မြိတ်တွင် ကိုဗစ်အကြောင်းပြု ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက် ဈေးမြှင့်တက်
diz_admin
July 19, 2021မြိတ်မြို့တွင် ကိုဗစ်ကူးစက်ရောဂါပိုး အကြောင်းပြုပြီး ဇူလိုင်လ ၁၈ ရက်နေ့မှစပြီး ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက်တို့ဈေးနှုန်းမြှင့်တက်နေကြောင်း သိရသည်။ ကိုဗစ်လူနာတို့ အရေးပေါ်အောက်ဆီဂျင်လိုအပ်လာပါက ရေနွေးပူထည့်ထားသည့် ဖန်ခွက်အတွင်း ဂွေးတောက်ရွက်တစ်ချို့ ထည့်စိမ်ပြီး အငွေ့အား ရှုရှိုက်စေခြင်းဖြင့် အောက်ဆီဂျင်ရရှိစေမည်ဖြစ်ကြောင်း ရေးသားထားသည့် စာသားတို့သည် လူမှုကွန်ရက်စာမျက်နာဖြစ်သည့် Facebook ပေါ်တွင် ပြန့်နှံ့လျက်ရှိသည်။ ထို့ပြင် အောက်ဆီဂျင်ရရှိစေမည့် ဂွေးတောက်၊ ပင်စိမ်း၊ ရှားစောင်း လက်ပတ် စသည့်အပင်တို့အား နေအိမ်တွင် စိုက်ပျိုးထားသင့်ကြောင်း ဖေါ်ပြထားသည်။ အထက်ပါ အကြောင်းအရာတို့ကြောင့် ဂွေးတောက်ရွက် တစ်စည်းလျှင် တစ်ရာကျပ်မှ နှစ်ရာကျပ်နှင့် ပင်စိမ်းရွက် တစ်စည်းလျှင် တစ်ရာကျပ်မှ သုံးရာကျပ်နှုန်းခန့်အထိ ဈေးနှုန်းမြှင့်တက်နေကြောင်း မြို့ပေါ် ရပ်ကွက်အတွင်း ဘေးတွဲဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချနေကြသည့် ဈေးသည်များထံမှ သိရသည်။ “ဂွေးတောက်ရွက်ဆို ဝယ်ဖို့တောင်မရှိလို့ ပြန်မရောင်းရတော့ဘူး” ဟု […]


