တနင်္သာရီတိုင်းအတွင်း ဟိုတယ်လုပ်ငန်းတွင်အများဆုံး ရင်းနှီးမြှုပ်နှံ
diz_admin
March 5, 2020တနင်္သာရီတိုင်းအတွင်း ရင်းနှီမြှုပ်နှံ မှုလုပ်ငန်းများအနက် ဟိုတယ်လုပ်ငန်းတွင် အများဆုံးရင်းနှီးမြှုပ်နှံကြကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC) စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ လက်ရှိအချိန်ထိ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၃၀ ခုကို လုပ်ကိုင် ခွင့်ပြု(အတည်ပြုမိန့် ထုတ်ပေး)ခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ ယင်းခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများ အနက် ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် အတည်ပြုမိန့် ၁၆ ခုကို ခွင့်ပြု ပေးခဲ့သည်။ အဆိုပါ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တွင် ကျပ်သန်းပေါင်း နှစ်သောင်းခွဲခန့် နှင့် အမေရိကန်ဒေါ်လာ လေးသန်းနီးပါး ကို ရင်းနှီးမြှုပ်နှံထားသည်။ “ရေရှည်မှာ ခရီးသွားတွေအတွက် မျှော်မှန်းပြီးတော့ပေါ့နော်၊ ဟိုတယ်လုပ်ငန်းတွေကို အဓိက အများဆုံး လုပ်တာပေါ့”ဟု […]