ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် အောက်စီဂျင်အိုး အခမဲ့ငှား

diz_admin

August 7, 2021

မြိတ်မြို့အတွင်း အရေးပေါ်လိုအပ်နေသူများအတွက် အောက်စီဂျင်အိုးအခမဲ့ ငှားရမ်းပေးလျှက်ရှိကြောင်း သိရသည်။ အောက်စီဂျင်အိုးငှားလိုပါက အခကြေးငွေပေစရာမလိုပဲ နိုင်ငံသားစီစစ်ရေးကတ်ပြားပေး၍ ငှားနိုင်ကြောင်း မြိတ်မြို့ ခရူတောရပ်မှ အောက်စီဂျင်အိုးငှားပေးနေသူ ဦးစည်သူထွန်းက ပြောသည်။ ထိုသို့ငှားရာတွင် အောက်ဆီဂျင်အိုးတစ်လုံးလျှင် အချိန်တစ်ပတ်အထိ ငှားခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။ “လူနာအနေနဲ့ ထပ်ရူဖို့ လိုအပ်သေးရင် ပြန်ပြီး ငှားပေးပါတယ်” ဟု ဦးစည်သူထွန်းက ပြောသည်။ ညမထွက်ရအချိန်တွင် အောက်စီဂျင်အိုး အရေးပေါ်လိုအပ်လာပါက လူနာရှင်အနေဖြင့် ပရဟိတအသင်းအဖွဲ့(သို့မဟုတ်)သက်ဆိုင်ရာအဖွဲ့အစည်းနှင့်အတူလာရောက်၍ ခရူတောတောင်ပေါ် (၃)လမ်း၊အိမ်အမှတ်(၉)တွင် လာရောက်ငှါးရန်းနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ၀၉၉၇၆၆၇၅၆၆၀၊ ၀၉၂၅၄၄၇၅၆၀၉၊၀၉၉၅၄၄၇၅၆၀၉၊ ၀၉၇၅၂၂၆၁၅၆၈ ထံ ခေါ်ဆို ဆက်သွယ်နိုင်ကြောင်း ဉီးစည်သူထွန်းက ပြောသည်။ ကိုဗစ်တတိယလှိုင်းအတွင်းမြိတ်ခရိုင်တွင် ကိုဗစ် ရောဂါ ကူးစက်မှုမြင့်မားလာသည်နှင့်အမျှ အောက်စီဂျင်အိုးအခမဲ့ လှူဒါန်းသည့် အဖွဲ့စည်းများလည်း ပေါ် […]

သုံးထပ်ကွမ်း ကျွန်းစုလွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ ကွယ်လွန်

diz_admin

August 7, 2021

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ သည် သြဂုတ်လ ၇ ရက်နေ့ တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဒေါ်တင်တင်ရီသည် နှလုံးသွေးကြောပိတ် ရောဂါဖြင့် ရန်ကုန်နေအိမ်တွင် ကွယ်လွန်သွားကြောင်း သူမ၏ လုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းမှ သိရသည်။ ဒေါ်တင်တင်ရီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုနောက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ဒေါ်တင်တင်ရီသည် တရားလွှတ်တော် ရှေ့နေတစ်ဦး ဖြစ်ပြီး NLD ပါတီ စတင်တည်ထောင်သည့် အချိန်ကတည်းက ပါတီဝင်ခဲ့ပြီး ဥပဒေပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုနောက် နဝတအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅ […]

ထားဝယ်တွင် သေဆုံးသူများလာသဖြင့် မီးသင်္ဂြိုဟ်ရန် မနိုင်ဝန်ဖြစ်လာ

diz_admin

August 7, 2021

ထားဝယ်မြို့တွင် ၉၆ ပါးရောဂါဖြင့် သေဆုံးသူနှင့် ကိုဗစ်ကြောင့် သေဆုံးသူပါ များလာသည့်အတွက် မီးသင်္ဂြိုဟ်ရန် မနိုင်ဝန် ဖြစ်လာကြောင်း နာရေးကူညီမှု(ထားဝယ်) ထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစကာ သေဆုံးသူအရေအတွက်များလာပြီး လက်ရှိတွင် တစ်ရက်လျှင် စုစုပေါင်း ၂၅ လောင်းအထိ မီးသင်္ဂြိုဟ်နေရကြောင်း ထားဝယ်နာရေးကူညီမှုအသင်းထံမှ သိရသည်။ ယင်းအချိန်မတိုင်မီက တစ်ရက်လျှင် အများဆုံး ၈ လောင်းခန့်သာ သင်္ဂြိုဟ်ရသည်။ ထားဝယ်သုဿန်တွင် မီးသင်္ဂြိုဟ်စက်(လောင်တိုက်) အကြီး ၃ လုံးနှင့် အသေး ၁ လုံးရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၂ လောင်း ခန့်သာ သင်္ဂြိုဟ်ရန် အဆင်ပြေကြောင်း သိရသည်။ လက်ရှိတွင် သင်္ဂြိုဟ်ရသည့် အလောင်းများလာသည့်အတွက် မီးသင်္ဂြိုဟ်စက်များ ကြံ့ခိုင်မှုနည်းလာပြီး ပျက်စီးလာမည်ကို စိုးရိမ်နေရကြောင်း အထက်ပါအဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဦးက […]

ထားဝယ်မြို့ အိမ်လူနာများအတွက် အောက်ဆီဂျင်ထုတ်စက် အခမဲ့ငှားမည်

diz_admin

August 4, 2021

ထားဝယ်တွင် အောက်ဆီဂျင် အရေးပေါ်လိုအပ်နေသည့် နေအိမ်ရှိလူနာများအတွက် အောက်ဆီဂျင်ထုတ်စက်များ အခမဲ့ငှားမည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်)ထံမှ သိရသည်။ လက်ရှိတွင် ထားဝယ်မြို့၌ အောက်ဆီဂျင်ဖြည့်ရန်ခက်ခဲခြင်းနှင့် အောက်ဆီဂျင်အိုးရရှိရန် ခက်ခဲနေသည့်အတွက် အရေးကြီးလူနာများအတွက် ရည်ရွယ်ကာ စီစဉ်ရခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အောက်ဆီဂျင်အရေးပေါ်လိုအပ်နေသည့် နေအိမ်လူနာများကို ငှားရမ်းနိုင်ရန်အတွက် လက်ရှိတွင် အောက်ဆီဂျင်ထုတ်စက် Oxygen Concentrator (10L) ၁၀ လုံးမှာယူထားပြီး သြဂုတ်လ ၅ ရက်နေ့တွင် ထားဝယ်သို့ ရောက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုသို့ အခမဲ့ကူညီနိုင်ရန်အတွက် စက်ပိုင်းဆိုင်ရာ ကိုင်တွယ်မှုနှင့် သန့်ရှင်းရေးလုပ်ရာတွင် ပြသပေးနိုင်မည့်သူများနှင့် ချိတ်ဆက်ရှာဖွေနေကြောင်း အထက်ပါ အတွင်းရေးမှူးအဖွဲ့ဝင်က ဆိုသည်။ “လတ်တလောကတော့ ထားဝယ်မြို့တွင်းပဲ။ လောလောဆယ်ကတော့ ဒီလိုသွားရမှာ။ အသေးစိတ်ကိုတော့ ဆက်ဆွေးနွေး […]

ကမ်းနားဈေးရှိ ငါးဒိုင်အားလုံး ၂၁ ရက်ကြာ ပိတ်ရန် ညွှန်ကြား

diz_admin

August 4, 2021

ထားဝယ်မြို့၊ ကမ်းနားဈေးတွင် လက်ကားရောင်းချနေသည့် ငါးဒိုင်အားလုံး ၂၁ ရက်ကြာ ပိတ်ထားရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထား သည်။ ကမ်းနားဈေးငါးဒိုင်မှ အမျိုးသမီးတစ်ဦး ဩဂုတ်လ ၁ ရက်နေ့ ကိုဗစ်ဖြင့် ကွယ်လွန်သွားသည့်အတွက် ငါးဒိုင်အားလုံးကို ဩဂုတ်လ ၂ ရက်မှ ၂၂ ရက်နေ့ အထိ ပိတ်ခိုင်းခြင်းဖြစ်သည်။ ထားဝယ်ကမ်းနားဈေးတွင် လက်ကားရောင်းချနေသည့် ငါးဒိုင်ကြီး ၁၀ ခု ရှိသည်။ ၂၁ ရက်ကြာ ပိတ်ခိုင်းထားခြင်းကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများ အရ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။ ယာယီပိတ်ထားသည့် ငါးဒိုင်များတွင် အလုပ်လုပ်နေသည့် အလုပ်ရှင်နှင့် အလုပ်သမားများအားလုံးကို ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခိုင်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ငါးဒိုင်မှာ လုပ်နေသူ […]

လူမဲ့ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်း တနင်္သာရီတိုင်းရေပြင်တွင် မျောနေ

diz_admin

August 3, 2021

လူမဲ့ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်း တနင်္သာရီတိုင်း ရေပြင်တွင် ရေစီးအတိုင်းမျောပါနေကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဗီယက်နမ်နိုင်ငံ ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်သည့် အဆိုပါသင်္ဘောကြီးသည် တနင်္သာရီတိုင်းရေပြင်ရှိ ဇာဒက်ကြီးကျွန်း၏ အနောက်ဘက်ရေမိုင်၉၀ ခန့်အကွာတွင် မျောနေကြောင်း သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။ စင်ကာပူနိုင်ငံမှ ဘင်္ဂလားဒေ့ရ်နိုင်ငံသို့ ထွက်ခွာလာသည့် အဆိုပါသင်္ဘောသည် ဇာဒက်ကြီးကျွန်းအနီးရောက်ချိန်တွင် ဘင်္ဘောထဲသို့ရေဝင်လာသဖြင့် သြဂုတ်လ ၁ ရက် ညတွင် သင်္ဘောဝန်ထမ်းများက စွန့်ခွာသွားကြောင်း ဖော်ပြထားသည်။ အဆိုပါသင်္ဘောသည် ရေမိုင် ၂ မိုင်နှုန်းရွေ့လျားနေသည့်အတွက် သင်္ဘောမှမိုင် ၄၀ အတွင်းရှိ ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။

လောင်းလုံးတွင် ညီကိုရှာမတွေ့သဖြင့် အစ်ကိုနှင့်တူဖြစ်သူ ရိုက်နှက်ခံရ ဟုဆို

diz_admin

August 3, 2021

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးကျေးရွာတွင် ဇူလိုင်လ၂၇ ရက်ညက ရဲနှင့် စစ်သားများရောက်လာပြီး ၎င်းတို့လာရှာသူကို မတွေ့သဖြင့် အစ်ကိုဖြစ်သူနှင့် တူဖြစ်သူကို ရိုက်နှက်သွားကြောင်း ကာယကံရှင်နှင့် မိသားစုဝင်ထံမှ သိရသည်။ အဆိုပါကျေးရွာနေ ဦးကံဝင်းအား လာရှာဖွေရာ မတွေ့သဖြင့် အစ်ကိုဖြစ်သူ ဦးမျိုးဦးနှင့် တူဖြစ်သူ ကိုဇေမင်းထက်ကို ရိုက်နှက်ထိုးကြိတ်ခဲ့ကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ဆိုသည်။ ဦးမျိုးဦးနှင့် ကိုဇေမင်းထက်မှာ သားအဖ တော်စပ်သည်။ ထိုညတွင် ရဲနှင့် စစ်သားများရောက်လာပြီးနောက် ၎င်းတို့သားအဖနှစ်ဦးအား အိမ်ပေါ်မှဆွဲချပြီး ဒူးထောက်ထိုင်စေကာ သေနတ်ဖြင့် ချိန်ရွယ်ထားကြောင်း ကိုဇေမင်းထက်က ဆိုသည်။ ထိုနောက် ခြေထောက်ဖြင့် ကန်ကျောက်ကာ ရိုက်နှက်ခဲ့ကြောင်း ၎င်းက ပြောသည်။ “အချက်တောင် မရေနိုင်ဘူး။ တစ်ခါလဲကျ ပြန်ထရိုက် သတိလစ်မတက် ဖြစ်နေတာတောင် ပြန်နှိုးပြီးရိုက်တယ်။ မင်းမရှိတဲ့ တိုင်းပြည်မှာ […]

အုန်းသီးနုဈေးကွက် ပစ္စည်းပြတ်

diz_admin

August 2, 2021

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း အုန်းသီးနု ပြတ်လပ်သည်အထိ ဝယ်လိုအားမြင့်တက်နေကြောင်း အုန်းသီးနုအရောင်းဆိုင် အသိုင်းအဝိုင်းထံမှ သိရသည်။ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်သည့်အချိန်မှစပြီး ကိုယ်ခံအားကောင်းစေရန် ဟုဆိုကာ သောက်သုံးကြသဖြင့် အုန်းသီးနုဝယ်လိုအား တ‌ဖြည်းဖြည်းမြင့်တက်ခဲ့ရာ လက်ရှိ တစ်နေ့လျှင် အလုံးရေတစ်ရာကျော်အထိ ရောင်းနေရကြောင်း အုန်းသီးနုအရောင်းဆိုင်တချို့က ပြောပြသည်။ ယင်းကဲ့သို့ ဝယ်လိုအားမြင့်လာသဖြင့် နယ်ဘက်မှ မှာယူထားသည့် အုန်းသီးနုများ လာမပို့သည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း မြိတ်တောင်ကျေးရွာ အရှေ့သိမ်ကျောင်းအနီး အုန်းသီးနုအရောင်းဆိုင်ရှင် အမျိုးသမီးက ပြောသည်။ “ရောင်းရပြီဆို လက်တောင်မလည်ဘူး” ဟု အထက်ပါ အုန်းသီးနုအရောင်းဆိုင်ရှင် အမျိုးသမီးက ပြောသည်။ အုန်းသီးနုတစ်လုံးလျှင် ကိုးရာကျပ် မှ တစ်ထောင်ကျပ်အထိ ရောင်းချနေကြကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ထို့ပြင် ကိုဗစ်အကြောင်းပြုပြီး အောက်ဆီဂျင်ရရှိစေသည် ဟုဆိုကာ ဂွေးတောက်ရွက်၊ ပင်စိမ်းရွက်၊ မုဆိုးလှံ (လောက်သေ) […]