BREAKING
May 4, 2025

သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကန်ထရိုက်တာလုပ်ချင်က ဘတ်ငွေ တစ်သိန်းပေးရမည်ဆိုကာ အလုပ်ခေါ်

diz_admin

February 25, 2020

ထားဝယ်အထူးစီးပွားရေးဇုန်တွင် မြေပြင်ရှင်းလင်းရေးအတွက် ကန်ထရိုက် လုပ်လိုပါက ထိုင်းဘတ်ငွေတစ်သိန်း ပေးရမည်ဆိုကာ ထိုင်းလူမျိုးများက ထားဝယ်မြို့တွင် အလုပ်လာခေါ်နေ ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြေပြင်ရှင်းလင်းရေးလုပ်ငန်းကို မိမိပိုင်ယန္တရားဖြင့် လုပ်မည်ဆိုက ဈေးနှုန်း တစ်မျိုး၊ ၎င်းတို့ပိုင်ယန္တရားဖြင့်လုပ်ပြီး စီမံကွပ်ကဲပေးမည်ဆိုက ဈေးနှုန်းတစ် မျိုးပေးမည်၊ ဒေသပေါက်ဈေး ထက်ပိုပေး မည်ဟုဆိုကာ မက်လုံးပေး ဆွဲဆောင်နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။ အဆိုပါ အလုပ်ကို ကန်ထရိုက် အနေဖြင့် လုပ်ကိုင်လိုပါက ထိုင်းဘတ်ငွေ တစ်သိန်းကြိုတင် ပေးသွင်းရမည်ဟု ဆိုကာ ထိုင်းလူမျိုး ၁၀ ဦးက ထားဝယ်ဒေသတွင် လာရောက်စည်းရုံးနေ ကြောင်း ၎င်းက ပြောသည်။ ယခင်ကလည်း အထူးစီးပွားရေးဇုန် နှင့် ပတ်သက် […]

မျိုးစေ့ဓာတ်ခွဲခန်း အသုံးပြု မရသေး

diz_admin

February 25, 2020

တနင်္သာရီတိုင်း၏ တစ်ခုတည်းသော မျိုးစေ့ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်းသုံး ပစ္စည်းများ မရှိသေးသဖြင့် သုံးစွဲ မရသေးကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။ ယင်းမြို့စေ့ဓာတ်ခွဲခန်း အဆောက် အဦကို ထားဝယ်မြို့ အမှတ် (၂) အထက် တန်းကျောင်းအနီးတွင် ၂၀၁၉ ခုနှစ်က ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ယင်းဓာတ်ခွဲခန်းပစ္စည်းများ ဝယ်ယူ နိုင်ရေးအတွက် ရန်ပုံငွေကို လာမည့် ၂၀၂၀- ၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန် တင်ပြထားဆဲဖြစ်ကြောင်း အထက်ပါ ဌာန ဒုတိုင်းဦးစီးမှူး ဦးစန်းလွင်က ပြောသည်။ “အဆောက်အဦပဲ ရှိသေးတယ်။ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ မရှိသေးလို့ လောလောဆယ် အသုံးပြုလို့မရသေးဘူးပေါ့”ဟု ၎င်းက ဆိုသည်။ တိုင်းအတွင်း သီးနှံအမျိုးမျိုးတွင် ကျရောက်လေ့ရှိသည့် ပိုးမွှားရောဂါ ဓာတ်ခွဲခန်း၊ လယ်မြေ၊ ဥယျာဉ်မြေ စသည့် […]

ထားဝယ်တွင် ဓာတုလွတ် စိုက်ပျိုးရေး စံပြဥယျာဉ် စတင်

diz_admin

February 25, 2020

ထားဝယ်တွင် ဓာတုလွတ် စိုက်ပျိုး ရေးစံပြဥယျာဉ် စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံပန်းမာန် စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။ ဓာတုလွှတ် စိုက်ပျိုးရေးစံပြဥယျာဉ် တွင် ကွမ်းရွက်ပင်ကို အဓိက စိုက်ပျိုး မည်ဖြစ်ပြီး ငရုတ်၊ သခွား၊ ချည်ပေါင်၊ ကန်စွန်း၊ ရုံးပတီသီး၊ သရက်စသဖြင့် နှစ်ရှည်ပင်နှင့် နှစ်တိုပင်များကို စိုက်ပျိုး သွားမည်ဖြစ်ကြောင်း အထက်ပါအသင်းမှ (နည်းပညာ၊ ဆေးဝါး၊ မြေဩဇာ) ဒေသအကြံပေး ဦးအောင်ကျော်မျိုးက ပြောသည်။ “ကျွန်တော်တို့ ဓာတုလွတ် စံပြ ဥယျာဉ်ဆိုလုပ်လိုက်တယ်ဆိုရင် မည်သည့် တောင်သူမဆို လာပြီးတော့ လေ့လာ နိုင်အောင်၊ ဒေသမှာ စားသုံးသူလူတန်း စားတစ်ရပ်လုံး ဓာတုကင်းလွတ်သီးနှံစား သုံးပြီး ကျန်းကျန်းမာမာ လူတန်းစား တစ်ရပ်ဖြစ်လာအောင် ရည်ရွယ်တယ်”ဟု ကိုအောင်ကျော်မျိုးက ဆိုသည်။ […]

လေးနှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ရန် ကြိုးပမ်းသူ ဖမ်းမိ

diz_admin

February 25, 2020

ကော့သောင်းတွင် အသက် လေးနှစ် အရွယ်မိန်းကလေးငယ်ကို မုဒိမ်းကျင့်ရန် ကြိုးပမ်းသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်က ကော့သောင်း ၇ မိုင်ကျေးရွာတွင် ဖခင်ဖြစ်သူရေတွင်း တူးနေစဉ် အသက်လေးနှစ်အရွယ်နှင့် နှစ်နှစ်အရွယ် သမီးနှစ်ဦးကို နေအိမ်တန်းလျားအရှေ့တွင် ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ထားရှိစဉ် ဖခင်ဖြစ်သူနှင့် အတူ အလုပ်လုပ်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားက အပေါ်မှတက်ခွကာ မုဒိမ်းကျင့်ရန် ပြုလုပ်နေသည်ကို အခြားသူနှစ်ဦးက တွေ့မြင်ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မုဒိမ်းကျင့်ရန် ကြိုးပမ်းသည့် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ /၅၁၁ ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ […]

ထားဝယ်လေထု အရည်အသွေး ပုံမှန်အတိုင်းရှိမြဲ

diz_admin

February 25, 2020

တနင်္သာရီတိုင်း သဘာ၀ပတ်ဝန်းကျင် ထိမ်းသိန်းရေး ဦးစီးဌာနမှ လေထုအရည်အသွေး တစ်လတစ်ကြိမ် တိုင်းတာချက်အရ ထားဝယ်လေထုအတွင်း လူနှင့် အခြားသက်ရှိ၊ သက်မဲ့များကို ထိခိုက်စေနိုင်သည်အထိ ဓာတ်ငွေ့များ ရှိမနေဘဲ ပုံမှန်အတိုင်းရှိနေကြောင်း သိရသည်။ လေထုအရည်အသွေးကို နယူး ဇီလန်နှင့် ယူကေနိုင်ငံထုတ် လေထု အရည်အသွေးတိုင်း ကိရိယာနှစ်ခုဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုက် အောက်ဆိုက်၊ နိုင်ထရိုဂျင် စသည့် ဓာတ်ငွေ့အမျိုးအစားများကို တိုင်းတာ နေခြင်းဖြစ်ကြောင်း အထက်ပါဌာ တာဝန်ခံ ဦးထွန်းထွန်းဦးက ပြောသည်။ ယင်းကဲ့သို့တိုင်းတာချက်အရ ကမ္ဘာ့ဘဏ်နှင့် သဘာ၀ပတ်ဝန်းကျင် ဦးစီးဌာနက သတ်မှတ်သော အန္တရာယ်ရှိစံချိန်၊ စံညွှန်းဖြစ်သည့် 9 PPM ထက်မကျော်ဘဲ အနိမ့်ဆုံး 2 PPMမှ အမြင့်ဆုံး 4 PPM အထိသာရှိကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။ PPM […]

လယ်မြေပေါ်ဆောက်ထားသည့် နေအိမ် ငါးဆယ်နီးပါး ဖျက်ရမည်

diz_admin

February 20, 2020

ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက် (စောမိညိုလယ်ကွင်း)ရှိ လယ်ယာမြေ ပေါ် မြေဖို့ထားခြင်း၊ အိမ်ဆောက်ခြင်း ပြုထားသူ ငါးဆယ်နီးပါးကို ၁၅ ရက် အတွင်း ပြန်ဖျက်ရန် ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဖေဖော်ဝါရီ လ ၄ ရက်က ညွှန်ကြားလိုက်သည်။ စောမိညိုလယ်ကွက်ပေါ်တွင် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် မရှိဘဲ ဆောက်ထားသည့် နေအိမ် ၄၈ လုံးနှင့် မြေဖို့ထားခြင်းကို စာထုတ်သည့် နေ့မှ ၁၅ ရက်အတွင်း ပြန်လည်ဖယ်ရှား ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။ အဆိုပါ နေအိမ်များကို သတ်မှတ် ရက်အတွင်း မဖယ်ရှားပါက ၂၀၁၂ လယ်ယာမြေဥပဒေအရ အရေးယူဆောင် ရွက်မည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(လယ်စီ) အတွင်းရေးမှူးက ဆိုသည်။ လယ်ယာမြေဥပဒေ-၁၉ အရ အခြား နည်းအသုံးပြုခွင့်မရှိဘဲ […]

ကလပ်အသင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ မြိတ်အသင်း အဆင့်ရှစ်တွင် ရပ်တည်

diz_admin

February 20, 2020

မြိတ်စစ်တုရင်အသင်းမှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ဆဋ္ဌမအကြိမ် မြောက် မြန်မာနိုင်ငံကလပ်အသင်း ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် မြိတ် စစ်တုရင်ကလပ်က အဆင့်ရှစ်နေရာဖြင့် ရပ်တည်ခဲ့ကြောင်း မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးထံမှ သိရသည်။ အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမည မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ပြည်နယ်တိုင်း အသီးသီး မှ စစ်တုရင်ကလပ် ၂၇ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ “တစ်ဦးချင်း ခုံအလိုက်မှာတော့ ပထမရတယ်”ဟု မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးက ပြောသည်။ ခုံအလိုက်ပြိုင်ပွဲတွင် မြိတ်စစ်တုရင် ကလပ်မှ ကိုကျော်ဇေယျာက ခုံနံပါတ် လေးတွင် ပထမဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကလပ်အသင်းပေါင်းစုံ […]

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်စု ငါးခြောက်လှန်းစက် စမ်းသပ်တီထွင်

diz_admin

February 20, 2020

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားလူငယ်တစ်စုက ဒေသတွင်း အသုံးပြုနိုင်မည့် Dry Machine ဟုခေါ်သော ငါးခြောက်လှန်းစက်ကို စမ်းသပ်တီထွင်ခဲ့ကြောင်း ယင်းစီမံကိန်း တွင် ပါဝင်သည့် ကိုအောင်ခန့်ကိုက ပြောသည်။ ဇန်နဝါရီလက ပြုလုပ်သည့် ကျောင်း Project Show တစ်ခုတွင် သူငယ်ချင်း ၈ ယောက်ဖြင့် Dry Machine ဟု ခေါ်သော ငါးခြောက်လှန်းစက်ကို ပြုလုပ် ပြသခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်ခန့်ကို က ပြောသည်။ ငါးခြောက်လှန်းရာတွင် နေရောင် ရှိသည့် နေ့ဘက်တွင်သာလှန်းနိုင်ပြီး ညဘက်တွင်ပါ လှန်းနိုင်ရန် လျှပ်စစ်မီး ကို အသုံးပြုကာ ငါးခြောက်လှန်းသည့် စက်ကို တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “လက်ရှိမှာဆိုတော့ အထက်မြန်မာ ပြည်က ရင်းနှီးမြှုပ်နှံသူတွေနဲ့ စကား ပြောဆိုထားတာတွေရှိတယ်။ သူတို့ အနေနဲ့ […]