တိုက်ပွဲဖြစ်နေသည့် ထားဝယ်နည်းပညာတက္ကသိုလ်အနီး စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ
Dawei Watch
February 16, 2026နှစ်ဖက်တိုက်ပွဲဖြစ်နေသည့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ နည်းပညာတက္ကသိုလ်အနီးကို ယနေ့ နံနက် ၁၀ နာရီခွဲကျော်တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆နာရီခန့်မှစ၍ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ “နည်းပညာကျောင်းနားတစ်ဝိုက်ကို လေယာဥ်နဲ့ပါ ချသွားတယ်။ ရဲအိုင် ၊ ပဒိုင်းချောင်း (ကျေးရွာ) ဖက်ကိုလည်း ကြဲခဲ့သေးတယ်။ သေနတ်နဲ့လည်း ပစ်ချသေးတယ်” ဟု တိမ်းရှောင်နေရသည့် ရွာသားတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှု နောက်ဆက်တွဲ အခြေအနေတို့ကိုမူ စုံစမ်းနေဆဲဖြစ်သည်။ စစ်အာဏာရှင်တပ်က Y 12 လေယာဥ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက […]


