ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုဗစ်ရောဂါ ပိုးတွေ့မှုနူန်းများလာပါက ထားဝယ်မြို့ကို Stay at Home ကြေညာမည်

diz_admin

August 18, 2021

ကိုဗစ်ပိုးတွေ့မှုများပြားလာပါက ထားဝယ်မြို့အား ဩဂုတ်လ ၂၀ ရက်မှစပြီး Stay at Home (အိမ်တွင် သာနေရန်) အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း လိုက်လံကြေညာလျက်ရှိသည်။ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့အတွင်း ကားဖြင့်လိုက်လံကြေညာနေခြင်းဖြစ်သည်။ အကယ်၍ ကိုဗစ်ရောဂါပိုးတွေ့မှူနူန်း မများလာပါက Stay at Home သတ်မှတ်မည်မဟုတ်ကြောင်း ထားဝယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။ “ပိုးတွေ့မှူနုန်းလျော့ကျလာရင်တော့ ဒီအတိုင်းပဲနေမယ်ပေါ့နော်။ တကယ်လို့ ပိုးတွေ့မူနှုန်းများလာရင်တော့ Stay at Home သတ်မှတ်မယ်။ အဓိကကတော့ သတိပေးတဲ့သဘောပါ။ လူတွေ( ကိုဗစ်စည်းကမ်း) လိုက်နာမူရှိလာအောင်လို့လေ” ဟု ဦးထွန်းထွန်းလင်းက ပြောသည်။ တိုင်းအတွင်း ကိုဗစ်ပိုးတွေ့မှူနှုန်း တစ်နေ့ထက် တစ်နေ့များပြားလာနေပြီး သေဆုံးမှုလည်း မြင့်တက်လျှက်ရှိသည်။ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဩဂုတ်လ ၁၆ ရက်အထိ ထုတ်ပြန်ချက်တစ်ခုတည်းတွင်ပင် ပိုးတွေ့လူနာ ၈၁၄၃ […]

နေအိမ်ဗုံးပေါက်၍ တာဝန်မှ နှုတ်ထွက်ထားသည်ဆိုသည့် အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်ခံရ

diz_admin

August 16, 2021

နေအိမ်တွင် ဗုံးပေါက်ကွဲပြီးနောက် တာဝန်မှ နှုတ်ထွက်ထားသည်ဆိုသည့် ပုလောမြို့နယ် လက္ကူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသက်နိုင်သည် သြဂုတ်လ ၁၄ ရက်ညက သေနတ်ဖြင့် ပစ်ခံရကြောင်း ယင်းရွာနေ ဒေသခံအချို့ထံမှ သိရသည်။ တပ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးဖြစ်သည့် ဦးသက်နိုင်၏ နေအိမ်တွင် ဇူလိုင်လဆန်းပိုင်းက ဗုံးဖောက်ခံရပြီးနောက်တစ်ရက်တွင် နှုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၁၄ ရက် ည ၁၀ နာရီခန့်တွင် ၎င်းနေအိမ်၌ပင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လက်ရှိတွင် ပုလောဆေးရုံသို့ တင်ပို့ထားသည်ဟု သိရကြောင်း ယင်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါအချိန်တွင် သေနတ်သံနှစ်ချက်ကြားရပြီး ဦးသက်နိုင်တွင် ဖောက်ဝင်ဒဏ်ရာ ၈ ချက်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုနောက် ဦးသက်နိုင်အား ပုလောဆေးရုံတွင် သြဂုတ်လ ၁၅ ရက်နံနက်က ခွဲစိတ်ကုသနေသည်ဟု သိရကြောင်း […]

ကုန်ပစ္စည်းသယ်လှေများအတွက် ထိုင်းဘက်က အချိန်တိုးပေး

diz_admin

August 14, 2021

နယ်စပ်ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းဘက်ကမ်းသို့ကူးပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေသည့်လှေများ ကမ်းကပ် ရပ်နားခွင့်အား ထိုင်းနိုင်ငံမှ အချိန်တိုးပေးလိုက်ကြောင်း စုံစမ်းသိရသည်။ ယခင်က ကော့သောင်းမြို့မှ ကုန်တင်လှေများ ရနောင်းဆိပ်ကမ်းတွင် ရပ်နားခွင့်ကို နံနက် ၆ နာရီမှ နေ့လယ် ၁ နာရီအထိသာ ခွင့်ပြုပေးထားသည်။ လက်ရှိတွင် ဩဂုတ်လ ၁၃ ရက်မှစပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အချိန်တိုးပေးလိုက်ကြောင်း ရွှေ့ပြောင်းအလုပ်သမား များအား ကူညီပေးနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ ကော့သောင်းတာဝန်ခံ ဦးမိုးဝေက ပြောသည်။ ကမ်းကပ်ရပ်နားခွင့်အချိန်တိုးပေးခြင်းကို ထိုင်းနိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ကော်မတီက ခွင့်ပြုပေးလိုက်ကြောင်း ၎င်းက ဆိုသည်။ “ကုန်တင်လှေတွေ ပစ္စည်းတင်တဲ့လှေတွေကို အခုက ညနေ ခြောက်နာရီအထိ ထိုင်းဘက်ကနေ ခွင့်ပြုပေးလိုက်တော့ […]

ရေးတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ

diz_admin

August 14, 2021

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းရွာသစ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သြဂုတ်လ ၁၃ ရက်ညက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ထိန်းကို ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်က အမည်အသိလူနှစ်ယောက်က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် နိုင်ထိန်းသည် ပေါင်တွင် ဒဏ်ရာရရှိသွားပြီး လမိုင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ၎င်းတို့ ပစ်ခတ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း Ye People Defence Force အဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ ရေးမြိုနယ်တွင် ယခုကဲ့သို့ ပစ်သတ်ခံရသည့် ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ရေးမြို့ အောင်မေတ္တာရပ်ကွက် အလက […]

မော်လမြိုင်တွင် ကတ်မပါပဲ အပြင်ထွက်သူကို စတင်အရေးယူမည်

diz_admin

August 14, 2021

နေအိမ်တွင်နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများ အပြင်ထွက်သွားလာခွင့်ကတ်မပါဘဲ အပြင်ထွက်သူများကို သြဂုတ်လ ၁၄ ရက်နေ့တွင် စတင်အရေးယူ‌တော့မည်ဖြစ်‌ကြောင်း သိရသည်။ ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်နေသည့် မော်လမြိုင်မြို့နယ်ကို ဇူလိုင်လ ၈ ရက်နေ့ကစပြီး Stay at Home အဖြစ် သတ်မှတ်ကြောင်းကြေညာပြီးနောက် ရပ်ကွက်အတွင်းရှိနေအိမ်များအား တစ်အိမ်လျှင် အပြင်ထွက်လာခွင့်ကတ်တစ်ခုစီ ထုတ်ပေးထားသည်။ ထိုကတ်ဖြင့် တစ်အိမ်လျှင် တစ်ယောက်သာ အပြင်ထွက်သွားလာရန် ကန့်သတ်ခဲ့သည်။ အပြင်ထွက်လာခွင်းကတ်ပြားမပါဘဲ အပြင်ထွက်သွားလာနေသည်ကို စစ်ဆေးတွေ့ရှိပါက စတင်အရေးယူသွားမည်ဟု တပ်ကောင်စီက ရပ်ကွက်အချို့တွင် လိုက်လံကြေညာထားသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။ “ဒီနေ့ (သြဂုတ် ၁၄) ကစပြီးတော့ပေါ့။ ကတ်မပါဘဲ အပြင်ထွက်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူမယ်လို့ မနေ့ (သြဂုတ် ၁၃) ညက လာအော်သွားတယ်” […]

ထားဝယ်တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်ထားဝယ်သေဆုံးသူ ၁၅၀ နီးပါး

diz_admin

August 14, 2021

ထားဝယ်မြို့တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၅၀ ခန့် ရှိပြီဖြစ်ကြောင်း နာရေးကူညီမှု(ထားဝယ်)ထံမှ သိရသည်။ သြဂုတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စာရင်းများအရ ကိုဗစ်ကြောင့် သေဆုံးရသည့် အလောင်း ၁၄၉ လောင်းအား ထားဝယ်သုဿန်တွင် မီးသင်္ဂြိုဟ်ပေးရကြောင်း ထားဝယ်နာရေးကူညီမှုထံမှ သိရသည်။ ထားဝယ်ဒေသတွင် ကိုဗစ်ကြောင့် ဆုံးပါးရသူမှာ ယခုလတွင် ရုတ်တရက်မြင့်တက်သွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လတစ်လလုံးတွင်မူ ကိုဗစ်ကြောင့် သေဆုံးသူ ၆၁ ဦးသာ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း အထက်ပါအဖွဲ့ စာရင်းများအရ သိရသည်။ တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့်စာရင်းတွင်မူ သြဂုတ်လ ၁ ရက်မှ ၁၂ ရက်နေ့အထိ ထားဝယ်မြို့နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၄ ဦးရှိကြောင်း ဖော်ပြထားသည်။ သို့ရာတွင် သြဂုတ်လ […]

မွန်တွင် နှစ်လကျော်အတွင်း ကိုဗစ်လူနာ ၈၀၀ ကျော်သေဆုံး

diz_admin

August 14, 2021

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် နှစ်လကျော်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော် သေဆုံးသွားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုလည်း မြင့်တက်လာခဲ့သည်။ ကျန်းမာရေးဌာန၏ ထုတ်ပြန်သည့်စာရင်းအရ ဇွန်လမှ သြဂုတ်လ ၁၂ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း၌ ကိုဗစ် အတည်ပြုလူနာ ၈၀၀ ဦးကျော် သေဆုံးသွားခဲ့သည်။ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် သေဆုံးလူနာ အရေအတွက်သည် ဆေးရုံတွင် တက်ရောက်ဆေးကုသရင်း သေဆုံးသွားသူများစာရင်းသာဖြစ်ပြီး နေအိမ်တွင် သေဆုံးသွားသူများစာရင်းပါ ပေါင်းလိုက်ပါက သေဆုံးလူနာ ထောင်ချီရှိနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “အိမ်မှာ ဆုံးသွားတဲ့ positive လူနာတွေလည်း အများကြီးရှိပါတယ်၊ ပြီးတော့ ကိုဗစ်သံသယနဲ့ ဆုံးသွားတဲ့လူတွေလည်း ရှိတယ် ဆိုတော့ သေဆုံးမှုက ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စာရင်းထက်တော့ […]

အလုပ်ထုတ်ပယ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအား အလုပ်ပြန်ခန့်မည်ဟုဆို

diz_admin

August 14, 2021

ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားသည့်အပေါ် ဝေဖန်ခဲ့သဖြင့် အလုပ်ထုတ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေး အရာရှိအား အလုပ်ပြန်ခန့်မည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုတယ်ကုမ္ပဏီ၏ လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မိုးမြင့် ကိုဗစ်ကူးစက်ခံရချိန်မှ သေဆုံးချိန်အထိ ကုမ္ပဏီဘက်မှ တာဝန်ပျက်ကွက်ခဲ့ကြောင်း လုံခြုံရေးအရာရှိဖြစ်သူ မထားရည်မွန်က ဩဂုတ်လ ၈ ရက်တွင် လူမူကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဝေဖန်ပြောဆိုခဲ့သည်။ ယင်းကဲ့သို့ ပြောဆိုမူသည် ကုမ္ပဏီ၏ ပုံရိပ်ကို ထိခိုက်ခဲ့ခြင်း၊ မထားရည်မွန်သည် ယခင်က အာဏာဖီဆန်ရေး လှုပ်ရှားမူ (CDM) တွင် ပါဝင်ခဲ့ဖူးသဖြင့် သတိပေးခံခဲ့ရဖူးခြင်း စသည်တို့ကြောင့် တိုတယ်ကုမ္ပဏီ၏ လုံခြုံရေးရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ သို့သော် ရက်အနည်းငယ်အကြာတွင်ပင် ကုမ္ပဏီတာဝန်ရှိသူတို့ဘက်က မထားရည်မွန်အား အလုပ်ပြန်ခန့်မည်ဟု ဦးကိုကိုဦးက ပြောဆိုလာသည်။ ဦးကိုကိုဦးမှာ Atalian Global Service ကုမ္ပဏီတွင် […]