အနောက်မော်တုန်းရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချ
Dawei Watch
May 4, 2025တနင်္သာရီမြို့နယ် အနောက်မော်တုန်းရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ မတ်လ ၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီ၏ မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်းက ဒရုန်းပျံတက်လာပြီး ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ် ကြဲချသည့်ဗုံးများက အနောက်မော်တုန်းရွာရှိ စာသင်ကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်အချို့ ထိခိုက်မှုရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “(ဗုံးသီး) ၄လုံးကို တစ်ပြိုင်တည်းလာချသွားတာ။ ဒရုန်းက ပန်ကာ ၆ရွက်နဲ့။ ပေါက်ကွဲမှုက ကြမ်းတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။ ဒရုန်းဖြင့်တိုက်ခိုက်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တနင်္သာရီမြို့နယ် […]


