ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

December 3, 2021

ထားဝယ်ခရိုင် ရေဖြူမြို့ (ဃ) ရပ်ကွက် (ဆင်းသေရွာ) က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးနိုင် ခေါ် ဦးအာလူးဆိုသူ ယနေ့ (ဒီဇင်ဘာ ၃) နံနက် ၇ နာရီခန့်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရ သည်။ နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး အရေးပေါ်ကားဖြင့် ထားဝယ် ဆေးရုံ သို့ တင်ဆောင်သွားသော်လည်း သေဆုံးသွားကြောင်း၊ သေနတ်သမားက မည်ကဲ့သို့ လာရောက် ပစ်ခတ်ခံသည်ကိုမူ မသိလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လည်ပင်းမှာ သေနတ်ထိပြီး အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံ တင်သွားတယ်။ ဟိုရောက်တော့ သေသွားတယ်လို့ သတင်းကြားရတယ်” ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ဦးစိုးနိုင် ပစ်သတ်ခံရပြီးနောက် (ဃ) ရပ်ကွက်နေထိုင်သူ အသက် ၇၀ […]

ပုလော ပဝတ်ကုန်းရွာသား သုံးဆယ်ခန့်ကို စစ်တပ်က ဖမ်းဆီး

diz_admin

December 3, 2021

ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာသား သုံးဆယ်ဦးခန့်ကို စစ်တပ်က ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၁နာရီခန့်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာသားများထံမှ သိရသည်။ ပုလောမြို့ အမှတ် (၂၈၅) တပ်ရင်းက ကားသုံးစီးဖြင့် နံနက် ၁ နာရီခန့်တွင် ပဝတ်ကုန်းရွာထဲသို့ ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါတပ်ရင်း၌ ထိန်းသိမ်းထားသည်ဟု သိရကြောင်း ရွာသားများက ပြောသည်။ မည်သည့်အကြောင်းအရင်းကြောင့် ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း ဖမ်းဆီးခံရသူများအနက် အသက် ၅၀ ကျော်အရွယ် အမျိုးသား ငါးဦးဝန်းကျင်နှင့် မိန်းကလေးအချို့လည်း ပါဝင်ကြောင်း ရွာသားများက ပြောပြသည်။ “(လာဖမ်းတဲ့အချိန်မှာ) ရိုက်တာနှက်တာတော့ မရှိဘူး။ ဒီအတိုင်းခေါ်သွားတယ်။ ကျွန်မယောင်္ကျားက တောထဲက ဘယ်သူတွေနဲ့မှလည်း အဆက်အသွယ် မရှိပါဘူး” ဟု ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အသက် […]

တနင်္သာရီအပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာ ဆေးခန်းရက်ချိန်းပျက်မှု မြင့်တက်

diz_admin

December 2, 2021

စစ်အာဏာသိမ်းပြီးနောက် မတည်မငြိမ်မှုများကြောင့် တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာများ ဆေးခန်းရက်ချိန်းပျက်ကွက်မှု မြင့်တက်လာကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) နှင့် တနင်္သာရီအခြေစိုက် လူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။ စစ်အာဏာသိမ်းသည့် ယခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ဆယ်လတာကာလအတွင်း တစ်နိုင်ငံလုံးတွင် ဆေးခန်းရက်ချိန်း ပျက်ကွက်မှု ၂၉၂၉ ခုရှိကြောင်း၊ အဆိုပါ ပျက်ကွက်မှု ပမာဏသည် ယမန်နှစ်ထက် ၈၉ ရာခိုင်နှုန်း ပိုများလာကြောင်း ကမ္ဘာ့ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည့် MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆက်သွယ်၍ မရသည့် လူနာများစွာ ရှိနေကြာင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုင်းနှင့် ပြည်နယ်အလိုက် ဆေးခန်းရက်ချိန်း ပျက်ကွက်သည့် […]

မြိတ်ဒေသထွက် ကဏန်းမဲ ကိုဗစ်မတိုင်ခင် ဈေးနှုန်း ပြန်မရသေး

diz_admin

December 2, 2021

မြိတ်ဒေသမှ ထွက်ရှိသည့် ကဏန်းမဲများ ကိုဗစ်ကပ်ဘေး မဖြစ်ခင်က ဈေးနှုန်းသို့ ပြန်လည် မရောက် သေးကြောင်း ကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။ ကိုဗစ်ကပ်ဘေး မဖြစ်ခင်က တစ်ပိဿာ ကျပ်နှစ်သောင်းရှစ်ထောင်ဖြင့် ဝယ်ယူနေသည့် ကဏန်းမဲများမှာ ယခုအခါ တစ်သောင်းရှစ်ထောင်ကျပ်ဖြင့် ဝယ်ယူနေပြီး ဈေးငြိမ်နေကြောင်း ကဏန်းဝယ်ယူ ရောင်းချနေသူ များက ပြောသည်။ “ဈေးကတော့ ဒီအတိုင်းပဲ သွားနေတယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်မှ ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ဦးအေးလွင် က ပြောသည်။ ဝယ်ယူရရှိသည့် ကဏန်းများကို ယခင်က တရုတ်နှင့် ထိုင်းသို့ တင်ပို့နေသော်လည်း ယခုအခါ ထိုင်း တစ်နိုင်ငံတည်းကိုသာ တင်ပို့နေရသဖြင့် ဈေးနှိမ်ဝယ်ယူနေသည့် အနေအထားဖြစ်နေသည်ဟု ကဏန်း ရောင်းဝယ်သူအချို့က မှတ်ချက်ပေးသည်။ “ကျွန်တော်တို့က ထိုင်းကို အကြွေးနဲ့ ပို့ပေးနေရတယ်။ ငွေက […]

သံဖြူဇရပ်တွင် ဘုန်းကြီးမောင်းလာသည့်ကား ဝင်တိုက်၍ ကျောင်းသူတစ်ဦးသေဆုံး

diz_admin

December 2, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ရေးလမ်းမကြီး ကလိန်ပဒေါကျေးရွာ စာသင်ကျောင်းရှေ့တွင် ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့်ကား ဝင်တိုက်မိသဖြင့် ကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၂) မွန်းလွဲ ၁ နာရီခန့်က အဆိုပါနေရာတွင် ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့် ကားမှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောတွင် စက်ဘီးစီးနှင်လာသည့် ကျောင်းသူကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် စက်ဘီးစီးလာသည့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူသည် ဦးခေါင်း ကွဲကြေဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။ “ကားက အရှိန်မထိန်းနိုင်လို့ စက်ဘီးစီးလာတဲ့ ကျောင်းသူကို ဝင်တိုက်သွားတာ။ ကျောင်းသူကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု စေတနာရှင်နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၁၄ […]

ဘီးလင်းတွင် ဗုံးပေါက်၊ လူနှစ်ဦး သေဆုံး

diz_admin

December 2, 2021

မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဒီဇင်ဘာလ ၁ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆိုင်ကယ်တစ်စီးပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။ ကန်သာယာရပ်ကွက် ဂျပန်ကုန်း အောင်ချမ်းသာအပိုင်းတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁နာရီဝန်းကျင် က ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါပေါက်ကွဲမှုသည် သေဆုံးသွားသည့် အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ဦး စီးနှင်းလာသည့် ဆိုင်ကယ် နှင့်အတူ ပါလာသည့်ဗုံး ပေါက်ကွဲသွားခြင်း ဖြစ်နိုင်သည်ဟုယူဆကြောင်း ဒေသခံများက ပြောဆိုသည်။ “ဆိုင်ကယ်အတွင်းကနေ ထပေါက်တယ်လို့ ပြောတယ်။ ဆိုင်ကယ်ရော လူရော တစ်စစီဖြစ်သွားတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။ သေဆုံးသွားသည့် အမျိုးသားနှင့် အမျိုးသမီးတို့မှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိသေးကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် အာဏာသိမ်း […]

ကတ်ထူစက္ကူအဟောင်းဈေး ထိုးတက်ပြီး နှစ်လကျော်တွင် ပြန်ကျ

diz_admin

December 2, 2021

ကတ်ထူစက္ကူအဟောင်းဈေး ထိုးတက်သွားပြီးနောက် နှစ်လကျော်အကြာ ယခုသီတင်းပတ်တွင် ဈေးပြန်ကျ နေကြောင်း ထားဝယ်မြို့ရှိ စက္ကူထူအဟောင်းဝယ်ယူနေသူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ မတိုင်မီက ကတ်ထူစက္ကူအဟောင်း တစ်ပိဿာလျှင် ကျပ် ၂၀၀ ဝန်းကျင်သာ ဈေးပေါက်ရာမှ အောက်တိုဘာလမှ စတင်ကာ တစ်ပိဿာလျှင် ၆၅၀ ကျပ်အထိ ဈေးတက်ခြင်းဖြစ် ကြောင်း၊ လက်ရှိတွင် ၅၅၀ ကျပ်အထိ ဈေးပြန်ကျနေကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။ ကတ်ထူစက္ကူမှာ တီဗီ၊ ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကို ထုပ်ပိုးသည့် စက္ကူထူများဖြစ်သည်။ တစ်ရက်လျှင် ပျမ်းမျှ စက္ကူအဟောင်း ပိဿာ ၇၀၀ ကျော် ဝယ်ယူနေပြီး ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း ထားဝယ်မြို့ရှိ စက္ကူဝယ်နေသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ကတ်ထူစက္ကူအဟောင်း ဝယ်ယူနေ သည်မှာ ၂၂ နှစ်ရှိပြီဖြစ်ပြီး […]

မြိတ်တွင် နိုဝင်ဘာလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ လျော့ကျ

diz_admin

December 1, 2021

မြိတ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဆယ့်တစ်ဦး ရှိခဲ့ရာမှ နိုဝင်ဘာလအတွင်း သေဆုံးသူ နှစ်ဦးသို့ ကျဆင်းသွားကြောင်း နာရေးကူညီမှုအသင်းနှင့် တနင်္သာရီတိုင်း၊ကျန်းမာရေးဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရသိရသည်။ ကိုဗစ်ရေဂါဖြင့် ဆေးရုံသို့တက်ရောက်ကုသသူများအနက် နိုဝင်ဘာ ၁၉ ရက်နေ့တွင်တစ်ဉီးနှင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် တစ်ဦး စုစုပေါင်းနှစ်ဉီး သေဆုံးခဲ့ကြောင်း သိရသည်။ “၂၉ ဆေးရုံတင်တော့ ပိုးတွေ့တယ်။ ၃၀ မှာသေသွားတယ်။ ရောဂါအခံရှိသူပါ”ဟု ဂရုဏာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။ ကိုဗစ်ရောဂါပိုးကူးစက်သူ သေဆုံးသူလျော့ကျလာသည့်အတွက် ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တို့အပေါ် ကြေငြာထားသည့် နေအိမ်တွင်နေထိုင်ရေး Stay at home အမိန့်အား နိုဝင်ဘာ ၁၁ ရက်နေ့တွင် သက်ဆိုင်ရာမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။ ယင်းအမိန့်အား ကိုဗစ်တတိယလှိုင်းမြင့်တက်ချိန် သြဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ […]