ခင်ပွန်းဖြစ်သူ ပစ်သတ်ခံရပြီးတစ်နှစ်အကြာတွင် ဇနီးဖြစ်သူ ပစ်ခတ်ခံရ
diz_admin
September 1, 2022လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁) နံနက်စောစောပိုင်းက အသက် ၄၀ ဝန်းကျင် အရွယ်ရှိ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး၏ဇနီး ဒေါ်မီးဝေ ဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဦးဇော်မျိုးဦးမှာလည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ပစ်သတ်ခံခဲ့ရသည်။ ယနေ့ နံနက် ၅နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက ဒေါ်မီးဝေ နေအိမ်ပေါ်သို့ တက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်နဲ့ တစ်ချက်ပစ်သွားတယ်လို့ ပြောတယ်” ဟု၎င်းက ပြောဆိုသည်။ သို့သော် ဒေါ်မီးဝေကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားခဲ့သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ PDF အဖွဲ့နှစ်ဖွဲ့ဖြစ်သည့်လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ […]


