ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆလုံ ကျွန်းများအထိ ကိုဗစ်ပျံ့နှံ့

diz_admin

October 5, 2021

မော်ကင်းဆလုံလူမျိုးများ နေထိုင်သည့် တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများအထိ ကိုဗစ်ပိုးပျံ့လာနေကြောင်းဒေသခံများ ထံမှသိရသည်။ မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်အတွင်းဆလုံလူမျိုးများနေထိုင်သည့် ကျွန်းရွာ ၁၁ ရွာ ရှိသည့်အနက် ထက်ဝက်နီးပါး ကိုဗစ်ရောဂါပိုးပျံ့နှံ့ခဲ့ကြောင်း ဒေသခံများကပြောသည်။ ဆလုံကျေးရွာများဖြစ်သည့် ဒုံးပုလဲအော်၊ ပရောဝါး၊ ဂျာအုံး၊ မကြုံဂလက်၊ လငန်း စသည့်ကျေးရွာများသို့ ရောဂါပိုးပျံ့နှံ့ကူးစက်ခံခဲ့ရပြီး တခြားလက်လှန်းမမီသည့် ဆလုံကျေးရွာများတွင်လည်း ကူးစက်နိုင်ခြေရှိကြောင်း လငန်းကျေးရွာနေ ဒေသခံရွာသား တစ်ဉီးကပြောသည်။ “ပြီးခဲ့တဲ့လ(စက်တင်ဘာ)ကစပြီး အနံ့တွေပျောက်ကြတယ်။ စားလို့မဝင်ဘူး အဖျားတွေတက်ကြတယ်။ ကိုက်ခဲတယ်။ ဒီလက္ခဏာတွေ ဖြစ်ကြတယ်”ဟု လငန်းကျေးရွာနေ အသက် ၆၀ အရွယ် ရွာသားတစ်ဦး ကပြောသည်။ ငါးဖမ်းရာသီစတင်သည့် သြဂုတ်လမှစကာ ကမ်းဝေးငါးဖမ်းလှေကြီးလှေငယ်များ ငါးဖမ်းရင်း ဆလုံရွာများသို့ ဝင်ထွက် သွားလာခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ဝင်ထွက်မှုမှတစ်ဆင့် ရောဂါကူးစက်ခံရမှု ဖြစ်နိုင်ဖွယ်ရှိကြောင်း ဒေသခံများက ပြောဆိုဝေဖန်ကြသည်။ “လှေကြီးလှေငယ် […]

မောတောင် နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၆၀ ဦးကျော် အဖမ်းခံရ

diz_admin

October 5, 2021

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်၊ ပရာကျွတ်ခီရီခန်ခရိုင်တွင် နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၆၀ ဦးကျော်အား ထိုင်းဘက်မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ နယ်စပ်မှတစ်ဆင့် ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း အလုပ်သမားတို့နှင့် ‌ဦးစီးခေါ်ဆောင်လာသူတစ်ဦးအပါအဝင် ၃၄ ဦးတို့ကို အောက်တိုဘာလ ၃ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ၄ ရက်နေ့တွင် ၂၅ ဦးအား ထပ်မံဖမ်းမိခဲ့ကြောင်း ထိုင်းနိုင်ငံ၏ တပ်ဘက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နာ Facebook page တစ်ခုတွင် ရေးသားဖေါ်ပြထားသည်။ ဖမ်းဆီးမိသူများအနက် တနင်္သာရီတိုင်း‌ဒေသကြီးအတွင်းနေသူများလည်း ပါဝင်ကြောင်း သိရသည်။ စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ဘေးတို့ ရင်ဆိုင်နေရသည့်အချိန် မြန်မာစီးပွားရေး ကျဆင်းပြီး အလုပ်အကိုင်လိုအပ်ချက်များလာသဖြင့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ဓာတ်ပုံ – ထိုင်းတပ်မတော်

ထားဝယ်ရိုးရာသပိတ်မျောပွဲ မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတက်

diz_admin

October 4, 2021

ထားဝယ်ရိုးရာသပိတ်မျောပွဲတော်ကျင်းပရန် မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတွေတက်နေကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူအချို့ထံက သိရသည်။ ယခင်က သပိတ်အိုးတစ်လုံးလျှင် ဖောက်သည်ဈေး ၄၅၀ ကျပ်မှ ၅၀၀ ကျပ်ခန့်သာရှိပြီး လက်ရှိတွင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အတွင်း ဖြစ်နေသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ ယင်းပြင် ယခင်က ဆီမီးခွက်တစ်ထောင်လျှင် ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ခန့်သာရှိသော်လည်း ယခုနှစ်တွင် ၄၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ဝန်းကျင်ခန့်ပေါက်ဈေးဖြစ်နေကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူ အချို့က ပြောသည်။ ဈေးကွက်ဝယ်လိုအားများပြီး ပစ္စည်းမထုတ်လုပ်နိုင်သဖြင့် သပိတ်အိုးနှင့် ဆီမီးခွက်ဈေးများ လိုက်တက်လာခြင်းဖြစ်ပြီး အိုးလုပ်ရာတွင် အသုံးပြုသည့် ဆေးပုံနှင့် အခြားပစ္စည်းဈေးများလည်းတက်နေသဖြင့် ဈေးတက်လာခြင်းဖြစ်သည်ဟု ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်မှ ဒေါ်ပန်းအိဖြူက ပြောသည်။ “ကိုဗစ်ဖြစ်တာနဲ့ နိုင်ငံရေးအခြေအနေကြောင့်ဆိုပြီး ရပ်နားလိုက်တယ်။ အိုးမရောင်းရဘူးဆိုပြီးတော့။ […]

မွန်တွင် ကိုဗစ် ကန့်သတ်ချက်အချို့ စတင်ဖြေလျှော့

diz_admin

October 4, 2021

ကိုဗစ်ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာသည့် မွန်ပြည်နယ်အတွင်း၌ ကိုဗစ်ဆိုင်ရာကန့်သတ်ချက်အချို့ကို စတင်ဖြေလျှော့လာခဲ့သည်။ မွန်ပြည်နယ်တွင် ရောဂါကူးစက်မှုနှုန်းမြင့်တက်ခဲ့သည့် ဇူလိုင်လဆန်းနောက်ပိုင်း ပြည်နယ်အတွင်းရှိ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ရောင်းချသည့်ဆိုင်ကလွဲပြိး ဈေးဆိုင်များအားလုံးကို ရောင်းချခွင့် ကန့်သတ်ခဲ့သည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု လျော့ကျလာသည့်နောက် အောက်တိုဘာလဆန်းပိုင်းတွင် နေအိမ်တွင် နေထိုင်ရန် (Stay at Home) မသတ်မှတ်ထားသည့် မုဒုံ၊ ရေး၊ ကျိုက်မရော၊ ပေါင်နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ဆိုင်များအပြင် ဈေးဆိုင်များအားလုံးကို ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့သည်။ နေအိမ်တွင် နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မော်လမြိုင်၊ သံဖြူဇရပ်၊ ဘိးလင်း၊ သထုံနှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များကိုတော့ ဆက်လက်ကန့်သတ်ထားမည်ဖြစ်ပြိး Stay at Home အစိအစဉ် ပယ်ဖျက်သည့်အခါမှသာ ပြန်လည် ဖွင့်လှစ်ခွင့် […]

ထိုင်းနယ်စပ် ဖြတ်ခွင့်ရရန် ကော့သောင်းလူထု အလုအယက် ကိုဗစ်ကာကွယ်ဆေးထိုး

diz_admin

October 3, 2021

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူသက္ကခန်းမတွင် အောက်တိုဘာလ ၃ ရက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဒေသခံအများအပြား အလုအယက် ကာကွယ်ဆေး ထိုးနှံရန် ရောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် အထောက်အထားပြနိုင်သူများကိုသာ ထိုင်းနိုင်ငံဘက်သို့သွားရောက်ခွင့်ပြုမည်ဆိုသည့် သတင်းကြောင့် ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် တိုးဝှေ့ကာကွယ်ဆေး သွားရောက်ထိုးနှံနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ “မနက်ငါးနာရီလောက်ကတည်းက လာတန်စီးပြီးစောင့်နေကြတာ” ဟု မြို့ခံတစ်ဦးက ဆိုသည်။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်ရန်အတွက် မြန်မာ၊ ထိုင်းနှစ်နိုင်ငံတာဝန်ရှိသူတို့က ကြိုးစားနေပြီး ယင်းသို့နယ်စပ်ဂိတ်ပြန်ဖွင့်ပါက ကိုဗစ်ကာကွယ်ဆေးထိုးထားသူများကိုသာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ပြုမည်ဆိုသည့် သတင်းများကြားနေရကြောင်း ရွေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် အဖွဲ့က တာဝန်ခံ ဦးမိုးဝေက ပြောသည်။ “ကိုဗစ်ဆေးထိုးထားတဲ့ အထောက်အထားဆိုတာက ခရီးသွားဖို့လာဖို့မှာ မှတ်ပုံတင်လိုမျိုးဖြစ်လာတာကိုး” ဟု ဦးမိုးဝေကဆိုသည်။ ယခင်က ကော့သောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ခေါ်ယူသော်လည်း […]

ထားဝယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲ ပြင်းထန်

diz_admin

October 3, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ကျွဲခြံရွာတွင် စစ်ကောင်စီတပ်နှင့် ဒေါင်းမင်းစစ်ဆင်ရေးပျောက်ကြားတပ်ဖွဲ့ TYC-PDF တို့ ယနေ့ နံနက် အာရုံဦးတွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။ အောက်တိုဘာလ ၃ ရက် ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်မှ နံနက် ၈ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဆယ်ဦးခန့်သေဆုံးကာ ဆယ်ဦးကျော် ဒဏ်ရာရသည်ဟု ခန့်မှန်းရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။ “အနီးကပ်တိုက်ထားတာဆိုတော့လေ၊ ပစ်ခတ်တာရပ်စဲသွားတဲ့အထိ လက်နက်ကြီးတွေနဲ့ လျှောက်လိုက်ပစ်နေတယ်၊ အခုလဲပြန်ထွက်တာမှာ သေနတ် ဖောက်ဖောက်ပြီး ပြန်ထွက်နေတယ်” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။ Local-TYC PDF ဘက်က နှစ်ဦး ဒဏ်ရာရပြီး ပျောက်ဆုံးရာမှ ပြန်တွေ့သူတစ်ဦးမှာ ဒဏ်ရာရထားပြီး […]

တနင်္သာရီတိုင်း လေကြောင်းခရီးစဉ်အချို့ ယခုလကုန်အထိ ဆက်ရပ်နား

diz_admin

October 2, 2021

တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အချို့ကို ယခုလကုန်အထိ ဆက်လက်ရပ်နားထားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည် တိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် အဲယားKBZ အနေဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ကာကွယ်ရန် အာဏာပိုင်များက ထုတ်ပြန်ထားသည့် သွားလာမှုကန့်သတ်ခြင်း အမိန့်လမ်းညွှန်ချက် အရ ယင်းကဲ့သို့ ရပ်နားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယခင်က တနင်္သာရီတိုင်းအတွင်းသို့ အဲယားKBZ ၊ မန်းရတနာပုံ၊ ရွှေမြန်မာနှင့် MNA နှင့် MAI လေကြောင်းလိုင်းများ ပြေးဆွဲခဲ့သည်။ ထိုနောက် ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ အဆိုပါလေကြောင်းလိုင်းများ ပြေးဆွဲမှုကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် မန်းရတနာပုံလေကြောင်းလိုင်းအနေဖြင့် အောက်တိုဘာလ ၈ ရက်နေ့အထိ ရပ်နားထားပြီး […]

ဒေါ်လာအတက် ကုန်ဈေးနှုန်းအခက်

diz_admin

October 1, 2021

လက်ရှိတွင် မြန်မာငွေဈေးနှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာငွေလဲနှုန်း အဆမတန်မြင့်လာသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ဈေးကွက်ပေါက်ဈေးအရ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။ တပ်အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၄၀၀ ကျပ် ဝန်းကျင်သာရှိသည်။ ထို့အပြင် ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ဝန်းကျင်နှင့် တရုတ်ငွေတစ်ယွမ်လျှင် မြန်မာငွေ ၄၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြောက်သွားသည်။ ထိုသို့ ငွေလဲဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအပြင် လူထုလူတန်းစားပေါင်းစုံအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးက စားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းအားလုံးနီးပါးမှာ အိမ်နီးချင်းနိုင်ငံထုတ် ပစ္စည်းများအပေါ်တွင် အဓိကမှီခိုနေသည်။ မြန်မာကျပ်ငွေဈေးကျဆင်းလာခြင်း၏ အကျိုးဆက်အနေနှင့် ပစ္စည်းအားလုံး၏ဈေးမှာ ယခင်ထက် နှစ်ဆခန့် နေ့ချင်းညချင်း ခုန်တက်သွားခဲ့သည်။ ယခင်က နိုင်ငံခြားမှ […]