ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးရှိ ကြက်ဝိုင်းဒိုင် သေနတ်ပစ်ခံရ

diz_admin

January 13, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာသားဖြစ်သူ အသက် ၅၀ ဝန်းကျင် ရှိ ဦးသန်းထိုက်ဆိုသူ ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် သေနတ် အပစ်ခံရသဖြင့်ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ တောကျဲကျေးရွာ နတ်ပွဲတွင်ပြုလုပ်သည့် ကြက်ဝိုင်းတွင် ဒိုင်အဖြစ် လုပ်ဆောင်ပေးနေစဉ် နေ့လယ် တစ်နာရီခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကြက်ဝိုင်းသို့ရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ တောကျဲကျေးရွာအုပ်စုနှင့် သကျက်တောကျေးရွာအုပ်စုမှာ ရွာချင်းကပ်ဖြစ်ပြီး လောင်းလုံး ရှင်မော်သွားလမ်းပေါ်တွင် ရှိသည်။ “ဒဏ်ရာကတော့ ခေါင်းမှာထိသွားတယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိဘူးထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို အရေးပေါ်ကားနဲ့ ခေါ်သွားတုန်းက သတိရနေတယ်။ လူမှန်းသိနေသေးတယ်” ဟု ၎င်းက ပြောကြားသည်။ အချို့ဒေသခံတို့က သေနတ်ပစ်ခံရသည့် ဦးသန်းထိုက်မှာ သကျက်တောကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောဆိုကြပြီး ဒေသခံအချို့ကမူ အုပ်ချုပ်ရေးအဖွဲ့ဝင်မဟုတ်ဘဲ […]

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်သည့်နေ့ ထားဝယ်တွင် ဆန္ဒပြ

diz_admin

January 13, 2022

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဝယ်မြို့သို့ နေ့ချင်းပြန် ခရီးရောက်ရှိနေသည့် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂနဲ့ လူငယ်အချို့က ဆန္ဒပြခဲ့ကြသည်။ ဒီမိုကရေစီအရေးနှင့် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီကျော်၌ ထားဝယ်မြို့သို့ ရောက်ရှိနေပြီး မန်းငြိမ်းမောင်အပါအဝင် ကောင်စီဝင်ဝန်ကြီး အချို့လည်း လိုက်ပါလာကြောင်း သိရသည်။ လက်ရှိ နံနက် ၁၁ နာရီဝန်းကျင်တွင် တိုင်းအစိုးရအဖွဲ့ရုံး၌ စစ်ကောင်စီ ခန့်တိုင်းအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံနေကြောင်း ဌာနဝန်ထမ်းအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းသို့ မည်သည့်ကိစ္စဖြင့် လာရောက်သည်ကိုမူ အတိအကျမသိရပေ။

ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဖုန်းဆင်းကတ်များ ဈေးမတက်သေး

diz_admin

January 12, 2022

အင်တာနက် အသုံးပြုမှုအတွက် စစ်ကောင်စီက အခွန်တိုးကောက်နေပြီဖြစ်သော်လည်း ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဆင်းကတ်များ ဈေး မတက်သေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဖုန်းဆင်းကတ် တစ်ခုလျှင် ကျပ်နှစ်သောင်း ကောက်ခံမည်ဖြစ်ပြီး အင်တာနက် အသုံးပြုခကို ၁၅ ရာခိုင်နှုန်း အခွန်ကောက်မည့် သုံးလခံ ဥပဒေတစ်ရပ်ကို စစ်ကောင်စီဥက္ကဋ္ဌက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြဋ္ဌာန်းထားသည်။ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့သော်လည်း ထားဝယ်ဈေးကွက်တွင် ဖုန်းဆင်းကတ် တစ်ကတ်ကို ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဖြင့် ယခင် ဈေးနှုန်းများအတိုင်းသာ ရောင်းချပေးနေဆဲဖြစ်ကြောင်း ထားဝယ်မြို့အတွင်းက ဖုန်းဆိုင်ပိုင်ရှင် အချို့က ပြောသည်။ သို့သော် မှတ်ပုံ မတင်ရသေးသည့် ဖုန်းဆင်းကဒ်များဆိုလျှင် ဆော့ဝဲလ်ထဲဝင်ကာ မှတ်ပုံတင် မရဖြစ်နေသဖြင့် ဆင်းကဒ် လက်ဆောင်ပေး၍ မရဘဲဖြစ်နေကြောင်း ထားဝယ်မြို့၊ […]

ပေါင်တွင် ကျောင်းဆရာမနှင့် ကျောင်သားများအပါအဝင် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

January 12, 2022

မွန်ပြည်နယ် ပေါင်မြို့နယ်က အခြေခံပညာ အထက်တန်းကျောင်းခွဲတစ်ခုတွင် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ၁၀ ဦးထံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာန၏ တာဝန်ရှိသူတို့ထံမှ သိရသည်။ ပေါင်မြို့နယ် ကျားဘိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲက အထက်တန်းပြ ဆရာမတစ်ဦး နေမကောင်းသဖြင့် ကိုဗစ် ရောဂါပိုး ရှိ မရှိ ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ဆေးခဲ့ရာ ရောဂါပိုး စတင်တွေ့ရှိ ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ကျောင်းဆရာမနှင့် ထိတွေ့ဆက်စပ်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆက်လက် စစ်ဆေးခဲ့ရာ နဝမတန်းကျောင်းသူ တစ်ဦးနှင့် ကျောင်းသား နှစ်ဦးတို့တွင် ရောဂါပိုးထပ်မံတွေ့ရှိ ကြောင်း မြို့နယ် ကျန်းမာရေးဌာန၏ တာဝန်ရှိသူတို့ထံမှ သိရသည်။ ၎င်းပြင် ပိုးတွေ့ဆရာမနှင့် ထိတွေ့ခဲ့သည့် […]

တကူနှင့် သရဘွင်ရွာတွင် တိုက်ပွဲလေးကြိမ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးဟု PDF ထုတ်ပြန်

diz_admin

January 12, 2022

တနင်္သာရီမြို့နယ်၊ တကူနှင့် သရဘွင်ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်နှင့် တနင်္သာရီဘက်မလိုက် ပြောက်ကျားအဖွဲ့တို့အကြား တိုက်ပွဲလေးကြိမ်ဖြစ်ပွားကြောင်း တနင်္သာရီဘက်မလိုက်ပြောက်ကျား အဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၂) ထုတ်ပြန်သည်။ တိုက်ပွဲလေးကြိမ်တွင် စစ်ကောင်စီဘက်ဘ တပ်သားနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်အကြား တကူသံတိုက်လှေဆိပ်ရှိ စစ်ကောင်စီတပ်နှင့် မြစ်တစ်ဖက်ကမ်းက PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သရဘွင်ကျေးရွာအုပ်စုရှိ ကျားခေါင်းတောင်တွင်လည်း တိုက်ပွဲဖြစ်ပွားကြောင်း ရေးသားထားသည်။ ယင်းတိုက်ပွဲများအတွင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းလည်း ဖော်ပြထားသည်။ ဒေသခံများ၏ ပြောဆိုချက်အရ သရဘွင်ကျေးရွာအုပ်စုရှိ ကျားခေါင်းတောင်နှင့် တစ်ပင်တိုင် ချောင်းဝတို့ တွင် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၅ နာရီအထိ […]

ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးပေးမည့်သူများကို စာရင်းကောက်

diz_admin

January 11, 2022

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူများကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းအားဖြည့် Booster ဆေး ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ထံက သိရသည်။ အစိုးရဌာနများတွင် အသက် ၅၀ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် အရပ်သားပြည်သူတွင် အသက် ၆၅ နှစ် အထက် သက်ကြီးများကို တတိယအကြိမ် ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်ထိုးထားပြီး ၆ လ ပြည့်သောသူများကိုသာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခြောက်လပြည့်ပြီးသူ ကျန်းမာရေးဝန်ထမ်း အများစုကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးပေးနေပြီး ကျန်းမာရေးဝန်ထမ်းအများစုက ကာကွယ်ဆေး သုံးကြိမ်စလုံး […]

လောင်းလုံး ကျောက်ဆင် အုပ်ချုပ်ရေးမှူး ကြက်ဝိုင်းတွင် သေနတ်ပစ်ခံရ

diz_admin

January 11, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလေးလေးသည် ဇန်နဝါရီလ ၁၁ ရက် ညနေ သုံးနာရီခန့်က ကမ်းပနီရွာ ဘောလုံးကွင်း ကြက်ဝိုင်းအနီးတွင် သေနတ်ဖြင့် အပစ်ခံလိုက်ရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ကမ်းပနီကျေးရွာမှာ ကျောက်ဆင်ကျေးရွာ အုပ်စုအတွင်း တည်ရှိပြီး မောင်းမကန်-မျှော်ရစ်သွား ကားလမ်းမပေါ်တွင် တည်ရှိသည်။ ကမ်းပနီရွာ ဘောလုံးကွင်း ကြက်ဝိုင်းတွင် လောင်းကစား လုပ်နေသူ ခြောက်ဆယ်ခန့် ရှိပြီး ဦးလေးလေးနှင့် အဖွဲ့ဝင်များ ရောက်ရှိနေစဉ် ညနေ သုံးနာရီ ခန့်တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကိုယ်တွေ့ ကြုံရသူ ဒေသခံ တစ်ဦးက ဆိုသည်။   “ပထမ သေနတ်သံတစ်ချက်ကြားတာနဲ့ ကျွန်တော်တို့လည်း သစ်ပင်ကွယ်ရာ ပြေးဝပ်ရတာပေါ့။ နောက်မှ အပြန်အလှန် ပစ်ခတ်ကြတယ်။ […]

ထားဝယ် ရှင်မုတ္ထီးရွာတွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

diz_admin

January 11, 2022

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် ယနေ့ (ဇန်နဝါရီ ၁၁) နံနက် ၂ နာရီခန့် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရကြောင်း ဒေသခံအချို့ထံက သိရသည်။ မိုင်းခွဲခံရသည့် မိုင်တဲတာဝါတိုင်မှာ ပြိုကျသွားခြင်း မရှိသော်လည်း မိုင်တဲ Wifi များနှင့် မိုင်တဲ ဝန်ဆောင်မှုများ အားလုံး အသုံးပြု၍ မရတော့ကြောင်း ရှင်မုတ္ထီးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ “၂ ချက် ထိုးလောက်မှာ အုံးခနဲ ကြားရတယ်ခင်ဗျား” ဟု ၎င်းက ဆိုသည်။ မိုင်တဲတာဝါတိုင် မိုင်းခွဲခံရပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာတွင် ရောက်ရှိနေပြီး အိမ်ထောင်စုစာရင်း စစ်မည်ဟု သတင်းထွက်နေကြောင်း ဒေသခံအချို့က ပြောသည်။ မိုင်းခွဲခံရသည့်နေရာမှာ ရှင်မုတ္ထီးတိုက်ကျောင်းနှင့် ဘုရားရွှေဆင်းတု ကြားတွင်ရှိသည့် လမ်းကြား အနောက်ဘက်ရှိ လယ်ထဲတွင် စိုက်ထားသည့် […]