ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် နှာခေါင်းစည်းဈေးနှုန်း ရုတ်တရက်မြင့်တက်

diz_admin

July 2, 2021

ထားဝယ်မြို့တွင် ယခုအပတ်အတွင်း နှာခေါင်းစည်း Mask ဈေးနှုန်း ရုတ်တရက် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ယခင်က အခုရေ ငါးဆယ်ပါ နှာခေါင်းစည်းတစ်ဘူးလျှင် ကျပ်တစ်ထောင် ဝန်းကျင်သာပေါက်ဈေးရှိရာမှ လက်ရှိတွင် ကျပ်နှစ်ထောင်အထိ မြင့်တက်သွားသည်။ ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် လက်ရှိပေါက်ဈေးထက် ထပ်တက်ရန်ရှိသေးကြောင်း ထားဝယ်မြို့ရှိ ဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။ “အဓိက ကတော့ စီးပွားရေးသမားတွေကြောင့်ပါ။ သူတို့ဈေးကစားလို့ ဈေးကြီးလာတာ” ဟု ၎င်းက ပြောသည်။ ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ကိုဗစ်ဖြစ်ပွားမှု တဖန်မြင့်တက်လာမှု နှင့်အတူ နှာခေါင်းစည်းဝယ်လိုအားများလာသဖြင့် ဈေးတက်သွားခြင်း ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ “ရန်ကုန်မှာဆိုရင် ဒီမှာထက် ဈေးကြီးသေးတယ်။ ဒီနေ့ နှစ်ထောင်နဲ့ရရင် နောက်နေ့ ကျွန်မတို့ပြန်သွားဝယ်ရင်တောင်မှ နှစ်ထောင်နဲ့ရမှာ မဟုတ်တော့ဘူး” ဟု ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကဆိုသည်။ ထားဝယ်တွင်လည်း မတ်လကုန်မှစပြီး နှာခေါင်းစည်းဝယ်လိုအား […]

ရနောင်းရှိ မြန်မာအလုပ်သမား ၆၀ ကျော်အား ကော့သောင်း ပြန်ပို့

diz_admin

July 1, 2021

တနင်္သာရီတိုင်း ကော့သောင်းမြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့ လဝကရုံးတွင် ထိန်းသိမ်းခံနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ ကျော်အား ဇွန်လ ၃၀ ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကော့သောင်းဘက်သို့ လွှဲပြောင်းခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆၁ ဦးပါရှိကြောင်း ကော့သောင်းမြို့ရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားတို့မှာ ကိုဗစ် တာဆီးကာကွယ်ရေး ကွာရီတင်းစင်တာသို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကော့သောင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ လက်ရှိ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးတွင် ထိန်းသိမ်းထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၇ ဦးကျန်ရှိနေသေးကြောင်း သိရသည်။

အတိုးမဲ့ချေးငွေနှစ်လစာ ပြန်မဆပ်က တရားစွဲမည်ဟု အကြောင်းကြား

Ba Maung

July 1, 2021

ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရသည့် ထားဝယ်မြို့နယ်မှ ထွေအုပ်ဝန်ထမ်းကိုးဦးကို အတိုးမဲ့ချေးငွေနှစ်လစာ ပြန်မဆပ်ပါ တရားစွဲဆိုမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ၂၉ ရက်တွင် စာထုတ်အကြောင်းကြားခဲ့သည်။ အာဏာဖီဆန်ရေးCDM လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရသူများက နှစ်လစာအတိုးမဲ့ချေးငွေအား ဇူလိုင်လ ၇ ရက်နေ့ နောက်ဆုံးထား ပြန်ဆပ်ရန် အကြွေးတောင်းစာတွင် ဖော်ပြထားသည်။ ယမန်နှစ် အောက်တိုဘာလက နိုင်ငံ့ဝန်ထမ်းများကို လစာ၏ နှစ်လစာကို အတိုးမဲ့ချေးငွေအဖြစ် ထုတ်ချေးထားခြင်းဖြစ်သည်။ယင်းကဲ့သို့ ပြန်မဆပ်ပါက တရားစွဲမည်ဟု စာပို့အကြောင်းကြားလာသော်လည်း လက်ရှိ တပ်ကောင်စီလက်ထက်တွင် ပြန်ဆပ်မည်မဟုတ်ကြောင်း အကြွေးတောင်းခံရသူများတွင် ပါဝင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။ “အကြွေးရှင်မဟုတ်ဘဲနဲ့ တောင်းနေတာဆိုတော့ မပေးနိုင်ဘူးခင်ဗျား၊ အကြွေးရှင်ဆိုရင်တော့ ပေးမယ်ပေါ့” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ချေးငွေပြန်ဆပ်ရန် အကြောင်းကြားသည့်စာကို ရာထူးမှထုတ်ပယ်ခံရသူများထံ အုပ်စုလိုက် အသုတ်လိုက် စာပို့နေသည်ဟု […]

မော်လမြိုင်နှင့် သံဖြူဇရပ်ရှိ စားသောက်ဆိုင်များ ပါဆယ်သာ ရောင်းရမည်

diz_admin

July 1, 2021

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု များနေသည့် မော်လမြိုင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များ ဇူလိုင်လ ၂ ရက်နေ့မှစပြီး ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဇူလိုင်လ ၁ ရက်နေ့ရက်စွဲဖြင့် စာထုတ် ညွှန်ကြားထားခြင်းဖြစ်သည်။ “မနက်ဖြန် (ဇူလိုင် ၂ ရက်) ကစပြီးတော့ ပါဆယ်စနစ်နဲ့ပဲ ရောင်းချသွားရမယ်လို့တော့ သိရတယ် တရားဝင် စာတော့ မရောက်သေးဘူး” ဟု မော်လမြိုင်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ထိုအထူ ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော် တွေ့ရှိထားသည့် သံဖြူဇရပ်မြို့နယ်တွင်လည်း ဇူလိုင်လ ၂၉ ရက်နေ့မှစပြီး စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က […]

၅၀၅(က)ဖြင့် တရားစွဲခံရသူ ၇ ဉီး မြိတ်အကျဉ်းထောင်မှ ပြန်လွတ်

diz_admin

July 1, 2021

မြိတ်အကျဉ်းထောင်မှ ၅၀၅(က)ဖြင့် တရားစွဲခြင်း ခံထားရသူ ၇ ဉီး ဇွန်လ ၃၀ ရက်နေ့ ညနေကပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။ လွတ်မြောက်လာသူများမှာ အမျိုးသား ၃ ဉီးနှင့်အမျိုးသမီး ၄ ဉီးတို့ ဖြစ်ကြပြီး ယင်းတို့အနက် တနင်္သာရီမြို့မှ ၁ ဉီး၊ မောတောင်မြို့မှ ၁ ဉီးနှင့် ပုလောမြို့မှ တစ်ဉီးပါဝင်ကြောင်း သိရှိရသည်။ မြိတ်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူများအထဲတွင် NLD ပါတီဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ သတင်းထောက်နှင့် ကဗျာဆရာများ မပါဝင်ကြောင်း သိရှိရသည်။ စစ်ကောင်စီအဖွဲ့မှ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၂၃၄၂ ဉီးကို ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်လွတ်ပေးခဲ့သည်။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူ ၈၈၃ […]

ထားဝယ်အကျဉ်းထောင်ရှေ့ မြင်ကွင်း

diz_admin

June 30, 2021

မြန်မာနိုင်ငံတစ်ဝန်း ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ ထားဝယ်အကျဉ်းထောင်အပါအဝင် တနင်္သာရီတိုင်းအတွင်း အကျဉ်းသား မည်မျှ လွှတ်ပေးမည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ကော့သောင်း အကျဥ်းထောင်တွင်မူ လွှတ်ရန် တရားရုံးမှ အမိန့်ချ ခံရသူ သုံးဦးကို လွှတ်ပေးလိုက်ကြောင်း ကော့သောင်းထောင်ပိုင်က ပြောကြားသည်။

မွန်တွင် တစ်လအတွင်း ကိုဗစ်လူနာ ၈ ဦး သေဆုံး

diz_admin

June 30, 2021

မွန်ပြည်နယ် ဇွန်လတစ်လအတွင်း၌ ကိုဗစ်အတည်ပြုလူနာ ၈ ဦး သေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ မွန်ပြည်နယ်အတွင်း ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀၀ နီးပါးအထိတိုးလာသည့်အပြင် သေဆုံးသူလည်း ၈ ဦးအထိရှိခဲ့သည်။သေဆုံး ကိုဗစ်အတည်ပြုလူနာများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် အသက်ကြီးသူများဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။ “သေဆုံးတဲ့လူတွေက ကာကွယ်ဆေးထိုးမထားတဲ့ အရင်ရောဂါအခံရှိတဲ့လူတွေကို တွေ့ရပါတယ်၊ အသက် ၅၀ ကျော် ၆၀ ကျော် ၇၀/၈၀ အထက်တွေ ရောဂါဒဏ်ကို မခံနိုင်လို့ အသက်ဆုံးရှုံးဆုံးကြရတယ်” ဟု ဒေါင်တာနန္ဒဝင်းက ပြောသည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း အရမ်းမြန်နေသည့်အနေအထားကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးအသိရှိကြရန် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် လိုအပ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက […]

တနင်္သာရီတိုင်း လေယာဉ်ခရီးစဉ်ရပ်နားမှု သက်တမ်းထပ်တိုး

diz_admin

June 29, 2021

ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့်လေယာဉ်ခရီးစဉ်များ ပြေးဆွဲမှုရပ်နားထားခြင်းကို ထပ်မံသက်တမ်းတိုးလိုက်ကြောင်း လေကြောင်းလိုင်းများက ထုတ်ပြန်ထားသည်။ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းသို့ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များအား မေလ ၂၉ ရက်နေ့မှစ၍ ရပ်နားထားခဲ့သည်။လက်ရှိတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှုပိုမိုမြင့်တက်လာသည့်အတွက် လေကြောင်းလိုင်း ပြေးဆွဲမှုကို ယခင်က ဇွန်လကုန်အထိသာ သတ်မှတ်ထားရာမှ လက်ရှိတွင် လေကြောင်းလိုင်းအလိုက် ထပ်မံသက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရီးစဉ်များကို ဇူလိုင်လကုန်အထိ နှင့် အဲယားကမ္ဘောဇလေကြောင်းလိုင်းက ဇူလိုင်လ ၁၅ ရက်နေ့အထိ ရပ်နားကြောင်း ကြေညာထားသည်။ ပထမအကြိမ် လေယာဉ်ခရီးစဉ် ရပ်နားသည့် မေလ ၂၉ ရက်မှ ဇွန်လ ၆ ရက်နေ့အထိကြေညာခဲ့ပြီး နောက်ပိုင်းတွင်လည်း ပျံသန်းမှုရပ်နားခြင်းကို ထပ်မံသက်တမ်းတိုးကြောင်း ရက်ပိုင်းအလိုက် သုံးကြိမ်ခန့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ လက်ရှိ အခင်းအကျင်းအရ […]