တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
June 28, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ နောင်ချိုကို စစ်ကောင်စီ အင်အားသုံး ထိုးစစ်ဆင် ရှမ်းမြောက်မှာ တအာင်းတပ် တိုက်ခိုက်သိမ်းယူထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်က အင်အားသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ နောင်ချိုမြို့ဟာ ပြင်ဦးလွင်ကနေ မန္တလေးအထိ စစ်ရေးအရ ထိန်းချုပ်ဖို့ အရေးပါတဲ့နေရာမှာရှိသလို တအာင်းတပ် သိမ်းယူထားတဲ့ ကျောက်မဲ၊ သီပေါ စတဲ့မြို့နယ်တွေအတွက်လည်း အရေးပါတဲ့နေရာမှာ တည်ရှိနေပါတယ်။ ပြင်ဦးလွင်ကိုစစ်ရေးအရ ထိန်းချုပ်ဖို့အရေးပါပြီး နောင်ချိုမြို့နဲ့ မိုင် ၂၀ လောက်အကွာမှာ တည်ရှိတဲ့ တောင်ခမ်းကို တအာင်းတပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ အပြီးသတ်မသိမ်းယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အင်အား ပြန်ဖြည့်ပြီး ဇွန်လဆန်းကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ […]


