ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

KNU တပ်မဟာ (၄) နယ်မြေအတွင်း စစ်ကြောင်းထိုးမည့်သတင်းကြောင့် ရွာသားများ တိမ်းရှောင်

diz_admin

August 26, 2021

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျေးဇူးတော်ကျေးရွာသို့ စစ်ကြောင်းထိုးမည့်သတင်းကြောင့် ရွာသားများ တိမ်ရှောင်နေရကြောင်း ယင်းကျေးရွာသားတစ်ဦးက ယနေ့ ဩဂုတ်လ ၂၆ ရက် ညနေ သုံးနာရီကျော်တွင် ပြောသည်။ ကျေးဇူးတော်ကျေးရွာသည် ထားဝယ်မြို့မှ ၃၃ မိုင်ခန့်ကွာဝေးပြီး ရေဖြူမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများ နေထိုင်သည့်ကျေးရွာ တစ်ရွာဖြစ်သည်။ ထားဝယ်-ရေး ကားလမ်းမှ မိနစ်အနည်းငယ်ကြာ ခွဲဝင်ရသည်။ “ရွာသားတွေကတော့ သတင်းကြားထားလို့ ရှောင်နေကြတယ်။ အခုချိန်ထိတော့ ရွာထဲမှာ အေးဆေးပဲရှိသေးတယ်” ဟု ကျေးဇူးတော်ရွာသားတစ်ဦးက ညနေ သုံးနာရီကျော်တွင်ပြောသည်။ ဩဂုတ်လ ၂၃ ရက်ကတည်းက ကလိန်အောင်မြို့၊ ကျေးဇူးတော်ကျေးရွာ၊ နှမ်းကြဲကျေးရွာနှင့် အနီးနားကျေးရွာအချို့တွင် စစ်တပ်က နေရာယူထားပြီးနောက် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးမည့်ဆိုသည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ဩဂုတ်လ […]

ကြွေလွင့်သွားသော တနင်္သာရီတိုင်းသား စာပေအနုပညာရှင်များ

diz_admin

August 26, 2021

ကိုဗစ်တတိယလှိုင်းတွင် နိုင်ငံကျော် အနုပညာရှင်ကြီးများ ကြွေလွင့်နေကြသည်။ အထူးသဖြင့် သက်ကြီးဝါးကြီး အနုပညာရှင်၊ အတတ်ပညာရှင်များ ကြွေလွင့်သွားခဲ့ကြသည်။ ယင်းအတို့အထဲတွင် တနင်္သာရီတိုင်းသား အနုပညာရှင်များလည်းပါဝင်ပေသည်။ စေ့ငုမိသမျှ တနင်္သာရီတိုင်းသား စာပေအနုပညာရှင်လေးဦး ကြွေလွင့်သွားပြီဖြစ်သည်။ ၎င်းတို့လေးဦးအား ကွယ်လွန်သွားသည့်ရက်စွဲအလိုက် မှတ်တမ်းတင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဦးကိုကိုကြီး ထားဝယ်ရိုးရာယဉ်ကျေးမှုအဖွဲ့ကိုတည်ထောင်ခဲ့သူဖြစ်သော ဦးကိုကိုကြီးသည် ကိုဗစ်ရောဂါကူးစက်ခံရပြီး ဩဂုတ်လ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။ ဦးကိုကိုကြီးသည် ထားဝယ်ရိုးရာအကကို နိုင်ငံတော်အဆင့်အခမ်းအနားများတွင် တင်ဆက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၈၉ ခုနှစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်ပြုလုပ်သော ထိုင်း-မြန်မာနယ်စပ်အစည်းအဝေးတွင် ထားဝယ်ရိုးရာအကဖြင့် စတင်တင်ဖျော်ဖြေခွင့်ရခဲ့သည်။ ယင်းအချိန်မှစပြီး ယနေ့အချိန်အထိ ပြည်ထောင်စုနေ့အခမ်းအနားတွင် ထားဝယ်ရိုးရာအကဖြင့် ဖျော်ဖြေခွင့်ရရှိခဲ့သည်။ ဦးကိုကိုကြီးသည် ထားဝယ်ရိုးရာအကအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ထားဝယ်ရိုးရာအကများကိုလည်း ဆန်းသစ်တီထွင်ခဲ့ပေသည်။ ရှေးဆရာကြီးများရေးသားခဲ့သည့် […]

မြိတ်တွင်ကိုဗစ်ကြောင့် သေဆုံးသူတိုးလာဟုဆို

diz_admin

August 26, 2021

မြိတ်မြို့တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူတိုးလာကြောင်း ပရဟိတအဖွဲ့များနှင့် မြိတ်ခရိုင်လူနာတင်ယာဉ်များအသင်းချုပ် ထံမှသိရသည်။  ပြီးခဲ့သည့် ဇူလိုင်လထက် ယခုသြဂုတ်လအတွင်း သေဆုံးသူ နှစ်ဆတိုးလာပြီး ရပ်ကွက်များတွင်လည်း ကိုဗစ်ဖြင့် သေဆုံးသူ များရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ ဇူလိုင်လအတွင်းက နေ့စဉ်ကိုဗစ်ကြောင့်သေဆုံးသူ နှစ်ဦးမှသုံးဦးခန့်သာရှိပြီး ယခုသြဂုတ်လတွင် တစ်မြို့လုံးအတိုင်းအတာအရ  ဆယ်ဂဏန်းအထိ သေဆုံးမှုများဖြစ်ပေါ်နေသည်ဟု မြိတ်ခရိုင်လူနာတင်ယာဉ်များအသင်း ဉက္ကဋ္ဌ ဉီးဇော်မျိုးဦး ကပြောသည်။ “ဆေးရုံမှာ သေဆုံးနေတဲ့ လူဦးရေထက်ဝက်လောက်က ရပ်ကွက်ထဲမှာလည်း သေဆုံးနေတယ်။ ရပ်ကွက်ထဲမှာ သေဆုံးတဲ့လူနာတွေ ဆေးစစ်လိုက်မှကိုဗစ်ဖြစ်နေတာလည်း တွေ့လာရတယ်။ သေတဲ့နှုန်းက အရင်လထက်တိုးလာတယ်”ဟု ၎င်းကပြောသည်။ ရပ်ကွက်အတွင်း သေဆုံးသူအများစုသည် ရုတ်တရက် အောက်စီဂျင်ကျသည့်အတွက် သေဆုံးရခြင်းဖြစ်ပြီး အောက်စီဂျင်အလုံအလောက်ရရှိရေးအတွက်လည်း ပရဟိတအဖွဲ့များမှ လုပ်ဆောင်ပေးနေသည်ဟု ၎င်းကဆိုသည်။ မြိတ်မြို့တွင် အောက်စီဂျင်ထုတ်လုပ်သည့် စက်ရုံတစ်ရုံရှိပြီး လက်ရှိတွင် လေးဆယ်လီတာဆန့် အောက်စီဂျင်အိုး […]

ကလိန်အောင် အနီးနားကျေးရွာအချို့တွင် စစ်တပ်က နေရာယူထား

diz_admin

August 24, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့အပါအဝင် အနီးနားကျေးရွာများဖြစ်သည့် ကျေးဇူးတော်ကျေးရွာ၊ နှမ်းကြဲရွာ ကားလမ်းမတလျှောက်တွင် နေရာယူထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၂၃ ရက် ညနေပိုင်းမှစပြီး ယင်းကဲ့သို့နေရာယူထားခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အင်းအားပိုများလာကြောင်း ဒေသခံအချို့ကပြောသည်။ ရွာအပြင်ကားလမ်းမထက်တွင် လုံခြုံရေးသဘောနေရာယူထားသည့်ပုံစံဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် ကျေးဇူးတော်ရွာသားတစ်ဦးကမူ ၎င်းတို့ကျေးရွာအဝင်လမ်းမှ ထားဝယ်မြို့အနီးရှိ မောင်မယ်ရှောင်ရွာအထိ ကားလမ်းမတစ်လျှောက် စစ်တပ်က နေရာယူထားသည်ဟု သတင်းကြားရသည်ဟုဆိုသည်။ “ကျွန်တော်တို့ရွာထဲမှာတော့ အခုချိန်အထိ အေးအေးဆေးဆေးပါပဲ” ဟု ၎င်းကျေးဇူးတော်ရွာသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြောသည်။ မောင်မယ်ရှောင်ရွာသားတစ်ဦးကမူ သူတို့ရွာအဝင်ထွက်နေရာတို့တွင် စစ်တပ်က နေရာယူထားခြင်းမရှိဟုဆိုသည်။ စစ်ကား၊ ရဲကားတို့ ပုံမှန်ဖြတ်သန်း မောင်းနှင်းသွားလာနေသည်ကို တွေ့ရသည်ဟု ဆိုသည်။ ကလိန်အောင်မြို့ပေါ်တွင်လည်း […]

Stay at Home နှင့် အလွဲများ

diz_admin

August 23, 2021

ထားဝယ်နှင့် မြိတ်မြို့နယ်အား ဩဂုတ်လ ၂၃ ရက်မှစပြီး Stay at Home နေအိမ်တွင်သာ နေထိုင်ရန်မြို့နယ်များဖြစ် သတ်မှတ်ကြေညာခဲ့သည်။ သို့သော် မြေပြင်တွင်မူ ဩဂုတ်လ ၂၁ ရက်မှစပြီး အပြင်ထွက်သူများအား ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ကော့သောင်းမြို့တွင်လည်း ဩဂုတ်လ ၂၁ ရက်မှစပြီး ကြပ်မတ်စစ်ဆေးခဲ့သည်။ သို့သော် ကော့သောင်းမြို့နယ်မှာ Stay at Home သတ်မှတ်သည့် မြို့နယ်စာရင်းတွင်မပါပေ။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာသည့်အတွက်ကြောင့် Stay at Home သတ်မှတ်သည်ဟုဆိုသော်လည်း အပြင်ထွက်ခွင့်ကတ်ပြားထုတ်ပေးသည့်အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့တွင် ရာနှင့်ချီသည့် လူစု၊ လူဝေး ဖြစ်ပေါ်ခဲ့သည်။ အပြင်ထွက်ခွင့် ကတ်ပြားအား အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာထုတ်ပေးသည်ဟုဆိုသည်။ ယင်းသို့ ထုတ်ပေးရာတွင်လည်း အိမ်ထောင်စု စာရင်းပြနိုင်သူများကိုသာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်စု စာရင်းမပြနိုင်သူများမှာ […]

ကပ်ဘေးကြားမှ ကျောတစ်ခင်းစာ

diz_admin

August 22, 2021

အသက် ၃၄ နှစ်အရွယ်ရှိ မဖြူ တစ်ယောက် လကုန်မည့်ရက်ကို တွေးရင်း သောကတွေ ရတက်‌ပွေနေသည်။ လကုန်သည့်အချိန် ပုံမှန်အိမ်လခမပေးနိုင်၊ နောက်ကျမှသာ ပေးချေနိုင်သည်မှာ ယခုဆိုလျင် ခြောက်လခန့်ရှိနေပြီဖြစ်သည်။ ဖြစ်နိုင်လျှင် လကုန်သည်နှင့် “ရော့—-အင်း”ဟုဆိုကာ အိမ်လခလေးကို ပေးလိုက်ချင်သည်။ သို့သော် မဖြူ (အမည်လွှဲ) မတတ်နိုင်။ “အိမ်ကယောင်္ကျားက လကုန်ုပြီး တစ်ပတ် ဆယ်ရက်လောက်ကြာမှ အိမ်လခကိုလာပေးတတ်တယ်။ လာမပေးခင်စပ်ကြား အိမ်ရှင်အဖွားကြီးက နေ့တိုင်းတောင်းတယ်။ အဆင်မပြေသေးဘူး ခဏလေးစောင့်ပေးပါဦး ဆိုပြီး တောင်းပန်တာလည်းမရဘူး”ဟု မဖြူ ကပြောသည်။ အသက် ၅၀ ကျော်ရှိနေပြီဖြစ်သည့် မဖြူ ယောက်ျား ဦးကျော်(အမည်လွှဲ) သည် ငါးဖမ်းလှေ လုပ်ကိုင်သူဖြစ်ပြီး ယခင်ကအဆင်ပြေခဲ့သော်လည်း ကိုဗစ်စဖြစ်ပြီးနောက် အလုပ်အကိုင်အဆင်ပြေခြင်းမရှိတော့‌ပေ။ သည်တော့ အိမ်ငှားခလစာ လာပေးသည့်အချိန်လည်း မမှန်တော့။ “အိမ်လခက […]

ကော့သောင်းက အပြင်ထွက်ခွင့်လက်မှတ်မရသူများကို လူငယ်အဖွဲ့က ဈေးဝယ်ပေးမည်

diz_admin

August 22, 2021

အပြင်ထွက်ခွင့် လက်မှတ်မရသည့် ကော့သောင်းမြို့နေ ပြည်သူများကို စေတနာ့ဝန်ထမ်း လူငယ်တစ်ဆယ်ကျော်ပါသည့်အဖွဲ့က ဈေးလိုက်ဝယ်ပေး မည်ဖြစ်ကြောင်း သိရသည်။ နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် အိမ်ထောင်စုလက်မှတ်မပြနိုင်သည့် ရွှေ့ပြောင်းအခြေချသူအများအပြား အခန်းငှားနေထိုင်ကြသည်။ “အဓိကကတော့ ဈေးဝယ်ဖို့ အခက်အခဲဖြစ်နေတဲ့ အပြင်ထွက်ခွင့် ကတ်ပြားမရတဲ့သူတွေ၊ မရှိဆင်းရဲသားတွေကနေပြီး ကူညီတောင်းရင် ဈေးလိုက်ဝယ်ပေးမှာပါ” ဟု ယင်းလူငယ်အဖွဲ့ဝင် ကိုအောင်လွင်ဖြိုးက ပြောသည်။ ကော့သောင်းမြို့ပေါ် မည်သည့်ရပ်ကွက်မဆို ဖုန်းဆက်သွယ်အကူအညီ တောင်းခံနိုင်ပြီး ယင်းအတွက် အခကြေးငွေပေးစရာမလိုဘဲ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ အကူအညီတောင်းခံလိုပါက အောက်ပါဖုန်းနံပါတ် လေးခုကို ဆက်သွယ်နိုင်မည်ဖြစ်သည်။ 09897534836၊ 09458736110၊ 09261666540၊ 09459064647 ဓာတ်ပုံ- အောင်လွင်ဖြိုး

ကော့သောင်းမြို့ရဲ့ အပြင်ထွက်ခွင့်ကတ်ပြား ဂယက်

diz_admin

August 21, 2021

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေသည့်အချိန်တွင် ကော့သောင်းမြို့ပေါ် ရပ်ကွက်အချို့၌ အပြင်ထွက်ခွင့်ကတ်ပြားရရှိရေး စုပြုံတိုးဝှေ့နေကြသည့် ဓာတ်ပုံများ လူမူကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့သည်။ ကော့သောင်းမြို့ရှိ ရပ်ကွက်အချို့တွင် ဩဂုတ်လ ၂၀ ရက်က အပြင်ထွက်ခွင့်ကတ်ပြား စတင်ထုတ်ပေးခဲ့ပြီး ၂၁ ရက်နေ့မှ ထုတ်ပေးသည့် ရပ်ကွက်လည်းရှိသည်ဟု ဆိုသည်။ရပ်ကွက်အချို့တွင် အပြင်ထွက်ခွင့်ကတ်ပြားအား အိမ်တိုင်ရာရောက် ထုတ်ပေးနေပြီး အချို့ရပ်ကွက်တွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးသဖြင့် လူစု လူဝေးဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။ Dawei Watch ၏ စုံစမ်းမေးမြန်းချက်အရ အောင်သုခရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ပိတောက်ရွှေဝါ ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ရုံးတို့တွင် အပြင်ထွက်ခွင့်ကတ်ပြားထုတ်ယူရန် လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။“လူစု လူဝေးဖြစ်နေတာက ကော့သောင်းမှာဆိုရင် ရပ်ကွက်အားလုံးလိုလိုမှာ ဖြစ်နေတာဗျ” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ စည်ပင်သာယာရေးရုံးတွင် ဈေးရောင်းချခွင့် ကတ်ပြားများ ထုတ်ပေးနေခြင်းဖြစ်ပြီး […]