ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောတောင်နယ်စပ်အနီး ထိုင်းတွင် ငါးရက်အတွင်း မြန်မာလုပ်သား ၄၀၀ နီးပါး ဖမ်းဆီးခံရ

diz_admin

December 7, 2021

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ ငါးရက်တွင်း မြန်မာရွှေ့ပြောင်း အလုပ် သမား ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့က ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီခရိုင်တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၉ ဦးတို့အား ဖမ်းမိခဲ့သည်။ ယင်းနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပရာကျွတ်ခီရီခန်ခရိုင်အတွင်း နေရာ သုံးနေရာတွင် စုစုပေါင်း အလုပ်သမား ၁၃၀ ဦး ထပ်မံဖမ်းမိကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။ ပရာကျွတ်ခီရီခန်ခရိုင်းအတွင်းပင် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ၄၉ ဦး (အမျိုးသား ၃၃ ဦး၊ […]

ကော့သောင်းရောက် ငါးရာတန် ဇလုံထမင်း

diz_admin

December 7, 2021

ကျပ်ငါးရာတန် တန်ဖိုးနည်း ဇလုံထမင်းခေတ်စားနေချိန်တွင် မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်း ကော့သောင်းမြို့တွင်လည်း ဇလုံထမင်း စတင်ရောင်းချလာသည်။ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ အဝိုင်းပတ်လမ်းဆုံတွင် ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့က ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ရောင်းချနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ကော့သောင်းမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမား အများအပြားရှိသည့် မြို့ဖြစ်သည်။ တစ်ခါစားလျှင် ငွေကျပ်ငါးရာ သတ်မှတ်ထားပြီး ကြက်သားဟင်းတစ်ခွက်၊ ဟင်းချို၊ ငါးပိတို့စရာ ပါရှိပြီး ထမင်းကိုမူ အဝစားနိုင်ကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်စိုးက ရှင်းပြသည်။ လက်ရှိတွင် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိသာ ရောင်းချနေပြီး နောက်ပိုင်းလုပ်နိုင်သည့် အနေအထား အပေါ်မူတည်ကာ အချိန်ထပ်တိုးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံရေးအခြေအနေတွေနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် ပြည်သူလူထုမှာ […]

လောင်းလုံးတွင် စစ်ကြောင်းများတက်လာသဖြင့် ဥယျာဉ်ခြံနှင့် ရေလုပ်သားများ စိုးရိမ်

diz_admin

December 7, 2021

လောင်းလုံးမြို့နယ်တောင်ဘက် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာနှင့် တီဇစ်ကျေးရွာအနီးရှိ တောင်ကြောတွင် စစ်ကောင်စီစစ်တပ် စစ်ကြောင်းများ တက်လာသဖြင့် ဒေသခံ ‌ဥယျာဉ်ခြံ အလုပ်သမား များနှင့် ရေလုပ်သားများ စိုးရိမ်ကာ အလုပ်သို့ မသွားရဲဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယနေ့ (ဒီဇင်ဘာ ၇) နံနက် ၇ နာရီခန့်တွင် စစ်တပ်က ကဒက်ငယ်ထိန်ကျေးရွာရှိ နဘေထပ်တောင်ပေါ်သို့ စစ်ကြောင်းထိုးတက်သွားခဲ့ပြီး ၁၀ နာရီကျော်တွင်လည်း တီဇစ်ကျေးရွာဖက်သို့ စစ်သားများ ကားဖြင့် ဝင်သွားသည်ကို မြင်ရကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကဲ့သို့ စစ်ရေးလှုပ်ရှားမှု ရှိနေသဖြင့် ကဒက်ငယ်ထိန်ရွာက ဥယျာဉ်ခြံအလုပ်သမားများနှင့် တီဇစ် ကျေးရွာက ရေလုပ်သားများ အလုပ် မသွားရဲတော့ကြောင်း ယင်းဒေသခံတို့က ပြောကြားသည်။ “အဓိကတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တာပါ” ဟု တီဇစ်ဒေသခံတစ်ဦးက ဆိုသည်။ […]

ထားဝယ်ထွက် ရေကြည်ငါးခြောက် ဈေးနှစ်ဆတက်

diz_admin

December 7, 2021

ထားဝယ်ဒေသထွက်သည့် ရေကြည်ငါး ခေါ် ငါးနီတူခြောက် တစ်ပိဿာလျှင် ရာသီဖွင့်ဈေး နှုန်းသည် ယခင်နှစ်ထက် နှစ်ဆ ဈေးတက်နေကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ရေကြည်ငါးခြောက် တစ်ပိဿာကို အကြီးအသေးပေါ်မူတည်ပြီး ယခင်နှစ်က ငွေကျပ် လေးထောင်‌၊ လေးထောင့်ငါးရာကျပ် ပေါက်ဈေးရှိရာမှ ယခုနှစ်တွင် ကျပ်ရှစ်ထောင်၊ ကိုးထောင် ဝန်းကျင်ခန့် ရှိကြောင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာမှ ယင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီနှစ်က ဆီဈေးကလည်း ကြီးတယ်။ ငါးလည်း နည်းတယ်။ အစိမ်းဝယ်ရတာတောင် အရင်နှစ်ကထက် ထက်ဝက် (ဈေး) ပေးဝယ်ရတာ” ဟု ၎င်းက ဆိုသည်။ ယခုနှစ်တွင် စက်သုံးဆီဈေးနှုန်းတက်ခြင်း၊ ငါး ဖမ်းဆီးရရှိမှု လျော့နည်းခြင်းတို့ကြောင့် ဈေးတက်ခြင်း ဖြစ်နိုင်ကြောင်း ပင်လယ်ရေထွက်ကုန် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ရေကြည်ငါး အစိမ်း […]

မြိတ်တွင် အမျိုးသားတစ်ဦး အဖမ်းခံရပြီး နှစ်ရက်အကြာ သုသာန်တွင် အလောင်းလာကြည့်ရန် မိသားစုကို ခေါ်

diz_admin

December 7, 2021

မြိတ်မြို့၊ နောက်လယ်ရပ်ကွက်တွင် ထမင်းဆိုင်ရောင်းချသူ အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် ရုပ်အလောင်းကို သုသာန်၌ လာရောက်ကြည့်ရှုရန် မိသားစုကို ခေါ်ကြောင်း ယင်းရပ်ကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ နောက်လယ်ရပ်ကွက် (၁) လမ်းတွင် ထမင်းဆိုင်ရောင်းချသူ အသက် ၄၀ နှစ်အရွယ်ရှိ ဦးပြည့်စုံဦး (ခေါ်) တီးတီကို ဒီဇင်ဘာလ ၄ ရက်နေ့ နံက် ၇ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် လက်နက်များကိုင်ကာ ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းနောက် ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီတွင် တီးတီ၏ ရုပ်အလောင်းကို ကလွှင်သုသာန်တွင် လာ ရောက် ကြည့်ရှုရန် မိသားစုကို အကြောင်းကြားလာကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများက […]

ပုလောတွင် ပုဂ္ဂလိက အမှိုက်သိမ်းခလစဉ်ကြေး တိုးကောက်မည်

diz_admin

December 7, 2021

ပုလောမြို့တွင် အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်နေသည့် မြရတနာ ပုဂ္ဂလိကအမှိုက်သိမ်းလုပ်ငန်းသည် ဒီဇင်ဘာလကုန်မှ စတင်ပြီး အမှိုက်သိမ်းခ လစဉ်ကြေး ငါးရာကျပ် တိုးမြှင့်ကောက်ယူတော့မည်ဖြစ်ကြောင်း ကြေညာထားသည်။ ယခင် ၁၅၀၀ ကျပ်ကောက်နေသည့်နေရာမှ ယခု ၂၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ပြီး ၂၅၀၀ ကျပ် ကောက်ခံနေသည့် စားသောက်ဆိုင်လုပ်ငန်းများကို ၃၀၀၀ ကျပ် စသည်ဖြင့် တိုးကောက်မည်ဖြစ်ကြောင်း မြရတနာအမှိုက်သိမ်းလုပ်ငန်း မန်နေဂျာက ပြောသည်။ လုပ်ငန်းအရှုံးပေါ်နေသဖြင့် လစဉ်ကြေး တိုးမြှင့်ကောက်ခံရခြင်းဖြစ်ပြီး အမှိုက်ထွက် နည်းသည့် နေအိမ်၊ ‌ဆိုင်တို့ကိုမူ ညှိနှိုင်းကောက်ခံသွားပြီဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ကားပြင်စာရိတ်၊ အလုပ်သမားငှားခတွေနဲ့ဆို တစ်လကို ဆယ်ပုံး (ဆယ်သိန်းကျပ်) လောက် ရှုံးနေတာပါ။ ဒီလိုတိုးကောက်လိုက်ရင်တော့ အရင်းလောက်ရရင်ကို အဆင်ပြေပါတယ်” ဟု ၎င်းမန်နေဂျာက ပြောသည်။ ပုလောမြို့ပေါ်ရှိ ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးက အမှိုက်သိမ်းခ […]

ကလုံထာရွာအနီးတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

diz_admin

December 7, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလုံထာကျေးရွာအနီးတွင် ဒလန်ဟု ကျော်ဇောသတင်းရှိသူ အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီခန့်တွင် ကလုံထာရွာအနီးက ရေနက်ဆိပ်ကမ်းလမ်းပိုင်းတစ်နေရာတွင် ဦးဘသိန်းဆိုသူ ပစ်သတ်ခံခဲ့ရပြီး ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ကလုံထာကျေးရွာဒေသခံ ဦးအောင်စိုး ဆိုသူမှာလည်း ကလုံထာရွာထိပ်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောကြားသည်။ ဦးဘသိန်းဆိုသူမှာ ကလုံထာကျေးရွာအနီး ဥယျာဉ်ခြံလာ‌လုပ်ကိုင်နေသည့် ထားဝယ်မြို့ခံတစ်ဦးဖြစ်ပြီး ရေနက်ဆိပ်ကမ်းလမ်းတွင် ကားဖြင့်သွားနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးဘသိန်းနှင့် ဦးအောင်စိုးတို့နှစ်ဦး စစ်ကောင်စီကို အားပေးထောက်ခံကာ ဒလန်လုပ်သဖြင့် သုတ်သင် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း DGRF (Dawei Guerrilla Revolutionary Force) အဖွဲ့က ဒီဇင်ဘာလ […]

လောင်းလုံး ညသပိတ်

diz_admin

December 7, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ‘ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ကြသည်။ ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က အကြမ်းဖက် ဖြိုခွင်းခံလိုက် သဖြင့် ယနေ့တွင်ပင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများ နှင့် လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသေးသည်။