မီးပုံးပျံဦးကျော်ရင်၏မြေး ပန်းချီကျော်ကျော် ကွယ်လွန်
diz_admin
July 11, 2021မီးပုံးပျံဦးကျော်ရင်၏ မြေးဖြစ်သူ ပန်းချီကျော်ကျော် သည် ဇူလိုင်လ ၁၀ ရက်က ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ နှလုံးအမောဖောက်ပြီး ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ပန်းချီကျော်ကျော်၏ သမီးဖြစ်သူ ဒေါ်ချောချစ်ထွေးက ပြောသည်။ “နှလုံးထဲကို စက်ထည့်နိုင်ဖို့ကြိုးစားပါသေးတယ်။ ဒါပေမယ့် အခုဆေးရုံတွေက လူကြီးဆိုတော့ ကိုဗစ်တွေကူးမှာကြောက်လို့ ပေးမတင်တော့ အချိန်မီမထည့်လိုက်ရဘူးပေါ့နော်။ အဲဒါကြောင့်မို့ ငါးရက်မြောက်နေ့မှာပဲ ဆုံးသွားတာပါ” ဒေါ်ချောချစ်ထွေးက ဆိုသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ပန်းချီကျော်ကျော်၏ အမည်ရင်းမှာ ဦးမောင်မောင်ကျော်ဖြစ်သည်။ ၎င်းသည် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲရွာဇာတိ မီးပုံးပျံ ဦးကျော်ရင်၏ သမီးဖြစ်သူ ဒေါ်နှင်းနှင်းရှိန်၏ သားဖြစ်သည်။ အသက် ၃ နှစ်အရွယ်မှစပြီး ရန်ကုန်မြို့ကို ပြောင်းသွားခြင်းဖြစ်သည်ဟုဆိုသည်။ ၁၉၇၁ ခုနှစ်မှစပြီး […]


