ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘီးလင်းတွင် လေပြင်းကြောင့် နေအိမ်အများအပြားပျက်စီး

diz_admin

July 25, 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ဇုတ်သုတ်ကျေးရွာအုပ်စု ရွာလေးပိုင်းနှင့် အနိုင်းပွန်းကျေးရွာအတွင်းရှိ လူနေအိမ် အမိုးလန်ခြင်း၊ ပြိုကျခြင်း၊ နေအိမ်ပေါ် သစ်ပင်လဲကျခြင်း လမ်းပေါ် သစ်ပင်လဲကျခြင်းနှင့် ဓာတ်တိုင်လဲကျခြင်းများဖြစ်ပွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျသွားသည့်လူနေအိမ် များရှိသလို ထိခိုက်ပျက်စီးသွားသည့် နေအိမ်လည်းရှိသည်ဟု သိရသည်။ “မနေ့ ညနေပိုင်းလောက်ကပေါ့ လေကအတော်ပြင်းပါတယ်။ နေအိမ်တွေလည်း အများကြီး ထိသွားတယ်။အမိုးလန်သွားတာ နောက်ပြီးတော့ သစ်ပင် သစ်ကိုင်းကျိုးကျပြီး ထိသွားတာတွေလည်းရှိတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူ ထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ လက်ရှိတွင် […]

တနင်္သာရီမြို့နယ်တွင် ကြက်ဥတစ်လုံး ငါးဆယ်ကျပ်ဖြင့် ရောင်းမည်

diz_admin

July 25, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာ၌ ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ်နှုန်းဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်းသစ်လွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှင် ဦးစိုးလွင်အောင်ထံမှ သိရသည်။ ကနဦးအနေဖြင့် အိမ်ထောင်စု ငါးဆယ်အတွက် ကြက်ဥအလုံးရေ ငါးရာအား ရောင်းချပေးမည်ဖြစ်ပြီး အလျင်းသင့်ပါက တတ်နိုင်သလောက် ရောင်းချပေးရန်စီစဉ်ထားကြောင်း ဦးစိုးလွင်အောင်က ‌ပြောသည်။ ဒေသအတွက် အကျိုးဖြစ်စေရန် ရည်ရွယ်ပြီး ရောင်းချပေးခြင်းဖြစ်ကြောင်း ဆန်းသစ်လွင်ဆိုင်ရှင် ဦးစိုးလွင်အောင်က ပြောပြသည်။ အဆိုပါ ကြက်ဥများကို ပြင်ပမှဝယ်ယူပြီး အလှူအတန်းလုပ်သည့် အနေဖြင့် အရှုံးခံရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ တနင်္သာရီမြို့နယ် အောက်ကင်းရွာ အရှေ့ဒူးရင်းတောရှိ ဆန်းသစ်လွင် ဆိုင်ခွဲ အမှတ် ၅ တွင် ယင်းဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆယ်လုံးစီ ရောင်းချပေးမည်ဖြစ်သည်။

သထုံတွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

diz_admin

July 25, 2021

မွန်ပြည်နယ် သထုံမြို့နယ်တွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၄ ရက်နေ့တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို အမည်မသိ သေနတ်သမားနှစ်ဦးက နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်သတ်ခံရသည့် ဦးမြင့်ရွှေသည် ဦးသိန်းစိန် အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ခံရသည့် ဦးမြင့်ရွှေသည် သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွား‌ကြောင်းဒေသခံများက ပြောသည်။ “ဦးမြင့်ရွှေ ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ အခု ရွာမှာ စစ်ဆေးမှုတွေ လုပ်နေတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၃ ရက်နေ့ကလည်း သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်း နေအိမ်ရှိ ဈေးဆိုင်တွင် ဈေးရောင်းနေစဉ် အမည်မသိ လူနှစ်ဦးက […]

မွန်တွင် ရပ်ကွက်ကျေးရွာအချို့ ရေကြီးရေလျှံ

diz_admin

July 25, 2021

မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာနှင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်အချို့တို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းခန့်မှစကာ မော်လမြိုင်မြို့ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေစတက်လာနေသည်။ “အနိမ့်ပိုင်း အချို့မှာတော့ ရေတွေ စဝင်နေပြီ ။ မိုးကလည်း ကောင်းတုန်းပဲ” ဟု မော်လမြိုင် ဈေးကြိုရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ထိုအတူ မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် ဟံဂံကျေးရွာတွင်လည်း ဇူလိုင်လ ၂၅ ရက်နေ့ နံနက်မှစပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဆင်းလာသည့်အတွက် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။ ကျေးရွာအတွင်း ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းကတည်းက ရေစတက်လာကြောင်း ယနေ့နံနံက်ပိုင်းမှာတော့ အနိမ့်ပိုင်းနေရာတို့တွင် […]

လောင်းလုံး ကျောက်နီမော်ရွာတွင် တောင်ကမ်းပါးပြို၍ သက်ကြီးရွယ်အို သုံးဦးဒဏ်ရာရပြီး နေအိမ်၆ ဆောင် မြေဖုံးလွှမ်း

diz_admin

July 25, 2021

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု အင်းနီတွင်းရွာတွင် ဇူလိုင်လ ၂၅ ရက် နေ့လယ် ၂ နာရီခန့်က မြေပြိုခဲ့ရာ လူသုံးဦးဒဏ်ရာရပြီး နေအိမ် ၆ ဆောင် မြေဖုံးခံရကြောင်း ယင်းကျေးရွာသားအချို့နှင့် ကာယကံရှင်များထံမှ သိရသည်။ တောင်ကမ်းပါး မြေပြိုမှုကြောင့် အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်မြင့်၊ အသက် ၆၀ ကျော်အရွယ် ဒေါ်မိကြူ၊ အသက် ၆၅ နှစ်အရွယ် ဦးဖစုတို့ ဒဏ်ရာအသီးသီးရရှိပြီး ဒေါ်မိကြူနှင့် ဦးဖစုအား ထားဝယ်ဆေးရုံးသို့ ပို့ဆောင် ကုသနေကြောင်း ဒေသခံ အချို့က ပြောသည်။ဒေါ်မိကြူ၏ ခန္ဓာကိုယ်အား မြေဖုံးလွှမ်းသွားသဖြင့် ဖော်ထုတ်ပြီး ဆေးရုံပို့ဆောင်ပေးကာ ဦးဖစုတွင်မူ ခြေထောက်ကျိုးသွားကြောင်း မျက်မြင်ဒေသခံတို့က ဆိုသည်။ ဒေါ်ခင်မြင့် ခန္ဓာကိုယ်တွင် ကျောက်တုံးထိမှန်သည့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွင်ပင် နေကျန်ခဲ့သည်ဟုဆိုသည်။ […]

ထားဝယ်တွင် အောက်ဆီဂျင်မလောက်တော့သဖြင့် မြိတ်တွင် သွားဖြည့်နေရ ဟုဆို

diz_admin

July 24, 2021

အာယုဒါနအဖွဲ့၏ စက်ရုံမှထုတ်သည့် အောက်ဆီဂျင်မှာ လုံလောက်မှုမရှိဘဲ ပြတ်လပ်သွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့၏ စက်ရုံမှ ထွက်သည့်အောက်ဆီဂျင်ကို ထားဝယ်ဒေသအတွက် လှူဒါန်းနေခြင်းဖြစ်သည်။ အဆိုပါ စက်ရုံတွင် ၂၄ နာရီ စက်လည်ပတ်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးလေးဆယ် ထုတ်လုပ်နိုင်သည်။သို့ရာတွင် ထားဝယ်ဒေသအတွင်း အောက်ဆီဂျင်လိုအပ်ချက်မြင့်တက်လာပြီး ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြတ်လပ်သွားခဲ့ ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အာယုဒါနစက်ရုံမှထွက်သည့် အောက်ဆီဂျင်ကို ထားဝယ်ဒေသရှိ ဆေးရုံများကို နေ့စဉ်ပုံမှန်လှူဒါန်းနေကြောင်း သိရသည်။ထိုကြောင့် လိုအပ်သည့်အောက်ဆီဂျင်အတွက် မြိတ်မြို့ရှိ စက်ရုံတွင် သွားဖြည့်ပြီး ပြန်လှူနေရကြောင်း အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးမှ ဦးအောင်မြင့်က ဆိုသည်။ထားဝယ်ဒေသအတွင်းသုံးရန် အောက်ဆီဂျင်မလောက်တော့သည့်အတွက် မြိတ်တွင် သွားဖြည့်နေရသည်မှာ လက်ရှိအချိန်အထိ […]

ထားဝယ်ဆေးရုံ ကိုဗစ်လူနာလက်မခံဆိုသည့်သတင်း မမှန်ကန်ကြောင်း ဆေးရုံတာဝန်ရှိသူများ တုံ့ပြန်

diz_admin

July 24, 2021

ထားဝယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများ လက်ခံပေးခြင်းမရှိကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းအချက်မှာ မှန်ကန်ခြင်းမရှိကြောင်း ဆေးရုံတာဝန်ရှိသူအချို့က တုံ့ပြန်သည်။ ထားဝယ်ဆေးရုံတွင် ဆရာဝန်နှင့် အနီးကပ်ကြပ်မတ်ကုသရမည့် အရေးကြီး ကိုဗစ်လူနာများကို လက်ခံကုသပေးနေကြောင်း ယင်းဆေးရုံ ကိုဗစ်ကုသရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ထားဝယ်မြို့တွင် သီတာဂူဆေးရုံ၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ ခလရ ၂၅ တပ်ရင်း မျက်နှာချင်းဆိုင်ရှိ စာသင်ကျောင်းတို့တွင် ကိုဗစ်ကုသရေးစင်တာများ ဖွင့်လှစ်ပြီး ကုသပေးနေကြောင်း သိရသည်။ အထက်ပါ ကိုဗစ်ကုသရေးစင်တာများမှ အရေးကြီးလူနာများကို ထားဝယ်ဆေးရုံကြီးတွင် လွှဲပြောင်းကုသပေးနေသည်ဟု ယင်းတာဝန်ရှိသူက ဆိုသည်။အရေးကြီးကိုဗစ်လူနာဖြစ်သည့် အောက်ဆီဂျင်ပေးပြီးကုသရမည့်လူနာ၊ ဆရာဝန်နှင့် အနီးကပ်ကြပ်မတ် ကုသရမည့်လူနာနှင့် အခြားနေရာအသီးသီးမှ ရောက်လာသည့် အရေးကြီးလူနာများအား ထားဝယ်ဆေးရုံတွင် ထားရှိကုသပေးကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။ ထားဝယ်ဆေးရုံတွင် အရေးကြီးလူနာ ၄၈ ဦး ထားရှိကုသနိုင်သည့် နေရာပြင်ဆင်ထားပြီး […]

ကိုဗစ်ဂယက်ကြောင့် မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နား

diz_admin

July 24, 2021

ကိုဗစ်နိုင်တီးကူးစက်ရောဂါပိုး မြင့်မား‌နေသည့်အတွက် ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နားလိုက်ပြီဖြစ်သည်။ အမြန်ရေယာဉ်တို့အား ဇူလိုင်လ ၂၅ ရက်နေ့အထိယာယီရပ်နားခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ကိုဗစ်နိုင်တီးရောဂါကာကွယ်ရေးနှင့်အညီလူဦးရေအကန့်အသတ်ဖြင့် ပြန်လည်ပြေးဆွဲဖြစ်ကြောင်း အမြန်ရေယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ “အမြန်ရေယာဉ်က နားထားတယ်။ စက်လှေက ပုံမှန်အတိုင်းသွားနေရတယ်” ဟု ကျွန်းစုမြို့ အမှတ် ၁ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ အမြန်ရေယာဉ်တို့ရပ်နားသော်လည်း မြိတ်မှ ကျွန်းစုမြို့သို့ လူဆယ်ဦးခန့် တင်ဆောင်သည့် ကုန်တင်သစ်သားစက်လှေမှာနေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ယခင်က မြိတ်မှ ကျွန်းစုမြို့သို့ အမြန်ရေယာဉ် သုံးစီးကို အလှည့်ကျစနစ်ဖြင့် နေ့စဉ် အသွားအပြန် နှစ်ခေါက် ပြေးဆွဲလျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျွန်းစု၌ ကိုဗစ်ပိုးတွေ့သူ ၁၁ ဦးနှင့် […]