Home Stay နေသူများကို ဈေးဝယ်ပြီး အခမဲ့ပို့ပေးမည့် ကူညီသူများ ထပ်ပေါ်လာ
diz_admin
July 13, 2021ကိုဗစ်ကပ်ဘေးကြောင့် Home Stay နေအိမ်တွင်နေထိုင်သူများအတွက် ဈေးဝယ်ပြီး အခမဲ့ပို့ပေးမည့် ကူညီသူများ ထားဝယ်မြို့တွင် ထပ်ပေါ်လာခဲ့သည်။ ကိုဗစ်ကူးစက်ခံရသူများ၊ ထိတွေ့ဆက်စပ်သူများနှင့် ကိုဗစ်ကူးစက်ခံရမည်စိုး၍ အပြင်မထွက်ဘဲ နေအိမ်တွင်သာ နေထိုင်လို သူများအတွက် ဈေးဝယ်ပြီး အခမဲ့ပို့ပေးရန် စီစဉ်နေကြောင်း သိရသည်။ ထားဝယ်မြို့ရှိ ရွှေဝယ်-A ဒေသထွက် စားစရာများနှင့် ရေထွက်ပစ္စည်းအမျိုးမျိုး အိမ်အရောက် ရောင်းဝယ်ရေးလုပ်ငန်းက ဇူလိုင်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် လုပ်ဆောင်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ Dream Journey ကော်ဖီဆိုင်ကလည်း မိသားစုအားလုံး ကိုဗစ်ကူးစက်ခံရသူများကို အစားအသောက်နှင့် ဆေးဝါး ဝယ်ယူပို့ဆောင်မည့် အခမဲ့ဝန်ဆောင်မှုကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်လုပ်ဆောင်နေသည်။ လက်ရှိတွင် ရွှေဝယ်-A လုပ်ငန်းအနေဖြင့် ဈေးဝယ်ယူပို့ဆောင်ပေးရန် အသေးစိတ်စီစဉ်နေဆဲဖြစ်ပြီး နောက်ပိုင်းတွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ […]


