ဆိုင်ကယ်တွင် အမျိုးသားတင်ခွင့်မရသဖြင့် မြိတ်က ကယ်ရီသမားများ ဝင်ငွေထိုးကျ
diz_admin
September 2, 2022ဆိုင်ကယ်တွင် အမျိုးသား တင်ခွင့်မရသည့်အတွက် မြိတ်မြို့ရှိ ဆိုင်ကယ် ကယ်ရီသမားများ ဝင်ငွေထိုးကျလာ နေကြောင်း ကယ်ရီမောင်းသူများထံမှ သိရသည်။ မြိတ်မြို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း အတူမစီးရအမိန့်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ကပင် ထုတ်ပြန်ထားသည်။ သို့သော်လည်း စစ်ဆေးဖမ်းဆီးခြင်းကို တင်းတင်းကျပ်ကျပ် မလုပ်သဖြင့် မြို့ခံပြည်သူများနှင့် ကယ်ရီမောင်းသူများက ယခင်ပုံမှန်အတိုင်း မောင်းနှင်သွားလာခဲ့ကြသည်။ ဩဂုတ်လဆန်းပိုင်းတွင်မူ မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ ကားများ မိုင်းဆွဲခံရခြင်း၊ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်လာခဲ့သည်။ ယင်းအပြင် ပျူစောထီးများကို မြိတ်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့က အမည်နှင့်တကွ သတိပေးချက်ထုတ်ထားသည်။ ယင်းနောက် ဩဂုတ်လတွင်ပင် အမျိုးသားနှစ်ဦး တစ်စီးတည်းအတူစီးနင်းခြင်းကို စစ်ကောင်စီက လုံးဝခွင့် မပြုတော့ဘဲ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ဖမ်းဆီးခြင်းများ ပြုလုပ်လာခဲ့ကြောင်း […]


