ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် ညသပိတ်

diz_admin

December 7, 2021

ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် တစ်ရက်အကြာ ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ထားဝယ်မြို့နယ်၌ စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ် ပြုလုပ်ကြသည်။ ရန်ကုန်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ထိခိုက်ကျ ဆုံးခဲ့ရသော တော်လှန်ရေး ရဲဘော်များအားဂုဏ်ပြုသောအားဖြင့် ထားဝယ် အရှေ့တောဒေသတွင် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒထုတ်ဖော်ကြသည်။

ဘုရားသုံးဆူတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

December 6, 2021

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်က ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူးသည် ယနေ့ (ဒီဇင်ဘာ ၆) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်ဆိုသူ နေအိမ်တွင် ရှိနေစဉ် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်က အမည်အသိ လူနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ ထံမှ သိရသည်။ “သေနတ်သမားက ဆိုင်ကယ်နဲ့ အိမ်ကို လာပြီး ပစ်သွားတယ်လို့ပြောတယ်။ ဘယ်သူဘယ်ဝါ ဆိုတာတော့ ဘာမှ မကြားမိသေးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ဦးဇော်မျိုးအောင် ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာ အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးနေကာ လုံခြုံရေး တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ […]

ရန်ကုန် သပိတ်ဖြိုခွင်းခံရပြီးနောက် ထားဝယ်တွင် ဆန္ဒပြ

diz_admin

December 5, 2021

ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် အကြမ်းဖက် ဖြိုခွင်းခံလိုက်သည့် ယနေ့တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက ဒီဇင်ဘာ ၅ ရက်နေ့ ညတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ကြည့်မြင်တိုင် ဖြိုခွင်းမှုတွင် ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသော တော်လှန်ရေးရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ကျွန်းစု ရေကန်တောင် NLD ရပ်ကျေးဥက္ကဋ္ဌ အပါအဝင် မိသားစုဝင် ငါးဦး အဖမ်းခံရ

diz_admin

December 5, 2021

ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ NLD ရပ်ကျေးဥက္ကဋ္ဌနှင့် မိသားစုဝင် ငါးဦး ဖမ်းဆီးခံရကြောင်း ကာယကံရှင်၏ အသိုင်းအဝိုင်းနှင့် ဒေသခံများထံမှသိရသည်။ ရေကန်တောင်ရပ်ကျေးဥက္ကဋ္ဌ ဒေါ်ခင်နီဝင်း (ခ) မနီ အပါအဝင် မိသားစု လေးဦးအား စစ်တပ်နှင့် ရဲများက ဒီဇင်ဘာ ၃ ရက်နေ့ ည ၉ နာရီကျော်တွင် မြိတ်မြို့ရှိ ရွှေပြည်တန်ရပ်ကွက်တွင် လာရောက် ဖမ်းဆီးသွား ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။ ဒေါ်ခင်နီဝင်းနှင့်အတူ ၎င်း၏ ခင်ပွန်း၊ သမီးနှင့် သားဖြစ်သူတို့ ဖမ်းဆီးခံရကြောင်း ကာယကံရှင် မိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။ ဒေါ်ခင်နီဝင်း ခင်ပွန်း၏ ညီလည်းဖြစ်သူ ဦးမောင်နိုင်ကိုလည်း ယင်းနေ့၌ပင် ရေကန်တောင်ရွာတွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ရွာသားများ ထံမှသိရသည်။ “လာဖမ်းတာက စစ်သားနဲ့ ရဲ နှစ်ဆယ်နီးပါးရှိတယ်။ […]

မောတောင်နယ်စပ်အနီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀ ကျော်ဖမ်းဆီးခံရ

diz_admin

December 4, 2021

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို နေရာလေးခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နေရာလေးခုအနက် ပရာကျွတ်ခရီခန်ခရိုင်ရှိ ၂၇ ဦး တစ်နေရာ၊ ၂၁ ဦး တစ်နေရာ၊ ၈၃ ဦး တစ်နေရာ ဖမ်းမိပြီး ပရာကျွတ်ခီရီခန်ခရိုင်နှင့် ဆက်စပ်နေသည့် ကန်ချနပူရီခရိုင်တွင် ၃၈ ဦးတို့ကို တစ်ညတည်းတွင် ဖမ်းမိကြောင်း ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ခြင်းနှင့် ကိုဗစ်တတိယလှိုင်း ရင်ဆိုင်ကြပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု မကြာခဏ […]

စော်ဖျားရွာတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးနောက် ပျူစောထီးများ သေနတ်ပစ်ဖောက်၊ ဆန္ဒပြရာတွင် ကူညီပေးသူတစ်ဦးလည်း ရော်ဘာခြံတွင် သေဆုံး

diz_admin

December 4, 2021

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် ဒီဇင်ဘာလ ၃ ရက် နံနက် ၃ နာရီခွဲခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ကျေးရွာအတွင်း ပျူစောထီးအဖွဲ့ဝင်များ သေနတ် ပစ်ဖောက်ကြကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ ယင်းအပြင် ဆန္ဒပြရာတွင် ကူညီပေးသဖြင့် ခြိမ်းခြောက်ခံရသောကြောင့် ရော်ဘာခြံတွင် တိမ်းရှောင်နေသူ အမျိုးသားတစ်ဦးလည်း ဒီဇင်ဘာလ ၃ ရက်နေ့ညတွင် ဦးခေါင်း ထိခိုက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ အသက် ၄၅နှစ်အရွယ် ဦးဖိုထူးဖြစ်ပြီး ရော်ဘာခြံအတွင်း ရော်ဘာခြစ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ ပေါင်တွင် ကျည်ထိမှန်ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “ဒဏ်ရာတော့ မပြင်းဘူး။ လောလောဆယ်တော့ ဆေးခန်းပြနေတယ် ထင်တယ်။ ဘယ်သူတွေ လာပစ်လဲ ဆိုတော့ […]

သထုံမြို့ လဝကရုံးတွင် ဗုံးပေါက်

diz_admin

December 4, 2021

မွန်ပြည်နယ် သထုံမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲသဖြင့် ဆိုင်ကယ်အချို့နှင့် လဝကရုံး အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း သထုံမြို့ခံများထံမှ သိရသည်။ သထုံမြို့ရှိ မြို့နယ် လဝကရုံးတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရုံးရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် သုံးစီးနှင့် ရုံးအဆောက်အအုံ နေရာအချို့ ထိခိုက်ပျက်စီးကြောင်း ၎င်းတို့ထံမှ သိရသည်။ “လဝကရုံး ပေါက်ကွဲမှုမှာ လူထိခိုက်တာတွေတော့ မရှိဘူးလို့ သိရတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။ သထုံမြို့နယ် လဝကရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ငွေကြေးစီးဝင်မှုကို ဖြတ်တောက်စေလိုသောကြောင့် ဗုံးခွဲတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုကို ရှောင်ကြည်ပေးကြရန် […]

ပုလော ဂျက်ဂါကျေးရွာအနီး ပစ်ခတ်မှုဖြစ်

diz_admin

December 4, 2021

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျက်ဂါရွာအနီးတွင် စစ်တပ်နှင့် ပုလော PDF တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ပုလော ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၃ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။ “သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားရတာကတော့ မိနစ် နှစ်ဆယ်နီးပါးလောက်တော့ ရှိမယ်။ ဘယ်သူတွေ ဘာဖြစ်တယ်ဆိုတာတော့ မကြားရသေးဘူး” ဟု နန်းတောင်ရွာက ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ဂျက်ဂါသည် နန်းတောင်ကျေးရွာအုပ်စုထဲတွင် ပါဝင်သည်။ ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်- ပုလော (People’s Defence Force-Palaw) အဖွဲ့က ဂျက်ဂါရွာနေ ဒလန်အား သွားရောက်သတိပေးပြီးနောက် အပြန်တွင် ပစ်ခတ်မှုဖြစ်ပွား […]