BREAKING
November 18, 2025

သတင်း

ဘင်္ဂလားဒေ့ရှ်တွင်အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရသည့် ဗီဒီယိုဖိုင်ပျံ့နှံ့ကာ ဆန္ဒပြပွဲများဖြစ်ပွား

Dawei Watch

July 1, 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမျိုးသမီးတစ်ဦး မုဒိမ်းမှုကျူးလွန်ခဲ့ရသည့် မှတ်တမ်းဗီဒီယို အွန်လိုင်းပေါ်တွင် ပျံ့နှံသွားခဲ့ပြီးနောက် နိုင်ငံအနှံ့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ မုဒိမ်းမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်း ကုမိလာခရိုင်တွင် ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကျူးလွန်ခံရသည့်အမျိုးသမီးက သူမဖခင်၏ နေအိမ်သို့ သွားရောက်စဉ် အိမ်နီးနားချင်းတစ်ဦးက အိမ်တွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မုဒိမ်းမှုဖြစ်စဉ်ကို ရုပ်သံရိုက်ကူးကာ အွန်လိုင်းတင်ခဲ့ပြီး ယင်းရုပ်သံတွင် အခင်းဖြစ်ပွားချိန်၌ အဆိုပါ အိမ်ထဲတွင် လူအချို့ ရှိနေခဲ့ကြောင်း တွေ့ရသည်။ လက်ရှိတွင် မုဒိမ်းမှုကျူးလွန်သူ သံသယတရားခံနှင့်အတူ ရုပ်သံရိုက်ကူးရာတွင် ပါဝင်သူစုစုပေါင်း ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ အဆိုပါ အမှုကို အင်မတန် အလေးအနက်ထားကာ စုံစမ်းစစ်ဆေးသွားမည်ဟု အာဏာပိုင်များက ဆိုသည်။ အဆိုပါ ဗီဒီယိုဖိုင်ပျံ့နှံ့လာခဲ့ပြီးနောက် […]

ရန်ကုန်မှထားဝယ်သို့ပို့မည့် မူးယစ်ဆေးပြား ကိုးသိန်း ညောင်ခါးရှည်တွင်ဖမ်းမိ

Dawei Watch

June 30, 2025

ရန်ကုန်မှ ထားဝယ်သို့လာသည့် ကုန်တင်ကားတစ်စီးထံမှ မူးယစ်ဆေးဝါး (စိတ်ကြွရူးသွပ်ဆေးပြား) အပြားရေ ကိုးသိန်း ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ညောင်ခါးရှည်ရွာ အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ဟု ထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC Myanmar) က ယင်းသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ Nissan အမျိုးအစား ၆ ဘီး ကုန်တင်ကားတစ်စီး တွင် ဇွန်လ ၂၆ ရက် နံနက်အစောပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်ပြီး CCDAC ၏ ထုတ်ပြန်ချက်အရ ယင်းဆေးပြားများမှာ ရန်ကုန်မှတစ်ဆင့် ထားဝယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ဟုဆိုသည်။ ယာဥ်မောင်းအပါအဝင် အမျိုးသား ၃ ဦးကို အမှုဖွင့် အရေးယူထားသည်ဟု […]

ထိုင်းက မြန်မာတစ်ရာနီးပါး စစ်ကောင်စီထံထပ်လွှဲ

Dawei Watch

June 30, 2025

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား တစ်ရာနီးပါးကို ယနေ့ ဇွန်လ ၃၀ ရက်တွင် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း‌ခရိုင် လဝကရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၉၈ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲက ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းခဲ့သည်။ ယခုဇွန်လအတွင်း ဒုတိယအကြိမ်မြောက် လွှဲပြောင်းခြင်းဖြစ်ပြီး ယခု ၂၀၂၅ခုနှစ်အတွင်း ခုနစ်ကြိမ်မြောက် လွှဲပြောင်းခံရခြင်းလည်းဖြစ်သည်။ ယခုနှစ်ထဲတွင် နေရပ်ပြန်ပို့ခံရသူ ၁၁၁၇ ဦးအထိ ရှိလာပြီ ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ […]

အစ္စရေး၏ အပစ်ရပ်သဘောတူညီချက်လိုက်နာမှုကို မယုံကြည်ကြောင်း အီရန်ပြော

Dawei Watch

June 30, 2025

၁၂ ရက်ကြာ အစ္စရေး – အီရန် စစ်ပွဲကို အဆုံးသတ်စေခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေး၏ လိုက်နာမှုကို ယုံကြည်မှုမရှိသလောက် နည်းပါးကြောင်း အီရန်ဘက်က ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အစ္စရေးကို ရည်ညွှန်း၍ အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သူ Abdolrahim Mousavi က “ကျွန်တော်တို့က စစ်ပွဲကို စတင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ကျူးကျော်တိုက်ခိုက်လာတဲ့သူကို ကျွန်တော်တို့မှာ ရှိသမျှ စွမ်းပကားအားလုံးနဲ့ ကျွန်တော်တို့ ပြန်တုံ့ပြန်ခဲ့တယ်” ဟု ပြောဆိုသည်။ “အပစ်ရပ်သဘောတူညီချက်အပါအဝင် သူတို့ရဲ့ ကတိကဝတ်တွေကို ရန်သူက လိုက်နာလိမ့်မယ်ဆိုတာ ကျွန်တော်တို့မှာ သံသယကြီးကြီးမားမား ရှိတယ်။ ကျွန်တော်တို့ကို နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရင် ကျွန်တော်တို့ကလည်း ပြန်တိုက်ခိုက်ဖို့ အသင့်ရှိတယ်” ဟု ၎င်းက […]

ကော့သောင်းထောင်က နိုင်ကျဥ်းတစ်ဦးသေဆုံး

Dawei Watch

June 30, 2025

ကော့သောင်းအကျဥ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး နာမကျန်းဖြစ်၍ ဆေးကုသမှု ခံယူ နေစဉ် သေဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ယနေ့ ဇွန်လ ၃၀ရက်တွင် သတင်းထုတ်ပြန်သည်။ နိုင်ငံရေးအကျဉ်းသား အသက် ၅၄ နှစ်အရွယ် ဦးအေးလွင် ကော့သောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ နာမကျန်းဖြစ်နေသည့်အချိန်တွင် ထောင်တွင်းမှ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အချိန်နှင့်တပြေးညီ လုံလောက်သော ဆေးဝါးကုသမှု မရရှိဘဲ သေဆုံးခဲ့ရသည်ဟု PPNM က စုံစမ်း သိရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ဦးအေးလွင်က ထောင်ထဲကနေ အရေးပေါ် အခြေအနေမှာ ပြင်ပဆေးရုံကိုထွက်ခဲ့တယ်။ အချိန်နောက်ကျခဲ့တယ်။ အချိန်နဲ့ တပြေးညီမထုတ်နိုင်ခဲ့လို့ဆုံးသွားတယ်။ ဒါပေမဲ့ ဦးအေးလွင်နဲ့ပတ်သက်တဲ့ကိစ္စကို အကျဥ်းဦးစီးဌာနကရော၊ စစ်တပ်က ရော လုံခြုံရေးအပြည်နဲ့ […]

သရက်ချောင်းတွင် လက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

June 30, 2025

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် ယနေ(ဇွန် ၃၀) နေ့လယ်ပိုင်းတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။ ယင်းအမျိုးသမီးမှာ ခင်ပွန်းဖြစ်သူနှင့်အတူ နေအိမ်၌ရှိနေချိန် နေအိမ်အနီးလက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ရာမှ ကျည်စထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ လက်နက်ကြီး ကျည်စထိမှန်ခြင်း‌ကြောင့် အဆိုပါအမျိုးသမီး၏လက်တွင် ဒဏ်ရာရရှိခဲ့ပြီး၊ ထားဝယ် ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း ၎င်းကဆိုသည်။ “ထမင်းစားဖို့လုပ်နေတုန်းမှာ အိမ်နားလာကျတဲ့ လက်နက်ကြီး အစစင်သွားတာ အိမ်လည်းနည်းနည်းပျက်စီးသွားတယ်”ဟု ၎င်းဒေသခံကပြောသည်။ ယနေ့ နေ့လယ်ပိုင်း၌ ရန်တောင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းလက်နက်ကြီးကျည်ဆန်မှာ မည်သည့်အဖွဲ့က ပစ်ကြောင်းမသိရသေးပေ။ ယင်းသို့တိုက်ပွဲဖြစ်နေချိန်တွင် ထားဝယ်မြိုပေါ်ရှိ အမြောက်တပ်နှင့် သရက်ချောင်းမြို့ရှိ ရွှေဂူတောင် စစ်ဆေးရေးဂိတ်တို့မှနေ၍ စစ်ကောင်စီတပ်က ရန်တောင်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ […]

တနင်္သာရီတိုင်းသို့ ရွေးကောက်ပွဲ အီလက်ထရွန်နစ်မဲပေးစက်များ ရောက်ရှိ

Dawei Watch

June 30, 2025

အွန်လိုင်းစနစ်ဖြင့် မဲပေးရမည့် အီလက်ထရွန်နစ်မဲပေးစက်များ တနင်္သာရီတိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ကောင်စီက ဇွန်လ ၂၉ ရက်‌တွင် ထုတ်ပြန်သည်။ Myanmar Electronic Voting Machin (MEVM) ဟု အမည်ပေးထားသည့် အဆို မဲပေးစက်များသည် တနင်္သာရီတိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ စနစ်တကျထိမ်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုင်းအဆင့် အီလက်ထရောနစ် မဲပေးခြင်းဆိုင်ရာကြီးကြပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ထိုအဖွဲ့၏ ဥက္ကဋ္ဌမှာ စစ်ကောင်စီ တနင်္သာရီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဦးအောင်ဇော်လှိုင်ဖြစ်သည်။ အီလက်ထရွန်နစ်မဲပေးစက်( MEVM) စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကိုလည်း တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အလိုက်သင်တန်းပေးရန် စီစဉ်နေကြသည်။ မဲပေးစက်အားကိုင်တွယ်အသုံးပြုနည်းသင်တန်းအတွက် အထောက်အပံ့ပေးမည့် နည်းပညာဆိုင်ရာ အထောက်အကူအဖွဲ့ ကိုလည်း ဖွဲ့စည်းသွားရန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီလက်ထရွန်နစ်မဲပေးစက် (MEVM) များ အခြေအနေ အသေးစိတ်သိရှိရန် Dawei Watch […]

ကမ္ဘောဒီးယားက တရုတ်ထုတ်လက်နက်တွေနဲ့ ဘန်ကောက်မြို့ကို တိုက်ခိုက်နိုင်သလား

Dawei Watch

June 30, 2025

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံကို တိုက်ခိုက်ရင် တရုတ်နိုင်ငံထုတ်လက်နက်တွေ အသုံးပြုနိုင် ပေမယ့် အဆိုပါလက်နက်တွေက ဘန်ကောက်မြို့တော်အထိ မရောက်ရှိနိုင်ဘူးလို့ တရုတ် စစ်အရာရှိဟောင်းတစ်ဉီးက ဆိုလိုက်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်တင်း မာမှုတွေက စစ်ရေးပဋိပက္ခဖြစ်လာရင် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံဘက်မှ ရပ်တည်ဖွယ်မရှိဘူး သူက ဆိုပါတယ်။ “တရုတ်နိုင်ငံက လက်နက်တင်ပို့တာ ခုခံကာကွယ်ဖို့ဖြစ်ပြီး တရုတ်စစ်လက်နက်တွေကို ဝယ်ယူ ပြီးရင် ပိုင်ဆိုင်မှုနဲ့ အသုံးပြုပိုင်ခွင့်ကို လက်နက်ရရှိတဲ့တိုင်းပြည်က အပြည့်အဝ ပိုင်ဆိုင်ပါတယ်” လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်ဘက်သရုပ်ပြဟောင်း ဆောင်ကျောင်ပင်က ပြော ပါတယ်။ “ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေနဲ့ပတ်သက်လို့ အစဉ်အလာ မိတ်ဆွေနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားတာကို တရုတ်နိုင်ငံက မမြင်တွေ့လိုပါဘူး။ တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်အောင်ဆောင်ရွက်ဖို့ ကြိုးပမ်းပါမယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အစဉ်အလာ […]