BREAKING
November 17, 2025

သတင်း

ထားဝယ်က ပုဂ္ဂလိက ဆေးရုံနှစ်ရုံ လပိုင်းအတွင်း ဒုတိယအကြိမ်ထပ်ပိတ်

Dawei Watch

June 12, 2025

ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံနှစ်ရုံသည့် ဆာဒိုဝါးနှင့် အေး ဆေးရုံတို့သည် အတွင်းနှင့် ပြင်ပလူနာများ လက်ခံကုသခြင်းကို ဇွန်လ ၁၁ ရက်မှစ၍ ခေတ္တရပ်နားကြောင်း ဆေးရုံနှင့် နီးစပ်သူများ၊ မြို့ခံများထံမှ သိရသည်။ ဆာဒိုဝါးဆေးရုံတွင် ဆေးရုံ အတွင်း၊ အပြင် ပြုပြင်မည်ဖြစ်သောကြောင့် လူနာလက်ခံခြင်းကို ခေတ္တရပ်နားမည်ဟု ယနေ့ ဇွန်လ ၁၂ရက် နံနက်ပိုင်းတွင် ကြေညာထားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ဒီမနက် ဆေးရုံရှေ့က ဖြတ်သွားတော့ ဆေးရုံခေတ္တပိတ်ထားတယ်ဆိုပြီး ကြေညာထားတာတွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဆေးရုံပိတ်သည့်ကိစ္စနှင့်ပတ်သက်၍ ဆာဒိုဝါးဆေးရုံဖုန်းကို ဆက်သွယ်မေးမြန်းရာ “ပိတ်ထားတယ်ခင်ဗျား။ မနေ့က စပိတ်တာ။ ကျွန်တော်တို့ ဆေးရုံရဲ့ လုပ်ငန်းလိုင်စင်တချို့က မပြီးပြတ်‌သေးဘူးဖြစ်နေလို့။ အဲဒါပြီးတာနဲ့ ပြန်ဖွင့်မှာပါ” ဟု ဖုန်းလက်ခံဖြေကြားသူက ပြောသည်။ ထို့အပြင် ထားဝယ်မြို့ရှိ […]

မလေးရှားသို့ တရားမဝင် သွားမည့် မြန်မာ ၄၀ ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

Dawei Watch

June 12, 2025

မလေးရှားနိုင်ငံသို့ တရားမဝင်သွားမည့် မြန်မာနိုင်ငံသား ၄၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရခဲ့ရသည်။ ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၃ နာရီခွဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် နယ်မြေရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့က ထိုးဖားဖမ်းဒေသတွင် စောင့်ကြို စစ်ဆေးခဲ့သည်။ ယင်းအချိန် ကားအနောက်ပိုင်းကို တာလပတ်ပိုင်းဖြင့် ဖုံးထားသော ပစ်ကပ်ကားတစ်စီး မောင်းလာသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် ကားသည် မရပ်ပေးပဲ အမှတ် ၃၂၃ အမြန်လမ်းမကြီးအတိုင်း အရှိန်မြင့်‌ မောင်းပြေးသွားခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားကို လမ်းဘေးသို့ ချရပ်ခဲ့ပြီး ကားသမားက အမှောင်ထဲတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ကားအနောက်ပိုင်း တာလပတ်အောက်တွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် […]

လောင်းလုံးတွင် လူပျောက်သဖြင့် လူမှုကွန်ရက်ပေါ်အကူညီတောင်းခံသူ ငွေညှစ်ခံရ

Dawei Watch

June 11, 2025

လောင်းလုံးမြို့နယ်တွင် ဆွေမျိုးနီးစပ်သူပျောက်ဆုံး၍ အင်တာနက်လူမှုကွန်ရက်ပေါ်၌ အကူအညီတောင်းခံသည့် အမျိုးသမီးတစ်ဦး ငွေညှစ်ခံရကြောင်း ကာယကံရှင်အမျိုးသမီးက ပြောသည်။ လောင်းလုံးမြို့ (က) ရပ်ကွက်တွင် နေထိုင်သည့်အမျိုးသားတစ်ဦးသည် ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် နေအိမ်မှထွက်သွားရာ ဇွန်လ ၉ ရက်အထိ အိမ်ပြန်မရောက်သဖြင့် ဆွေမျိုးနီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် လူပျောက်ကြော်ငြာပိုစ့်တင် အကူအညီတောင်းခဲ့သည်။ ယင်းသို့ အကူအညီတောင်းရာတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်ကို အမျိုးသားခြောက်ဦးက ဆက်သွယ်လာပြီး ပျောက်ဆုံး နေသူကို ငွေကြေးဖြင့် ရွေးယူရန် ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့်အမျိုးသမီးက ဆိုသည်။ ပျောက်ဆုံးနေသူ အမျိုးသားမှာ ၎င်းတို့ထံတွင် ရောက်ရှိနေသည်ဟုဆိုကာ အဆိုပါအမျိုးသားကို ပြန်လည်ထုတ်ယူရန် အတွက် ကနဦးငွေလွှဲပေးမည်ဆိုပြီး ဖုန်းနံပတ်တစ်ခုကို ပေးပို့လာကြောင်း ၎င်းက ပြောဆိုသည်။ ပျောက်ဆုံးနေသူနှင့် ဖုန်းပြောဆိုခွင့်ပြလျှင် ငွေလွှေဲပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဆက်သွယ်ပြောဆိုခွင့်မရဘဲ […]

ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် လော့စ်အိန့်ဂျလိစ်မြို့တွင် လူဖမ်းပွဲစတင်

Dawei Watch

June 11, 2025

လော့စ်အိန့်ဂျလိစ်မြို့လယ်ခေါင် နေရာအချို့တွင် အရေးပေါ် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီးနောက် ထရမ့်အစိုးရ၏ ရွှေ့ပြောင်းနေထိုင်မှုဖြိုခွင်းရေး မူဝါဒများကို ဆန့်ကျင်ဆန္ဒပြသူများကို ဖမ်းဆီးမှုစတင်နေပြီ ဖြစ်ကြောင်း လော့စ်အိန့်ဂျလိစ်မြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ လက်ရှိတွင် ဆန္ဒပြရာတွင် ပါဝင်သူဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံထားရကြောင်း သိရသည်။ အရေးပေါ် ညမထွက်ရအမိန့်သည် ဒေသစံတော်ချိန် ည ၈ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီအထိ အသက်ဝင်နေမည်ဖြစ်ကြောင်း လော့စ်အိန့်ဂျလိစ်မြို့တော်ဝန်က Karen Bass က ဆိုသည်။ နောက်ထပ်ရက်အနည်းငယ်အထိ ဆက်လက်အကျုံးဝင်နိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။ ညမထွက်ရအမိန့် မထုတ်ပြန်ခင် အင်္ဂါနေ့အထိ ဆန္ဒပြပွဲများအတွင်း အဖမ်းခံရသူ ဦးရေမှာ အယောက် ၂၀၀ နီးပါးအထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း လော့စ်အိန့်ဂျလိစ်မြို့ ရဲတပ်ဖွဲ့၏ အကြီးအကဲက ပြောသည်။ လော့စ်အိန့်ဂျလိစ်မြို့ […]

သရက်ချောင်း၊ မင်းဒပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

Dawei Watch

June 11, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ မင်းဒပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတို့ ယနေ့ (ဇွန် ၁၁) မနက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပူးပေါင်းတပ်တွင်ပါဝင်သူများနှင့် ဒေသခံအချို့က ပြောသည်။ ဇွန်လ ၁၁ ရက် မနက် ၈ နာရီခန့်မှ ၉ နာရီခွဲခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိသည်ဟု တပ်ပေါင်းစုတပ်ဖွဲ့တွင်ပါဝင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂) ကစယ်ဒိုကျားအထူးတပ်ဖွဲ့က တပ်ခွဲမှူး စောဘဦးသစ်က ပြောသည်။ “တိုက်ပွဲကတော့ နှစ်ဖက်စလုံးမှာ ထိခိုက်မှုရှိတာပဲ၊ ကိုက် ငါးဆယ်လောက်အကွာကနေ သွားပစ်တာဆိုတော့ သူတို့ဘက်မှာလည်းထိခိုက်မှုရှိမှာပဲ” ဟု စောဘဦးသစ်က ဆိုသည်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးဒဏ်ရာရမှုကို အတိအကျမသိရသေးသော်လည်း ကစယ်ဒိုကျားအထူးတပ်ဖွဲ့ကမူ တပ်စိတ်မှူးတစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က နှစ်ဦးဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် ထားဝယ်-မြိတ်ကားလမ်း […]

မြိတ်နှင့် ကော့သောင်းတွင် ရုရှားဘာသာစကားသင်တန်း ထပ်ဖွင့်မည်

Dawei Watch

June 11, 2025

တနင်္သာရီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့က မြိတ်မြို့ နှင့် ကော့သောင်းမြို့တို့တွင် လာမည့် ဇူလိုင်လအတွင်း ရုရှားဘာသာစကားသင်တန်းကို ဖွင့်လှစ်ရန် စီစဥ်နေကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာန၏ ကြေညာချက်နှင့် အစိုးရအဖွဲ့နှင့်နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။ ထားဝယ်မြို့တွင် မေလ ဒုတိယအပတ်ကစတင်ဖွင့်လှစ်ခဲ့သည့် ရုရှားဘာသာစကားအခြေခံသင်တန်းသည် ယခုဇွန်လ ၆ ရက်တွင် သင်တန်းဆင်းပွဲပြုလုပ်ကာ သင်တန်းသား နှစ်ရာကျော်ကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ဖော်ပြသည်။ ယင်းအပြင် မြိတ်မြို့တွင် ထပ်မံဖွင့်လှစ်သွားရန် အစီအစဥ်ရှိကြောင်း ရေးသားဖော်ပြသည်။ ရုရှားဘာသာစကားသင်တန်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့ နှင့် နီးစပ်သူများထံမေးမြန်းရာ ကော့သောင်းမြို့တွင်လည်း ဖွင့်လှစ်ရန် စီစဥ်နေကြောင်း ဆိုသည်။ “ကော့သောင်းမှာကတော့ ခရီးသွားလုပ်ငန်း တိုးချဲ့မယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်။ ရနောင်းဘက်ကနေ ရုရှားခရီးသွားတွေ ဝင်လာရင် အသုံးဝင်အောင်လို့ ဖွင့်တာ။ မြိတ်မှာကတော့ ခရိုင်မြို့ဖြစ်နေလို့ ဖွင့်တာပါ။ […]

သိန်ခွန်းရွာအနီးတွင် တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတို့ ၈ နာရီကျော်ကြာ တိုက်ပွဲထပ်ဖြစ်

Dawei Watch

June 11, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲထပ်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဇွန်လ ၁၀ရက်နေ့ နံနက် ၇နာရီခန့်တွင် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာအနီး ဥယျာဉ်ခြံများအတွင်းသို့ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ၈ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNLAတပ်ရင်း၁၁ ၏ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို တပ်မဟာ ၄ လက်အောက်ခံ KNLAတပ်ရင်း၁၁ နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။ သိန်ခွန်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ “တစ်နေကုန်တိုက်ပွဲဖြစ်နေတယ်။ မနက် ၇ နာရီကနေ ညနေ ၃ နာရီအထိ ဖြစ်နေတယ်။ သူတို့ဘက်က(စစ်ကောင်စီ) […]

ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုကြောင့် တရားမဝင် ဝင်လာသော မြန်မာများအပါအဝင် ၉ ဦး ဒဏ်ရာရ

Dawei Watch

June 11, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် လမ်းမကြီးပေါ်တွင် ဇွန်လ ၉ ရက်နေ့ ညက ကားတိုက်မှုဖြစ်ခဲ့ပြီး တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ည ၁၁ နာရီအချိန်က မြန်မာနိုင်ငံသားများ လိုက်ပါလာသော ပစ်ကပ်ကားနှင့် ထိုင်းနိုင်ငံသားများ မောင်းလာသော အိမ်စီးကားသည် စဒေါင်းဒေသရှိ ကန်ချနာဝနစ်လမ်းမကြီးပေါ်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ ကားတိုက်မှုကြောင့် ပစ်ကပ်ကားပေါ်ပါလာသော မြန်မာနိုင်ငံသား ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးတွင် ကျောပိုးအိတ်များ လွင့်စင်နေသည်ကို တွေ့မြင်ရကြောင်း သတင်းတွင်ဖော်ပြထားသည်။ ပစ်ကပ်ကားပေါ် ပါလာသော မြန်မာနိုင်ငံသားများမှာ ထိုင်းစကားမပြောတတ်ပဲ ဒဏ်ရာများကြောင့် ငိုနေကြကြောင်း၊ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ သွားရန် တရားမဝင် ဝင်လာကြသူများဖြစ်ကြောင်း၊ ကားတိုက်မှုဖြစ်ပြီးနောက် ကားသမားသည် ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။ တစ်ဖက်အိမ်စီးကားပေါ်တွင် […]