပွဲကို အဝေးရောက်သွေးချင်းများကွန်ရက်မှ စည်းလုံးခြင်းနှင့်တို့ထားဝယ်သား ထောက်ပို့အဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထားဝယ်မြို့က သင်္ကြန်အကြိုနေ့

Dawei Watch

April 13, 2025

သင်္ကြန်အကြိုနေ့ မနက်ပိုင်း ထားဝယ်မြို့ပေါ်မှာ ကလေးငယ်အနည်းငယ် လောက်ပဲ ရေကစားနေတာတွေ့ရပါတယ်။ ထားဝယ်မြို့မရဲစခန်း၊ တိုင်းရဲတပ်ဖွဲ့အရုံးအနီးတွေမှာ လုံခြုံရေးချထားပြီး ရပ်ကွက်လမ်းသွယ်အချို့မှာပဲ ကလေးတွေ ရေကစားနေကြတာပါ။

သင်္ကြန်ကာလ တနင်္သာရီ ကျားအက

Dawei Watch

April 13, 2025

တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း နှစ်စဥ်ပြုလုပ်လေ့ရှိသည့် ရိုးရာကျားအကပွဲကို ယခုနှစ်သင်္ကြန်အကြိုနေ့(ဧပြီ ၁၃)တွင် ပြုလုပ်ခဲ့ကြသည်။ ရှင်မအောင်သာ(ခ)မြို့ရှင်ဘွားဘွား ကျောက်တိုင်တွင် ကျားကမည့်သူများက သွားရောက်ကန်တော့ကာ မြို့တွင်းလှည့်လည်ကပြကြခြင်းဖြစ်သည်။ အဆိုပါ တနင်္သာရီ ရိုးရာကျားအကပွဲကို တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်သူ ရပ်ကွက်သားများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကျားကပွဲကို သင်္ကြန်အကြိုနေ့တွင် ချောင်းကြီးရပ်ကွက်က စတင် ကျင်းပ၍ သင်္ကြန်အကျနေ့တွင် ချောင်းငယ်ရပ်ကွက်တွင် ကျင်းပလေ့ရှိသည်။ ကျားအက ကပြရာတွင် ကျားငါးကောင်၊ ကျားမြီးဆွဲခေါ် ကျားထိန်းသူ ငါးဦး၊ မုဆိုးတစ်ဦး၊ ဗုံတီးသူတို့နှင့် လောဘန် (အမွှေးအကြိုင်တစ်မျိုး) ကိုင်သူ တစ်ဦးပါရှိကြောင်း ကျားအကအဖွဲ့ထံမှသိရသည်။ တနင်္သာရီ ရိုးရာကျားအကသည် ယခင်က မလေးရှား ကုန်သည်များ ကုန်စည်ကူးသန်းရောင်းဝယ်ရန် လာရောက်ရင်း ၎င်းတို့ထံမှ ကျန်ခဲ့သည့် အကတစ်မျိုးဖြစ်ကြောင်း ကျားအကအဖွဲ့ဝင်များက ပြောပြသည်။ ကျားအက ကို တနင်္သာရီမြို့နယ် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

April 12, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၆ ရက်မှ ဧပြီလ ၁၂ ရက်အထိ အင်းတော်နဲ့ ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေသိမ်းယူ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နဲ့ ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းယူလိုက်ပါတယ်။ စစ်ကိုင်းနဲ့ ကချင်အစပ်က ဗျူဟာကျတဲ့ အင်းတော်မြို့ကို ကချင်တပ် KIA၊ ကျောင်းသားတပ် ABSDFနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ပြီး ၈ လ လောက်အကြာ ဧပြီလ ၇ရက်မှာ သိမ်းယူနိုင်ခဲ့တာပါ။ မြို့မှာ အခိုင်အမာ ဆောက်ထားတဲ့ စစ်ကောင်စီ တပ်မ ၇၇ ရှေ့တန်းဌာနချုပ် ဂျပန်လှိုဏ်ဂူနဲ့ ဘုရားကုန်းတွေကို သိမ်းယူခဲ့တာပါ။ စခန်းစွန့် ထွက်ပြေးတဲ့ တပ်မ ၇၇ တပ်မမှူးအပါအဝင် […]

ရေဖြူတွင် စစ်ကြောင်းထိုးချိန် ဝက်ချောင်းရွာသားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

April 12, 2025

ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက် ညနေပိုင်းတွင် ဝက်ချောင်းရွာသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ရော်ဘာတောထဲ၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ရှိကာ အသက် ၃၀ ကျော်အရွယ် ကိုခင်ဇော် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံက အမျိုးသမီးတစ်ဦးက ဆိုသည်။ “သူက ကော်ချေး (ရော်ဘာချေး) ကောက်တဲ့ လင်မယား ပြန်မလာလို့ သွားရှာတာ ကော်ခြေးကောက်တဲ့ လင်မယားကိုရော သူကိုရော စစ်ကြောင်းကတွေ့ပြီး ဖမ်းလိုက်တယ်။ ကော်ခြေးကောက်တဲ့ လင်မယားက ပြန်လွတ်လာပြီး သူကတော့ အခုထိ ပြန်မလွတ်လာသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ကော်ချေး ကောက်သည့် ဇနီးမောင်နှံ နှစ်ဦးမှာ ဧပြီလ ၉ ရက်တွင် ပြန်လွတ်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။ အင်အား […]