ဦးရွှေမန်းပါတီသို့ ဦးအောင်စိုး ဝင်ရောက်ခြင်း မဟုတ်မှန်ဟုဆို
diz_admin
January 20, 2020အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဟောင်း ဦးအောင်စိုးက သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) သို့ ဝင်ရောက် သွားသည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း UBP ပါတီ တိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းဦးက ပြောသည်။ လက်ရှိတွင် ဦးအောင်စိုးအနေနှင့် UBP ပါတီထံ ကူးပြောင်းသွားသည် ဆိုသည့်သတင်းများ ပျံ့နှံ့နေသည်။ ဦးအောင်စိုးနှင့် လွှတ်တော်အတူ တက်ခဲ့ဖူးသည့်အတွက် ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ ဦးအောင်စိုးဘက်မှ ဆက်သွယ်လာခြင်း၊ ၎င်းတို့က ဆက်သွယ်ခြင်း တစ်စုံတစ်ရာ မရှိကြောင်း ဦးဝင်းဦးက ဆိုသည်။ “သူလည်း တစ်ခါမှ မဆက်သွယ် သေးပါဘူး။ ကျွန်တော်လည်း သူ့ကို မဆက်သွယ်မိသေးပါဘူးခင်ဗျား”ဟု ဦးဝင်းဦးက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးအောင်စိုး ကို မေးမြန်းနိုင်ရန် တယ်လီဖုန်းကို […]