သိန္ဓောရွာတွင် ခဲမိုင်းတူးသည့် အမျိုးသားတစ်ဦး မြေပိသေဆုံး
Dawei Watch
June 12, 2025တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာတွင် ခဲမိုင်းတူးနေသည့် အမျိုးသားတစ်ဦး မြေပိသေဆုံးကြောင်း ဒေသခံများ၊ သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၁၁ရက် နေ့လယ်ပိုင်းတွင် ခဲသတ္တုလုပ်ကွက်၌ ခဲတူးနေချိန် မြေပြိုကျရာက မြေပိသေဆုံးကြောင်း သေဆုံးသူ၏ မိတ်ဆွေတစ်ဦးက ပြောသည်။ သေဆုံးသူသည် တနင်္သာရီမြို့နယ်၊ ဘန်ပြည့်အနောက်ဘက်ရွာတွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ဦးပြည့်ပြည့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အရင်က မိသားစုအလိုက် လုပ်နေတာ။ ဒီရက်မှာ အားလုံးထမင်းစားချိန် သူ့ကိုထမင်းစားခေါ်တော့ နောက်မှ စားမယ်ပြောပြီး ဆက်တူးနေတာ။ အဲဒီနောက် အဲလိုဖြစ်သွားတာပါပဲ” ဟု အထက်ပါမိတ်ဆွေဖြစ်သူက ပြောဆိုသည်။ အဆိုပါဒေသတွင် ခဲသတ္တုတူးဖော်ရာ၌ ဂူတွင်းတူးပြီး လုပ်ကိုင်ကြသလို အချို့ကမူ အမိုးဖွင့် (မြေကြီးကို တူးဖော်) တူးဖော်ကြသူလည်း ရှိသည်။ ဦးပြည့်ပြည့်မှာ […]


