ကျေးဇူးတော် နေအိမ်အချို့ ဖျက်ဆီးခံရ၊ PDF သတင်းပေးပါဟုဆို
diz_admin
August 30, 2021KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ဒေသ ကျေးဇူးတော်ရွာအတွင်းသို့ ဩဂုတ်လ ၂၇ ရက်က စစ်တပ်က ဝင်ရောက်လာပြီး နောက်တစ်နေ့ ၂၈ ရက် ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ယင်းသို့ ထွက်ခွာသွားပြီးနောက် ကျေးဇူးတော်ရွာအတွင်း နေအိမ်အချို့ ရှာဖွေဖျက်ဆီးခံထားရပြီး PDF များကို သတင်းပေးရန် စာရွက်များ ကပ်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဒေသခံများမှာ ယနေ့အထိ နေအိမ်မပြန်ရဲကြသေးဘဲ တောတောင် ဥယျာဉ်များအတွင်း တိမ်းရှောင်းနေကြဆဲဖြစ်ပြီး ကနဦးရွာအခြေအနေ သွားရောက်စုံစမ်းခဲ့သူတို့က နေအိမ်အချို့ ဖျက်ဆီးခံထားရသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။ နေအိမ်မှာကပ်ထားခဲ့သည့်စာများတွင် PDF များလက်နက်ချရန်နှင့် လက်နက်မချပါက လက်စတုန်းချေးမှုန်းမည့်အကြောင်း၊ NLD ပါတီက မဲလိမ်၊ မဲခိုးခဲ့ကြောင်း၊ PDF များက မြို့ရွာများ တည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း စသည်ဖြင့် […]


