BREAKING
November 13, 2025

သတင်း

ကော့သောင်းတွင် စစ်ကောင်စီနှင့်ပူးပေါင်းသည်ဆိုသော အိမ်ခြံ‌မြေပွဲစား ပစ်သတ်ခံရ

Dawei Watch

April 14, 2025

စစ်ကောင်စီနှင့် ပူးပေါင်းပြီး အိမ်ခြံမြေများ မတရားသိမ်းယူနေသည်ဆိုသည့် ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု သောင်ဖြူဖြူကျေးရွာနေ အိမ်၊ခြံမြေပွဲစားတစ်ဦး နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၂ ရက် ည ၇ နာရီဝန်းကျင်တွင် အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်လွင်ဦးကို ကော့သောင်းမြို့နယ်၊မြို့ပြပြောက်ကျား(‌ဗိုလ်သမန်းကျား)အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အိမ်ခြံမြေ ပွဲစားဆိုပေမယ့် သူကစစ်တပ်နဲ့ပေါင်းပြီး ပြည်သူပိုင် မြေတွေကို မတရားနိုင်ကျင့်ပြီး သိမ်းယူ ဒုက္ခပေါင်းစုံ ပေးတယ်။လူမုန်းများတယ်” ဟု ၎င်းကပြောသည်။ ပစ်ခတ်ခံရပြီးနောက် ဦးမြင့်လွင်ဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံအချို့ကဆိုသည်။ “သူများမျက်ရည်ပေါက် ကြီးငယ်ကျအောင် မတရားလုပ်ပြီးမြေတွေသိမ်းတယ်။ သူက စစ်တပ်အတွက် အလုပ်လုပ်ပေးတယ်။ ဒလန်ဆိုလည်းပြောလို့ရတယ်” ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ […]

ကြေးနန်းတိုင်တံတား စစ်ကောင်စီဂိတ်တွင် အဖမ်းခံရသူများ မိသားစုနှင့် အဆက်အသွယ်မရ

Dawei Watch

April 14, 2025

တနင်္သာရီ- မြိတ် ပြည်ထောင်စုလမ်းရှိ ကြေးနန်းတိုင်တံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသူများမှာ တစ်လကျော်ကြာလာပြီဖြစ်သော်လည်း အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မတ်လ ၇ ရက်နေ့က ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် ပဝရွာဘက်ပို့မည့် ကုန်ပစ္စည်းများပါသည်ဟုဆိုကာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကုန်ကားကိုပါ စစ်ကောင်စီတပ်သားများက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ “သူတို့ကိုဖမ်းပြီးနောက် မြိတ်ကိုခေါ်ဆောင်သွားတယ်။ သူတို့မိသားစုဝင်တွေ မြိတ်ကိုလိုက်သွားကြပေမယ့် အခြေအနေ ဘာမှ မသိရဘူး။အခုချိန်အထိလည်း အဆက်အသွယ်မရသေးဘူး” ဟု မိသားစုနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။။ ထို့အပြင် မတ်လ ၂၇ရက်နေ့က ဇဝဲရွာမှ ကားတစ်စီးနှင့်အမျိုးသားနှစ်ဦး၊အမျိုးသမီးကြီးတစ်ဦးကို ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးခဲ့ရာ လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း အသက် ၂၂ နှစ်အရွယ် ဇဝဲရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။ ”ဖမ်းသွားတဲ့ကားက သူ့ညီမကား ဆိုတော့ […]

ကျွန်းစုရှိ ပျူစောထီးအထိုင်စခန်းကို PDF ဝင်တိုက်

Dawei Watch

April 14, 2025

ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ရွာရှိ ပျူစောထီးအထိုင်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါကျေးရွာ၊ သိမ်တောင်ကုန်းပေါ်ရှိ ပျူစောထီးအထိုင်စခန်းကို ဧပြီလ ၁၂ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ဒီစခန်းက ရှိတာကြာပြီဗျ။ အာဏာသိမ်းပြီး စစ်ကောင်စီတပ်တွေက ပျူစောထီးတွေ ဖွဲ့စည်းလိုက်ပြီး နောက်ပိုင်းဖြစ်လာတာ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုမှာ ၂၅ မိနစ်ခန့် ကြာခဲ့ပြီး ပျူစောထီးဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ သို့သော်လည်း ပကဖ ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီက ကျွဲခရံကျေးရွာအုပ်စုကို ဖုန်းလိုင်းဖြတ်ချလိုက်သဖြင့် ပျူစောထီးများ၏ […]

ကော့သောင်းတွင် ဆိုင်ကယ်ပြင်ဆိုင် ဂတ်စ်အိုးပေါက်၍ အမျိုးသားတစ်ဦး သေဆုံး

Dawei Watch

April 14, 2025

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်တွင် ဧပြီလ ၁၃ ရက် ညနေပိုင်းက ဂတ်စ်အိုး ပေါက်ထွက်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။ ပေါက်ထွက်ချိန်တွင် ဆိုင်ပိုင်ရှင် အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး သာဆိုင်ထဲရှိနေခြင်းဖြစ်ပြီး ပေါက်ထွက်ရသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးပေ။ “လေအိုးဂတ်စ်ပေါက်ထွက်တာပါ။ ပေါက်ထွက်ပြီးမှ လူတွေသိကြတာ။ သူ့ဆိုင်နေရာလေးကလည်း ကျဥ်းကျဥ်းလေးဆိုတော့ ဂတ်စ်အိုးနဲ့ အခြားစက်ပစ္စည်းတွေနဲ့ ကျဥ်းကျပ်နေတာ။ ဘယ်လိုပေါက်ကွဲလဲတော့ မသိဘူး။ ပေါက်ကွဲပြီး လူထိသွားတော့ ဆေးရုံကားနဲ့ လာသယ်သွားတယ်” ဟု ရွှေဇင်ယော်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဂတ်စ်အိုး ပေါက်ထွက်၍ ဒဏ်ရာရသည့် အမျိုးသားအား ကော့သောင်းဆေးရုံသို့ ပို့ဆောင်ပေးစဥ် ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံကားပေါ်၌ပင် သေဆုံးသွားကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ထံက သိရသည်။

ကွမ်းသီးနုရာသီအဖွင့်ဈေး ယမန်နှစ်ထက် စျေးထက်ဝက်ကျ

Dawei Watch

April 14, 2025

ဘုတ်ပြင်း၊တနင်္သာရီနှင့် မြိတ်မြို့နယ်တို့တွင် ကွမ်းသီးနုရာသီအဖွင့်ဈေးမှာ ယမန်နှစ်ထက် ထက်ဝက်ခန့် ကျဆင်းလာကြောင်း ကွမ်းသီး‌တောင်သူများနှင့် ကွမ်းသီးနုအဝယ်ဒိုင်အချို့ထံမှသိရသည်။ ယမန်နှစ်က ရာသီဖွင့်ချိန်က ကွမ်းသီးနုတစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးရှိရာက ယခုနှစ်တွင် ကျပ်လေးထောင်ကျော်သာ ပေါက်ဈေးရှိနေကြောင်း ကွမ်းသီနုအဝယ်ဒိုင်အချို့ထံမှ သိရသည်။ ယခုနှစ်တွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပဝယ်လက်မရှိသလောက် နည်းပါးသွားသဖြင့် ဈေးနှုန်းလည်းကျဆင်းသွားကြောင်း မြိတ်မြို့ရှိ ကွမ်းသီးနုအဝယ်ဒိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “မနှစ်က တရုတ်ဘက်က အဝယ်လိုက်တာများတဲ့အတွက် ကွမ်းသီးနုဈေး တော်တော်ကောင်းသွားတယ် ။ဒီနှစ်ကျတော့ ထင်သလိုမဖြစ်မလာဘူး။ ဈေးသိပ်မခေါ်ရဲကြဘူးဖြစ်နေတယ်။ နိုင်ငံခြားဝယ်လက်တွေလည်း သိပ်မရှိဘူးကြားတယ်”ဟု ၎င်းက ပြောသည်။ ကွမ်းသီးပင်များမှာ ဧပြီလတွင် ကွမ်းသီးနုစထွက်ပြီး ဇွန်လခန့်တွင် ကွမ်းသီးနုပေါများလေ့ရှိကာ အောက်တိုဘာလခန့်တွင် ကွမ်းသီးရင့်မှည့်လာလေ့ရှိသည်။ ပြီးခဲ့သည့်နှစ် ကွမ်းသီးနုရာသီက ဈေးကောင်းရသဖြင့် ဒေသခံတောင်သူများ အဆင်ပြေခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ဆိုသည်။ “အနုဈေး ပိုကောင်းလာမယ်မျှော်လင့်ထားတာ။‌ […]

ဘုတ်ပြင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက စားသောက်ကုန်တင်သွင်းခွင့် ပိတ်လိုက်၍ ဈေးတက်

Dawei Watch

April 14, 2025

စစ်ကောင်စီတပ်က ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုရှိ ကျေးရွာအချို့ကို စားသောက်ကုန်တင်သွင်းခွင့် ပိတ်ပင်ကန့်သတ်လိုက်သဖြင့် ဓာတ်ဆီ၊ ဆန်နှင့် စားသောက်ကုန်များ ဈေးတက်သွားကြောင်း ဒေသခံများထံမှသိရသည်။ ဧပြီလဆန်းပိုင်းမှစကာ ကြေးနန်းတိုင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင် မြိတ်မြို့မှ ဘုတ်ပြင်းမြို့နယ်သို့သွားရာ လမ်းပိုင်းရှိ အခြားစစ်‌ကောင်စီစစ်ဆေးရေးဂိတ်များက အဆိုပါကျေးရွာအုပ်စုသို့ သွားမည့်ကုန်တင်ကားများကို သွားလာခွင့်ကန့်သတ် လိုက်ခြင်းဖြစ်သည်။ “လမ်းကမပိတ်ဘူး။ကုန်ပစ္စည်းတင်တဲ့ ကားတွေမှာ စားသောက်ကုန်တွေတင်ခွင့်မပေးတာ။ ရွာဘက်တွေကို ရိက္ခာပြတ်အောင်လုပ်တာ။ ဆန်ဆိုတစ်အိတ်တောင်တင်မရဘူး ဖမ်းတယ်။ ဓာတ်ဆီတွေလည်း တင်မရဘူး”ဟု မနိုးရုံးကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီဂိတ်များက ကုန်တင်ကားများ သွားလာခွင့်မကန့်သတ်မီ ဓာတ်ဆီ (တစ်လီတာဝင်ဆံ့သည့် ရေသန့်ဘူးခွံဖြင့်ထည့်ထား) တစ်ဘူးကို ငွေကျပ်လေးထောင်ဝန်းကျင်သာရှိရာက လက်ရှိတွင် ကျပ်ခုနစ်ထောင်အထိ ဈေးတက်လာ‌ကြောင်း ဒေသခံများက ဆိုသည်။ ထို့အပြင် ကျပ်သုံးထောင်ဝန်းကျင်ဈေးရှိသည့် ဆန်တစ်ပြည်လျှင် ကျပ်ခြောက်ထောင်အထိတက်သွားပြီး ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် သုံးထောင်ဝန်းကျင်မှ […]

မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ တော်လှန်ရေးတပ်စခန်းတစ်ခု မီးရှို့ခံရ

Dawei Watch

April 13, 2025

ထိုင်း-မြန်မာနယ်စပ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ တော်လှန်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ တနင်္သာရီမြို့နယ် မောတောင်မြို့ ကျောက်စိမ်းကုမ္ပဏီအနီးရှိ တော်လှန်ရေးတပ်စခန်းတစ်ခုကို ယနေ့ (ဧပြီ ၁၃) နံနက် ၁၀ နာရီခန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသက် ၃၇ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ကျောက်စိမ်းကုမ္ပဏီအနီးရှိ တော်လှန်ရေးတပ်စခန်းတစ်ခုနှင့် အနီးအနားရှိ ရော်ဘာခြံများအပြင် ရော်ဘာစက်ရုံတစ်ခုကိုလည်း စစ်ကောင်စီတပ်သားများက မီးရှို့ခဲ့ကြောင်း ၎င်းက ပြောသည်။ “တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ သူတို့ မီးလာရှို့တာ။ မီးက ရော်ဘာခြံတွေရော စက်ရုံတွေရော ရော်ဘာခြစ်သမားတွေ နေတဲ့အိမ်ရော ရှို့ထားခဲ့တယ်”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။ တော်လှန်ရေးတပ်စခန်းကို မီးရှို့ပြီးနောက် ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးကြောင်း အသက် ၂၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် […]

သင်္ကြန်အကြိုနေ့ ညနေပိုင်း ထားဝယ်မြို့တွင် ရေပက်သူများ

Dawei Watch

April 13, 2025

ထားဝယ်မြို့တွင် သင်္ကြန်အကြိုနေ့ညနေပိုင်းတွင် ရေပက်သူများလာနေသည်။ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် မြို့တော်ခန်းမအနီးရှိ စစ်ကောင်စီဗဟိုဗဏ္ဍပ်တွင် လမ်းလျှောက်သင်္ကြန်ပွဲပြုလုပ်နေပြီး လာရောက်သူများလည်းရှိသည်။ စစ်ကောင်စီတပ်က ဗဟိုမဏ္ဍပ်အနီးတွင် လုံခြုံရေးများချထားပြီး ရေကစားသူအချို့ရှိသည်။ ထားဝယ်မြို့ထဲတွင်လည်း ယနေ့ညနေပိုင်းတွင် ရေကစားသူများ မနက်ပိုင်းကထက် ပိုမိုများပြားလာနေသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါသည့် ကားနှစ်စီးမှာ မြို့အနှံလျှောက်သွားပြီး လိုက်လံရေပက်နေသည်ကိုလည်း တွေ့ခဲ့ရသည်။