ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စော်ဖျားရွာတွင် အမျိုးသမီးနှစ်ဦး အဖမ်းခံရ

diz_admin

October 7, 2021

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် အောက်တိုဘာလ ၇ ရက် ‌နေ့လယ်ပိုင်းက အမျိုးသမီးနှစ်ဦး အဖမ်းခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံရသူနှစ်ဦးမှာ အသက် ၂၈ နှစ်ဝန်းကျင်အရွယ် မအေးမာနှင့် မနီဆိုသူတို့ဖြစ်ကြောင်း‌ ဒေသခံများက ဆိုသည်။ “စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာပါ။ ဘယ်ကိုခေါ်သွားတာလဲဆိုတာတော့ မသိရသေးဘူး။အခုထိတော့ ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းအပြင် စော်ဖျားရွာရှိ သံဃာတော်နှစ်ပါးဖမ်းဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။ အောက်တိုဘာလ ၅ ရက်က‌ စော်ဖျားရွာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အမည်မသိ လူတစ်စုက သေနတ်နဲ့ လာရောက်ပစ်ခတ်ပြီးနောက် စစ်တပ်က ကျေးရွာအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မြိတ်အဝေးပြေးကားဝင်းတွင် ရွှေ့ပြောင်းအလုပ်သမား ၆၀ ဦးခန့်ဖမ်းဆီးခံရ

diz_admin

October 6, 2021

မြိတ်မြို့အဝင် ကလွင်ကျေးရွာအုပ်စုတွင်းရှိ အဝေးပြေးကားဝင်းဟောင်းတွင် အောက်တိုဘာလ ၄ ရက်နေ့က ရွေ့ပြောင်းအလုပ်သမား ၆၀ ဦးခန့်အား ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ ရွေ့ပြောင်းအလုပ်သမားတို့သည့် ပွဲစားတို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် အလုပ်သွားရောက်လုပ်ကိုင်ကြရန် လာရောက်ကြခြင်းဖြစ်ကြောင်း မြိတ်-ထားဝယ် ခရီးသည်ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပြသည်။ “ဘောလုံးတွေပဲ ဖြစ်ဖို့များတယ်” ဟု အထက်ပါ ယာဉ်လိုင်းပိုင်ဆိုင်က ပြောသည်။ တနင်္သာရီတိုင်းတွင် ထိုင်းသို့ တရားမဝင်နည်းလမ်းဖြင့် သွားရောက်ကြသူတို့အား ဘောလုံးအဖြစ်ခေါ်ဆိုကြခြင်းဖြစ်သည်။ ထို့ပြင် အဝေးပြေးကားဝင်းထိပ်ရှိ ကားလက်မှတ်အရောင်းဆိုင်ရှင် လင်မယားတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြိတ်-ထားဝယ် ယာဉ်လိုင်းပိုင်ရှင်က ပြောပြသည်။ မြန်မာရွေ့ပြောင်းအလုပ်သမားတို့အား စစ်တပ်ဘက်မှလာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး အကျိုးအကြောင်း သေချာမသိရကြောင်း မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ကိုဗစ် စတုတ္ထလှိုင်းအား လှမ်းကြည့်ခြင်း

diz_admin

October 6, 2021

လောင်းလုံးမြို့နယ်မှ ဒေါ်မြမြ တို့လင်မယားနှစ်ဦးစလုံး စက်တင်ဘာလကုန်ခန့်တွင် ကိုဗစ်ကူးစက်ခံလိုက်ရသည်။ ကနဦးတွင် ရောဂါမပြင်းထန်သဖြင့် အိမ်တွင်သာကုနေခဲ့ရာ မသက်သာသည့်အပြင် ပိုဆိုးလာသဖြင့် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ တက်လိုက်ရသည်။ ဒေါ်မြမြ (အမည်လွှဲ) ဆေးရုံရောက်ချိန် လင်မယားနှစ်ဦးစလုံးအတွက် ဆေးကုသစရိတ် သိန်းငါးဆယ်လောက်ကုန်ကျနိုင်တယ်ကြောင်း သိရချိန်တွင် သူတို့မိသားစု မျက်လုံးပြူးရတော့သည်။ “အဲဒါတောင်မှ အချိန်နည်းနည်းယူ စဉ်းစားပြီး ဆေးကုမယ်ပြောတာ၊ အခန်းမရှိတော့ဘူးတဲ့။ လူဘယ်လောက်များလဲဆိုတာ အဲဒါသာကြည့်တော့ မိနစ်သုံးဆယ်ကို မကြာလိုက်ဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ လက်ရှိ တိုင်းပြည့်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့မူနှုန်း လျော့ကျလာနေသည်ကိုတွေ့ရသည်။ သို့သော် ကျေးရွာများတွင်မူ ကိုဗစ်ပိုးတွေ့မူ တဖန်များပြားလာနေသည့်အနေအထား ဖြစ်ကြောင်း သက်ဆိုင်ရာ ကျေးရွာကိုဗစ်လူနာစင်တာ တာဝန်ရှိသူအချို့က ပြောသည်။ အချို့ကိုဗစ်လူနာများမှာ နေအိမ်တွင်ပင်နေပြီး ကုသနေကြသလို အချို့ကလည်း ပုဂ္ဂလိကဆေးရုံများထံ သွားရောက်ကုသနေကြသည်။ ယင်းသို့ကုသရာတွင် ကုန်ကျစရိတ်များပြားသဖြင့် […]

တနင်္သာရီတိုင်းက လူရှစ်ထောင်ကျော်ကို မှတ်ပုံတင်အသစ်ထုတ်ပေး

diz_admin

October 6, 2021

ပန်းခင်းစီမံချက်အမည်ဖြင့် တနင်္သာရီတိုင်းအတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း တိုင်းကောင်စီ လူမှုရေးဝန်ကြီး ဦးယာဉ်ထွေး ကပြောသည်။ မေလ ၃ ရက်မှစပြီး အသက် ၁၆ နှစ်နှင့်အထက် ပြည့်သူတိုင်းအား မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အောက်တိုဘာလ ပထမအပတ်အထိ မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်၊ ပျောက်ဆုံး၊ ပျက်စီး လဲလှယ်သူ နှစ်ထောင်ကျော် စုစုပေါင်း လူဦးရေ တစ်သောင်းကျော်အား မှတ်တင်ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ လူဦးရေ တစ်သိန်းကျော် (၁၁၅၈၉၇ ဦး) အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလမတိုင်မီ ပြီးစီးအောင် မှတ်ပုံတင်ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လျာထားသည်။ ယင်းကဲ့သို့လျာထားဆောင်ရွက်နေစဉ်အတွင်း ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးဖြစ်စဉ်တို့ကြောင်း ယင်းကိစ္စနှောင်းနှေးကြန့်ကြာမှုဖြစ်ပွားခဲ့ကြောင်းဆိုသည်။ “အခုတော့ ရွာတွေအထိကွင်းဆင်းပြီး လုပ်ပေးနေပါပြီ” ဟု ဦးယဉ်ထွေးက ဆိုသည်။ ပုံစာ – […]

မြိတ် Stay at Home အသက်ဝင်နေဆဲဖြစ်ကြောင်း ထပ်ကြေညာ

diz_admin

October 6, 2021

မြိတ်မြို့အား ကိုဗစ်ပိုးတွေ့ရှိမှုများနေသဖြင့် Stay at home မြို့နယ်ဖြစ်ကြောင်း သက်ဆိုင်ရာ ကိုဗစ်ကာကွယ်ရေး ကော်မတီက လိုက်လံ ကြေညာလျက်ရှိသည်။ မြိတ်တွင် လူအသွားအလာ များပြားလာခြင်း၊ ဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းတို့ကြောင့် မြို့နယ် ကိုဗစ်နိုင်တီးကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီက အမိန့်ထုတ်ပြန်ခြင်းနှင့် မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးခြင်းတို့ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့အား Stay at home မြို့နယ်တို့အဖြစ်ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။ အဆိုပါ အမိန့်ထုတ်ပြန်ပြီး တစ်လကျော်အကြာ စက်တင်ဘာလ နောက်ဆုံးပတ်မှစပြီး ပြင်ပသို့ သွားလာမှုများလာခြင်းနှင့် စားသောက်ဆိုင်တစ်ချို့ ဖွင့်လှစ်ရောင်းချခြင်းတို့ ပြုလုပ်‌မှုများရှိနေကြောင်း သိရသည်။ Stay at home စတင်သက်ဝင်စဉ်က နေအိမ်ပြင်ပသို့ သွားလာရာခွင့်ကတ်ပြားများ ထုတ်ပေးသည့်ခဲ့ရာ […]

လောင်စာဆီဈေးကြောင့် ကျွန်းစုအမြန်ယာဉ် တွက်ခြေမကိုက်

diz_admin

October 5, 2021

ကျွန်းစုနှင့် မြိတ်မြို့သို့ခရီးသည်တင် ပြေးဆွဲနေသည့် အမြန်ယာဉ်အချို့ လောင်စာဆီဈေး မြင့်တက်လာမှုကြောင့် တွက်ခြေမကိုက်ဘဲ ပြေးဆွဲနေရကြောင်း အမြန်ယာဉ်ပိုင်ရှင် အချို့ထံမှသိရသည်။ ကိုဗစ်တတိယလှိုင်းကြောင့် နှစ်လကျော်အကြာရပ်နားထားသည့် အမြန်ယာဉ်များသည် အောက်တိုဘာလ ၂ ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီး လောင်စာဆီဈေးကြောင့် အရှုံးဖက်သို့ ဦးတည်နေသည်ဟု လှေပိုင်ရှင်များကပြောသည်။ “ဆီဈေးက သုံးသိန်းနှစ်သောင်းခွဲဆိုတော့ အရှုံးခံပြီးဆွဲနေရတယ်”ဟု ကျွန်းစုမြို့နှင့်မြိတ်မြို့သို့ပြေးဆွဲနေသည့် အမြန်ယာဉ်ပိုင်ရှင် တစ်ဉီးကပြောသည်။ ကျွန်းစုမှမြိတ်သို့ ယခင်ကလှေတစ်ခေါက်ပြေးဆွဲလျှင် ခရီးသည်တစ်ရာကျော် လိုက်ပါလာလေ့ရှိပြီး ယခုအခါ ခရီးသည် ငါးဆယ်နှင့်ခြောက်ဆယ်ကြားသာ ရှိတော့ကြောင်း သိရသည်။ “အမြန်ယာဉ်ခကတော့ အရင်အတိုင်းပဲ”ဟု ရွှေပင်ဂွင်းအမြန်ယာဉ် ပိုင်ရှင်ကပြောသည်။ ဆီဈေးမတက်မီ အချိန်ကတည်းကခရီးသည်တစ်ဦးလျှင် အမြန်ယာဉ်ခ ကျပ်သုံးထောင်ကျပ်ပေး ရပြီး လက်ရှိအချိန်တွင်လည်း ယခင်နှုန်းထားအတိုင်း ပြေးဆွဲနေရကြောင်း အမြန်ယာဉ်ပိုင်ရှင်များ ထံမှသိရသည်။ ကျွန်းစုမှမြိတ်သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်သုံးစီးရှိပြီး လှေတစ်စီးလျှင် တစ်နေ့ […]

ဒေါ်ငြိမ်းမှ ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့် နှစ်လပိတ်

diz_admin

October 5, 2021

ဧရာဝတီတိုင်းရှိ ဒေါ်ငြိမ်းကမ်းခြေမှ တနင်္သာရီတိုင်း ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့်နှစ်လပိတ်ကာ ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။ သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ရေးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက ကမ်းလွန်လုပ်ကွက် M3 ဒေါ်ငြိမ်းကမ်းခြေမှ M9 ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါရေကြောင်းသတိပေးထုတ်ပြန်ချက်အား စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ Nearshore geophysical site investigation (ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု)နှင့် Survey for domestic gas to power project pipeline survey လုပ်ကိုင်ရာတွင် […]

ထားဝယ်အရှေ့တောဒေသ ကျန်းမာရေးအတွက် အခက်တွေ့

diz_admin

October 5, 2021

မေတ္တာမြို့အပါအဝင် ထားဝယ်အရှေ့တောဒေသနေသူများ ကျန်းမာရေးအတွက် အခက်တွေ့နေရကြောင်း ဒေသခံပရဟိတ အသင်းအချို့ထံမှ သိရသည်။ ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့တွင် ပြည်သူ့ဆေးရုံရှိသော်လည်း ဆရာဝန်နှင့်သူနာပြုမရှိသည့်အတွက် လူနာလက်မခံဖြစ်နေကြောင်း ယင်းအဖွဲ့များက ဆိုသည်။ ထိုကြောင့် ထားဝယ်အရှေ့တောနေ ပြည်သူများကျန်းမာရေးအရ ဆေးရုံဆေးခန်းပြရန် လိုအပ်လာပါ မိုင်၃၀ ကျော်ဝေးသည့် ထားဝယ်မြို့တွင် လာရောက်ပြသကုသနေရကြောင်း ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာ အခြေစိုက် TTL အာယုဒါန ရှာဖွေကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ကိုပြည့်ဇော်ဟိန်းက ပြောသည်။ လက်ရှိတွင် မေတ္တာဆေးရုံ၌ ဆရာဝန်တစ်ဦးသာရှိသည့်အတွက် လူနာလက်ခံခြင်းမရှိသေးကြောင်း သိရသည်။ ထိုကြောင့် ကိုဗစ်ရောဂါ အပါအဝင် အခြားရောဂါသည်များမှာ ထားဝယ်မြို့ သို့မဟုတ် အရှေ့တောဒေသ ကျောက်မဲတောင်ရွာရှိ ဆာဒိုဝါးပုဂ္ဂလိကဆေးခန်းတွင် ကုသနေရကြောင်း ကိုပြည့်ဇော်ဟိန်းက ဆိုသည်။ “အရှေ့တောတစ်ခွင်လုံးက မေတ္တာဆေးရုံကိုပဲ အားကိုးနေရတယ်” ဟု ၎င်းက ပြောသည်။ […]