သီတင်းကျွတ်လပြည့်နေ့ မြင်ကွင်း
diz_admin
October 20, 2021သီတင်းကျွတ်လပြည့်နေ့ တွင် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီး၌ ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါသီတင်းကျွတ်လပြည့်နေ့ တွင် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီး၌ ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch
ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ နံနက်စောစောတွင် စည်ကားစွာ ကျင်းပလေ့ရှိသည်။ ယခုနှစ်တွင်မူ ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရ အခြေအနေများကြောင့် မကျင်းပတော့ပေ။ ထိုကြောင့် ဒေသခံအချို့က ထုံးတမ်းမပျက် မိမိအစီအစဉ်ဖြင့် သပိတ်မျှောနေသည်ကို တွေ့ရသည်။ သပိတ်အတွင်း ဆီမီး၊ ဆွမ်း၊ ခဲဖွယ်များထည့်ပြီး ထားဝယ်မြစ်အတွင်း မျှောကြခြင်း ဖြစ်သည်။
သီတင်းကျွတ်လဆန်း ၁၄ ရက် ညဦးတွင်တွေ့ရသည့် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရာကြီးတွင် ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch
မြိတ်မြို့တွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သည့် အမျိုးသားတစ်ဦးသည် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅၀ နှစ်ကျော်ရှိ ဦးထိန်လင်းသည် မြိတ်မြို့ မြိတ်တောင်နယ်မြေ အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းဆုံဂိတ်တွင် ပစ်ခံရခြင်းဖြစ်ပြီး မြိတ်တောင်နယ်မြေအုပ်ချုပ်ရေးမှူးရုံးနှင့် နီးသည်ဟု ဒေသခံအချို့က ဆိုသည်။ “မီးပန်း(ဗျောက်အိုး) ဖောက်တဲ့ အသံမျိုး သုံးချက်တော့ ကြားလိုက်ရတယ်” ဟု အခင်းဖြစ်နေရာအနီး ဖြတ်သန်းသွားလာခဲ့သည့် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ရှိနေစဉ် ပစ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ကပစ်ခတ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။ သေနတ်ဒဏ်ရာရခဲ့သည့် ဦးထိန်လင်းကို တပ်ဆေးရုံသို့ တင်ဆောင်သွားပြီး လက်ရှိတွင် သေဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဦးထိန်လင်းမှာ ကြံ့ခိုင်ရေးပါတီ၏ အမာခံ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တပ်ထောက်ခံရေးဆန္ဒပွဲများတွင် ဦးဆောင်သူတစ်ဦးအနေဖြင့် […]
နိုင်ငံရေးအကျဉ်းသားများကို ဒုတိယနေ့အဖြစ် ဆက်လက်လွှတ်ပေးမည်ဆိုသည့် သတင်းကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့က ထားဝယ်အကျဉ်းထောင်ရှေ့တွင် ပြည်သူများ လာရောက်စောင့်ဆိုင်းနေကြသည်။ နံနက်ကိုးနာရီခန့်မှစကာ လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး တဖြည်းဖြည်းလူများလာကာ နံနက် ၁၁ နာရီခန့်တွင် လူဦးရေ ၂၀၀ ဝန်းကျင်အထိရှိလာကြောင်း ထားဝယ်အကျဉ်းထောင်ရှေ့ကို ရောက်နေသည့် ပြည်သူတစ်ဦးက ဆိုသည်။ “အချို့တွေကတော့ လွှတ်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လာစောင့်နေကြတယ်။ အချို့တွေကတော့ ထားဝယ်ရဲစခန်းမှာ ခံဝန်ထိုးပြီးမှာ လွှတ်ပေးမယ်ဆိုပြီး ပြောနေကြတယ်။ ထောင်ရှေ့မှာတော့ မလွှတ်ပေးဘူးဆိုပြီး ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။ ယမန်နေ့ကလည်း တိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုတွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး မြိတ်အခြေစိုက် သတင်းထောက်နှစ်ဦးနှင့် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုကျော်ထွေးတို့ လွတ်မြောက်လာခဲ့သည်။ ထောင်မှ လွှတ်ပေးသူစာရင်းအတိအကျသိရှိနိုင်ရန် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာန၏ ရုံးဖုန်းသို့ ယမန်နေ့ကတည်းက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း […]
ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းကြောင့်ဟုဆိုကာ ငါးလနီးပါးရပ်နားထားခဲ့သည့် ရန်ကုန်-ကော့သောင်းလေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။ မေလနှောင်းပိုင်းတွင် စတင်ရပ်နားထားခဲ့သည့် လေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က ထုတ်ပြန်ထားသည်။ ရန်ကုန်-ကော့သောင်းခရီးစဉ်အား Embraer 190 အမျိုးအစားလေယာဉ်နှင့် ATR72-600 လေယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း MNA လေကြောင်းလိုင်းက ဖော်ပြထားသည်။ AIR KBZ လေကြောင်းလိုင်းကမူ အောက်တိုဘာလ ၂၁ ရက်နေ့မှစကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရန်ကုန်- ကော့သောင်း လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်သော်လည်း ထားဝယ်နှင့် မြိတ်ခရီးစဉ်များ မပါဝင်သေးကြောင်း ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ “ပြန်ပြေးဆွဲမယ်လို့ မကြားရသေးဘူးရှင်၊ ကျွန်မတို့လည်း မျှော်နေတာပဲ” […]
ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို အောက်တိုဘာလ ၁၈ ရက် ညနေက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် စုစုပေါင်းဦးရေ ၁၀၀ ကျော် ပြန်လွတ်လာသည်ဟု သိရကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။ ကိုကျော်ထွေးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ ကျခံစေရန် ပြီးခဲ့သည့် ဇွန်လက အမိန့်ချခံထားရသည်။ ကိုကျော်ထွေးအပြင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ကိုမင်းသူရလည်း ပြန်လွတ်ပြီဖြစ်ကြောင်း အထက်ပါတရားလွှတ်တော်ရှေ့နေက ပြောသည်။ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရပြီး ထောင်ဒဏ် ၄နှစ်ချမှတ်ခံထားရသည့် သပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကျော်မှာမူ မလွတ်မြောက်သေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိလွတ်ငြိမ်းခွင့်ပေးရာတွင် တနင်္သာရီတိုင်းအတွင်းမှ ပြန်လည်လွတ်မြောက်လာသူ အရေအတွက်အား သိရှိနိုင်ရန် မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။ ဆန္ဒပြရာတွင် […]
အောက်တိုဘာလ ၁၈ ရက်ညနေ ထားဝယ်အကျဉ်းထောင် ရှေ့ မြင်ကွင်း ဓာတ်ပုံ – Dawei Watch