မြိတ်ဒေသမှရန်ကုန်သို့ဆန်အမှာ ထက်ဝက်ကျော်လျော့
diz_admin
February 5, 2020ဒေသထွက် ဆန်များ ပိုမိုစားသုံး လာမှုကြောင့် မြိတ်ခရိုင်မှရန်ကုန်သို့ဆန် မှာယူမှု ထက်ဝက်ကျော်လျော့ကျလာကြောင်းမြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။ လွန်ခဲ့သည့်ဆယ်နှစ်နီးပါးခန့်က မြိတ်ခရိုင်အတွင်းတစ်လလျှင် ဆန်အိတ် တစ်သိန်းဝန်းကျင်ကို ရန်ကုန်နှင့်ဧရာ၀တီ တိုင်းမှပုံမှန် ဝယ်ယူခဲ့ရပြီးယခုအခါ တစ်လလျှင်ဆန်အိတ်လေးသောင်းခန့် သာ မှာယူရတော့ကြောင်းဦးမောင်ထွေး က ပြောသည်။ “အရင်က မြိတ်ကဆန်တွေကနီ ကြောင်ကျိုးကြေပြီးမဝယ်စားကြဘူး။ အခုကအားလုံးလိုလို ဒေသကထွက်တဲ့ ဆန်ကိုပဲစားနေကြပြီ”ဟု ၎င်းက ပြောသည်။ မြိတ်ခရိုင်အတွင်းခေတ်မီဆန်စက် ကြီးများ တည်ဆောက်လာနိုင်ခဲ့သည့် အတွက် ဆန်များအရည်အသွေးပြည့်မီ လာပြီး ရန်ကုန်မှ မှာယူမှုလျော့ကျလာခဲ့ကြောင်း အိုကေဆန်စက်ပိုင်ရှင်တစ်ဦး လည်းဖြစ်သူဦးမောင်ထွေးက ဆိုသည်။ လျော့ကျလာသည့်အကြောင်းရင်း နောက်တစ်ခုကလည်းဒေသတွင်း ပုံမှန် စိုက်ပျိုးနေသည့် မျိုးစပါးထက် ဧရာ၀တီ တိုင်းမှမျိုးစပါးများမှာယူပြီး စိုက်ပျိုးလာသည့်အတွက် လယ်သမားများ ယခင်က ထက်စပါးအထွက်တိုး လာကြောင်း ၎င်း တို့က […]


