ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သီဟိုစေ့ အထွက်နှုန်းလျော့သဖြင့် ဈေးတိုးပေးဝယ်သော်လည်း ရောင်းသူနည်း

diz_admin

February 18, 2022

ထားဝယ်ဒေသထွက် သီဟိုစေ့ တစ်ပိဿာကို ကျပ် ၂၇၀၀ ဝန်းကျင်အထိ ဈေးပေးဝယ်နေရသော်လည်း ယခုနှစ် အထွက်နှုန်းလျော့သဖြင့် ရောင်းသူနည်းကြောင်း ထားဝယ်မြို့တွင် သီဟိုစေ့ လက်လီလက်ကား အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။ သီဟိုစေ့ ရာသီဖွင့်ဈေးမှာ တစ်ပိဿာကို နှစ်ထောင်ကျပ်ဖြစ်ပြီး လက်ရှိတွင် ၂၇၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းဖြင့် ဝယ်ယူနေသော်လည်း ကုန်ချိန် အရနည်းကြောင်း ၎င်းက ဆိုသည်။ “အရင်နှစ်က အခုချိန်လောက်ဆို ကုန်ချိန် ပိဿာ လေးထောင်‌လောက်ရနေတယ်။ ယခုနှစ်က နှစ်ထောင်ကျော်ပဲ ရသေးတယ်” ဟု ၎င်းက ပြောဆိုသည်။ လောင်းလုံးမြို့နယ်ရှိ သီဟိုခြံပိုင်ရှင်တစ်ဦးက သီဟိုသီး ဝတ်ဆံထွက်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ အတွင်း နှင်းခါးရိုက်ခြင်း မိုးရွာခြင်းကြောင့် ဝတ်ဆံများကြွေကျကာ ယခုနှစ်မှာ အသီးထွက်နှုန်း ကျဆင်းကြောင်း ပြောသည်။ “ဒီနှစ်က နှမ်းခါးတွေကျပြီး […]

မြိတ်ရော်ဘာဈေး တစ်ပိဿာလျှင် လေး‌ထောင်ကျပ်နီးပါးအထိ ဈေးရ

diz_admin

February 17, 2022

မြိတ်မြို့ ရော်ဘာဈေးကွက်အတွင်း တစ်ပိဿာလျှင် ရာသီအဖွင့်ဈေး ကျပ် ၃၅၀၀ ဈေးရှိရာမှ လက်ရှိတွင် လေး‌ထောင်ကျပ်နီးပါးအထိ ဈေးရနေကြောင်း ရော်ဘာခြံလုပ်လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။ ရော်ဘာဈေးနှုန်းတို့မှာ ရာသီအဖွင့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံအဆင့် (၃) ၊ နေလှန်းပြား ခေါင်းဝိုင်း၊ အစေးရည်၊ ခွက်လုံး၊ ခွက်ခဲ (အသန့်) တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ဈေးရခဲ့ကြောင်း ရော်ဘာခြံ လုပ်ကိုင်သူအချို့ထံမှ သိရသည်။ ယင်းနောက် ဒီဇင်ဘာလအတွင်း တစ်ပိဿာလျှင် ငါးရာကျပ်ဝန်းကျင် ဈေးကျဆင်းခဲ့ပြီးနောက် လက်ရှိတွင် တစ်ပိဿာလျှင် လေးထောင်ကျပ်နီးပါးအထိ ဈေးပြန်လည်ရရှိနေခြင်းဖြစ်ကြောင်း ရွှေဒူးကျေးရွာရှိ ရော်ဘာခြံလုပ်ကိုင်သူအချို့က ပြောသည်။ လက်ရှိ ရော်ဘာဈေးနှုန်းတို့မှာ ရော်ဘာမှိုင်းခံအဆင့် (၃) ၊ နေလှန်းပြား ခေါင်းဝိုင်းတစ်ပိဿာလျှင် ၃၉၀၀ ကျပ်၊ အစေးရည် တစ်ပိဿာတွင် ၃၈၀၀ […]

တက္ကသိုလ်ကျောင်းသူနှစ်ဦး ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံရ

diz_admin

February 17, 2022

တက္ကသိုလ်ကျောင်းသူနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတပ် ဖမ်းဆီးတရားစွဲကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်ကြောင်း ၎င်းတို့နှင့် ဆွေမျိုးနီးစပ်သူ အချို့ထံမှ သိရသည်။ ၎င်းတို့မှာ ထားဝယ်တက္ကသိုလ်က အင်္ဂလိပ်စာ ပထမနှစ်ကျောင်းသူ အသက် ၁၉ နှစ်အရွယ်ရှိ မအိခြူးခြူးမော်နှင့် နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ပထမနှစ်ကျောင်းသူ အသက် ၂၀ အရွယ်ရှိ မလင်းလက်ကြည်တို့ ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က နေအိမ်အသီးသီးသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီး သွားပြီး မေတ္တာရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ကြောင်း ဆွေမျိုးနီးစပ်သူအချို့ထံမှ သိရသည်။ ယင်းနောက် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံး၌ ရုံးထုတ်ပြီး ထားဝယ် အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း […]

တနင်္သာရီ ပဝကျေးရွာအနီး တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေးနေရ

diz_admin

February 17, 2022

တနင်္သာရီမြို့နယ် ပဝကျေးရွာအနီးတွင် ယနေ့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပဝကျေးရွာအုပ်စု၊ သက်ကယ်ဂျွန်ကျေးရွာ အနောက်ဖက်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၇) နံနက် ၆ နာရီခန့်မှ စတင်ကာ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီးနောက် တိုက်ပွဲများဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲ တစ်နာရီကျော်ကြာဖြစ်ပွားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲတွင် အထိအခိုက်အကျအဆုံး မည်မျှရှိသည်ကိုမူ မကြားသိရသေးကြောင်း ၎င်းက ဆိုသည်။ တိုက်ပွဲကြောင့် ပဝကျေးရွာနှင့် အနီးအနားကျေးရွာငယ်များတွင် နေထိုင်ကြသည့် ဒေသခံများမှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ပဝကျေးရွာသည် တနင်္သာရီမြစ်ကမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေငါးရာခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။ […]

ကားစီးခရီးသည်များ ကိုဗစ်ကာကွယ်ဆေးထိုးပြီး လက်မှတ်ပြရမည်၊ မပြနိုင်လျှင် ကိုဗစ်စစ်ခံရမည်

diz_admin

February 16, 2022

မြိတ်မြို့သို့ ခရီးသည်တင်ယာဉ်များဖြင့် ဝင်ထွက် သွားလာမည့် ခရီးသည်များ ကိုဗစ်ဆေးထိုးပြီး လက်မှတ် ပြသနိုင်ရမည်ဖြစ်ပြီး မပြသနိုင်လျှင် ကိုဗစ် ရှိမရှိ စစ်ဆေးခံရမည်ဖြစ်ကြောင်း မြိတ်ခရိုင် ပုဂ္ဂလိက မော်တော်ယာဉ် ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။ ယင်းအပြင် မြိတ်မြို့မှ တိုင်းအတွင်း မြို့နယ်များ၊ တိုင်းပြင်ပ မြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်ကြီး၊ ယာဉ်ငယ် အားလုံးတို့မှာ အားလုံးသည် တင်ဆောင်နိုင်သည့် ခရီးသည်ဦးရေ၏ ထက်ဝက်ကိုသာ တင်ဆောင်ခွင့်ပြုကြောင်း အထက်ပါကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိကာလတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်နေသဖြင့် တိုင်းကျန်းမာရေး ဦးစီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ညွှန်ကြားလိုက်ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် စတင်ကျင့်သုံး နေပြီဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။ ကိုဗစ်ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း လက်မှတ်ပြသနိုင်ရမည်ဖြစ်ပြီး မပြသနိုင်လျှင် […]

မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၁၄၀ တွေ့

diz_admin

February 16, 2022

မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၄၀ ဦးအထိ တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ ကျိုက်မရောမြို့နယ်တစ်ခုတည်းတွင် ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးအထိ တွေ့ရှိပြီး ကျိုက်ထိုတွင် ၃၆ ဦး၊ သံဖြူဇရပ်တွင် ၁၈ ဦး၊ မုဒုံတွင် ၁၄ ဦး၊ သထုံတွင် ၁၃ ဦး၊ မော်လမြိုင်တွင် ၁၀ ဦး၊ ချောင်းဆုံတွင် ခုနစ်ဦး၊ ဘီးလင်းနှင့် ပေါင်တို့တွင် တစ်ဦးစီ တွေ့ရှိခြင်းဖြစ်သည်။ ယင်းမတိုင်ခင် ဖေဖော်ဝါရီလအတွင်း ၁၄ ရက်နေ့အထိလည်း ကိုဗစ်လူနာ လေးရာကျော်တွေ့ရှိထားသဖြင့် ယခုလအတွင်း ကိုဗစ်လူနာ ငါးရာကျော်သွားပြီလည်း ဖြစ်သည်။ မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ […]

မြိတ်တွင် ရွှေတစ်ကျပ်သား ကျပ်သုံးသောင်းကျော် မြင့်တက်

diz_admin

February 15, 2022

မြိတ်မြို့တွင် ရွှေတစ်ကျပ်သားလျှင် ယခင်လ ဈေးနှုန်းထက် ကျပ် သုံးသောင်းလေးထောင် ဈေးနှုန်း မြင့်တက်သွားကြောင်း လက်ဝတ်ရတနာ အရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။ ဇန်နဝါရီလ နောက်ဆုံးအပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈ သိန်းကျော် (၁,၈၇၀,၀၀၀ ကျပ်) ဈေးရှိရာမှ လက်ရှိတွင် ၁၉ သိန်းကျော် (၁,၉၀၄,၀၀၀ ကျပ်) အထိ ဈေးနှုန်းမြင့်တက်နေကြောင်း အဆိုပါအရောင်းဆိုင်များထံမှ သိရသည်။ ရွှေဈေးနှုန်းမြှင့်တက်လာခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းတို့ ပြန်လည်မြင့်တက်လာနေခြင်းကြောင့်ဖြစ်ကြောင်း လက်ဝတ်ရတနာအရောင်းဆိုင် ရှင် အချို့က ပြောပြသည်။ ရွှေဈေးနှုန်းများ မြင့်တက်နေသော်လည်း အဝယ်လိုက်နေသဖြင့် ရောင်းအားကောင်းနေကြောင်း ဆိပ်ငယ်ဈေးကြီးရှိ လက်ဝတ်ရတနာအရောင်းဆိုင်အချို့ထံမှ သိရသည်။ “ရွှေဆိုင်တန်းဘက်မှာ လူအပြည့်ပဲ။ ရောင်းလည်း ရောင်းနေကြရတယ်” ဟု ဆိပ်ငယ်ဈေးကြီးရှိ ရွှေထည်လက်ဝတ်ရတနာ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိ ကမ္ဘာ့ရွှေဈေး […]

မွန်တွင် ကိုဗစ်ကူးစက်မှု ဆက်တိုက်တွေ့၊ ၁၄ ရက်အတွင်း ပိုးတွေ့သူ လေးရာကျော်ပြီ

diz_admin

February 15, 2022

မွန်ပြည်နယ်တွင် ယခုလအတွင်း ကိုဗစ်ကူးစက်မှုများ ဆက်တိုက် တွေ့လာပြီး ဖေဖော်ဝါရီလအတွင်း ပိုးတွေ့ရှိသူ လေးရာကျော်သွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လလယ်ခန့်မှစတင်ကာ ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျလာခဲ့ရာမှ ဒီဇင်ဘာလဆန်းပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာများ ပြန်လည်တွေ့ရှိလာသည်။ ဖေဖော်ဝါရီလတွင်မူ ပိုးတွေ့လူနာ ဆက်တိုက်တွေ့ရှိလာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် အခြေခံပညာစာသင်ကျောင်းများတွင် ကိုဗစ်ကူးစက်ခံရမှု အစုလိုက်အပြုံလိုက် တွေ့ရှိနေပြီး ရပ်ကွက်အတွင်း၌လည်း ကိုဗစ်ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။ “ဒီတလောမှာ ပိုးတွေ့လူနာတွေ ပြန်များလာတာ တွေ့ရတယ်။ ကျောင်းတွေမှာလည်း ကိုဗစ် ကူးစက်ခံရမှုက အစုလိုက်ကို တွေ့ရှိနေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ တာဝန်ရှိသူက ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ […]