ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သင်္ကြန်ရက်နီးကပ်လာသော်လည်း မြိတ်တွင် ရေပတ်ခံထွက်ရန် ကားငှားသူ မရှိသေးဟုဆို

diz_admin

April 12, 2022

နှစ်သစ်ကူးအတာသင်္ကြန်ရက် နီးကပ်လာပြီဖြစ်သော်လည်း မြိတ်တွင် ရေပတ်ခံထွက်ရန် ကားလာငှားသူ မရှိသေးကြောင်း မြိတ်မြို့ရှိ အငှားကားလိုက်သူအချို့ကို မေးမြန်းချက်အရ သိရသည်။ မနက်ဖြန် ဧပြီ ၁၃ ရက်နေ့သည် သင်္ကြန်အကြိုနေ့ဖြစ်သော်လည်း ကားငှားသူ မရှိသေးခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “အခုထိ လာမေးတဲ့သူ မရှိသေးဘူး။ လာငှားလည်း မလိုက်ဘူး” ဟု မြိတ်မြို့နေ အငှားကားလိုက်သူ တစ်ဦးက ပြောသည်။ သို့ရာတွင် သင်္ကြန်တွင်း၊ တရားစခန်းများသွားရန်နှင့် ဆွမ်းခြောက်ခံရန်အတွက် အော်ဒါရထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှု မဖြစ်ခင်အချိန်က ယခုလိုရက်မျိုးတွင် ကားပိုင်ရှင် အားလုံးနီးပါး အော်ဒါရရှိထားပြီး ကားကြံ့ခိုင်ရေး ပြင်ဆင်နေကြပြီဖြစ်ကြောင်း အငှားကားလိုက်သူများထံမှ သိရသည်။ “စီးပွါးရေး ကျပ်တည်းလို့လား၊ နိုင်ငံရေးကြောင့်လား တော့မသိဘူး။ လာငှားသမားလည်း မရှိဘူး။ တခြားကားတွေလည်း […]

ထားဝယ်မြို့အဝင်တွင် လုယက်သူနှစ်ဦးက အမျိုးသားတစ်ဦးကို တိုက်ခိုက်

diz_admin

April 12, 2022

ထားဝယ်မြို့အဝင် ကမြောကင်းတံတားထိပ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက တိုက်ခိုက်ပြီး လုယက်ရန်ကြိုးပမ်းကြောင်း တိုက်ခိုက်ခံရသည့် ကာယကံရှင် အမျိုးသားက ပြောသည်။ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သော အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦးသည် ဧပြီလ ၁၁ ရက် ည ၇နာရီခန့်က ဆိုင်ကယ်ဖြင့် ထားဝယ်ဖက်မှ လောင်းလုံးဖက်သို့ ကမြောကင်းလမ်း အတိုင်း မောင်းနှင်လာရာတွင် ယင်းသို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အမှတ် ၄ လမ်း မီးပွိင့်ကနေ လူနှစ်ဦး ဆိုင်ကယ်ဖြင့် ရှေ့ဆင့်နောက်ဆင့် လိုက်ပါလာပြီး ကမြောကင်း တံတားထိပ် ထားဝယ်မြို့အဝင် ဆိုင်းဘုတ်အနီးအရောက်တွင် လုယက်ရန် တိုက်ခိုက်ကြောင်း အဆိုပါ အမျိုးသားက ပြောဆိုသည်။ “ဆိုင်ကယ်ကို ကန်တယ်။ ပြီးတော့ ရှေ့ကနေ သူ့ဆိုင်ကယ်နဲ့ […]

တနင်္သာရီ ညောင်ပင်ကွင်းရွာ ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်သူ ပစ်သတ်ခံရ

diz_admin

April 12, 2022

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာနေ ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်သူ ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ပင်ကွင်းကျေးရွာတွင် နေထိုင်သူ အသက် ၅၀ ကျော်ဝန်းကျင်ရှိ ဦးဌေးဦး နေအိမ်တွင်ရှိနေစဉ် ဧပြီလ ၁၁ ရက် ည ၇ နာရီ ကျော်ခန့်တွင် အမည်မသိလူတစ်စုမှ လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။   “သူက ဟိုးအရင်ကတည်းက ပြည်သူ့စစ်ခေါင်းဆောင်လုပ်လာတဲ့ သူပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးဌေးဦး အသတ်ခံရပြီးနောက် ယနေ့ (ဧပြီ ၁၂) နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကျေးရွာသို့ ရောက်ရှိလာပြီး အလောင်းအား လာရောက်စစ်ဆေးကြောင်း ရွာသားများက ဆိုသည်။ ၎င်းအား မည်သည့်အဖွဲ့က ပစ်သတ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါဖြစ်စဉ်နှင့် […]

လောင်းလုံးတွင် မင်္ဂလာဆောင်ကျင်းပသည့် ကျေးရွာနှစ်ရွာ၌ ပေါက်ကွဲမူဖြစ်

diz_admin

April 11, 2022

လောင်းလုံးမြို့နယ်အတွင်း မင်္ဂလာဆောင်ကျင်းပခဲ့သော ကျေးရွာနှစ်ရွာတွင် ပေါက်ကွဲမူများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ ၁၀ ရက်က လောင်းလုံးမြို့ ‌မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ခမောင်းတောင်ကျေးရွာ ဘုန်ကြီးကျောင်းတွင် မင်္ဂလာဆောင်ကျင်းပခဲ့ကြောင်း၊ ပွဲအပြီး ညနေပိုင်းတွင် ဗုံးပေါက်ကွဲမူဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ယင်းမင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က အရပ်ဝတ်ဖြင့် လုံခြုံရေးပေးခဲ့ပြီး၊ ပွဲပြီးချိန်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပေါက်ကွဲမှုမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Dawei Defense Team၊ Nway Oo Guerrilla အဖွဲ့တို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ယင်းအဖွဲ့များက ယနေ့ထုတ်ပြန်သည်။ ယနေ့ (ဧပြီ ၁၁) တွင်လည်း လောင်းလုံးမြို့ တောင်ဘက် ၉ မိုင်ခန့်အကွာ ကြက်ယက်တွင်းကျေးရွာ မင်္ဂလာဆောင်ကျင်းပနေစဉ်အတွင်း ယင်းအနီးပတ်ဝန်းကျင်က ပေါက်ကွဲသံနှင့် သေနတ်သံများ ထွက်လာကြောင်း […]

မြိတ်တွင် တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်တစ်ယူနစ် ကျပ်ငါးရာကျော်တိုးလာ

diz_admin

April 11, 2022

မြိတ်တွင် တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်တစ်ယူနစ် သုံးစွဲခကျပ်ငါးရာကျော် ဈေးတက်လာကြောင်း မြို့ခံများထံမှ သိရသည်။ အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလအထိ လျှပ်စစ်တစ်ယူနစ်ကို ၂၃၅ ကျပ်နှုန်း ပေးဆောင် နေရာမှ တစ်ဆယ့်လေးလအတွင်း တစ်ယူနစ်ကို ကျပ်ငါးရာကျော် တိုးကာ ပေးဆောင် နေကြရကြောင်း မြိုခံလျှပ်စစ်သုံးစွဲသူများက ပြောသည်။ လက်ရှိ ၂၀၂၂ ခုနှစ် မတ်လအတွက် တစ်ယူနစ်ကို ၇၆၅ ကျပ်နှုန်း ကုမ္ပဏီမှ ကောက်ခံလိုက်သဖြင့် အာဏာသိမ်းမတိုင်မီကထက် တစ်ယူနစ်ကို ကျပ် ၅၃၀ ပိုလာခြင်းဖြစ်သည်။ “အာဏာမသိမ်းခင်ကဆို တစ်လကို မီးဖိုးတစ်သောင်းကျော်ပဲကျတယ်။ အခုက တစ်လငါးသောင်းနီးပါး လောက်ပေးနေရတယ်” ဟု တစ်လလျှင် လျှပ်စစ်ယူနစ် ခြောက်ဆယ် ဝန်းကျင် ပုံမှန်သုံးခဲ့သည့် အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။ အလားတူ ထမင်းပေါင်းအိုးတစ်လုံးနှင့် မီးတစ်ခုတည်းသာ အသုံးပြုသည့် […]

ထားဝယ်ရိုးရာ ကလေးသင်္ကြန်ရက် ရေကစားသူမတွေ့

diz_admin

April 11, 2022

နှစ်စဉ် ဧပြီလ ၁၁ ရက်ကစပြီး ကလေးသင်္ကြန်နေ့အဖြစ်သတ်မှတ်၍ ရေပက် ကစားလေ့ရှိသော ထားဝယ်ခရိုင် မြို့နယ်များတွင် ယနေ့ ရေကစားသူ မ‌တွေ့ရကြောင်း ဒေသခံများက ပြောသည်။ ယခင်နှစ်များက ထားဝယ်မြို့အတွင်းရှိ အဓိကလမ်းမကြီးများတွင် သင်္ကြန်အကြိုနေ့ မတိုင်မီ နှစ်ရက်ကစပြီး မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူအရွယ်များ ရေပက်ကစားလေ့ ရှိသော်လည်း ယခုနှစ်မှာမူ တစ်မြို့လုံးနီးပါးတွင် ရေကစားသူ မတွေ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “လုံးဝ မရှိဘူး။ တစ်မြို့လုံးနီးပါး ပတ်သွားကြည့်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ ထားဝယ်မြို့အပါအဝင် လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း စသည့် မြို့နယ်များတွင် ရေပက်ကစားသူ မတွေ့ရကြောင်း ဒေသခံများက ပြောသည်။ ကိုဗစ်နှင့် အာဏာသိမ်းမှုဂယက်တို့ကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ၂ နှစ် […]

ကလေးသင်္ကြန်စတင်သည့်နေ့ ထားဝယ်မြို့ မြင်ကွင်းများ

diz_admin

April 11, 2022

ကလေးသင်္ကြန်စတင်သည့်နေ့ ထားဝယ်မြို့ မြင်ကွင်းများကို ယနေ့ (ဧပြီ ၁၁) နေ့လယ်ပိုင်းက တွေ့မြင်ရခြင်း ဖြစ်သည်။ ဓာတ်ပုံ – Dawei Watch

မြိတ်တွင် သင်္ကြန်တွင်း ဘုရားဖူးခရီးစဉ် ယာဉ်စင်းလုံးငှားသူ မရှိသလောက်နည်း

diz_admin

April 10, 2022

သင်္ကြန်ကာလအတွင်း ပြည်တွင်းဘုရားဖူးခရီးစဉ်အတွက် ယာဉ်စင်းလုံးငှားသူ မရှိသလောက် နည်းပါး‌နေကြောင်း စင်းလုံးငှားယာဉ်အသိုင်းအဝိုင်းမှ သိရသည်။ သင်္ကြန်တွင်း လူ ၁၂ ဦးမှ ၁၅ ဦးအထိ လိုက်ပါနိုင်သည့် အံစာတုံးကဲ့သို့ မော်တော်ယာဉ်တို့အား စင်းလုံး ငှားရမ်းပြီး ရန်ကုန်နှင့် အထက်မြန်မာပြည်အနှံ့ ပြည်တွင်း ဘုရားဖူးသွားလေ့ရှိကြသည်။ ပုံမှန်အားဖြင့် နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း ဘုရားဖူးခရီးစဉ်တို့အတွက် ကြိုတင်ငှားရမ်းထားကြရပြီး ယခုနှစ်တွင် ငှားရမ်းသူ မရှိသေးကြောင်း ယာဉ်စင်းလုံးဖြတ်ငှားရမ်းနေသူ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြသည်။ “မနှစ်က ကိုဗစ်ကြောင့်ပေါ့။ ဒီနှစ်က ပေးသွားတာတောင် ခေါ်သမားမရှိဘူး” ဟု ၎င်းက ပြောသည်။ စင်းလုံးယာဉ်ပိုင်ရှင်အချို့ကို မေးမြန်းချက်အရ ၎င်းတို့အသိုင်းအဝိုင်းမှ ကားအများစုမှာ ငှားရမ်းသူ မရှိသေးဘဲ တစ်စီးတလေသာ ငှားရမ်းထားသည်ဟု ကြားသိရကြောင်း ပြောဆိုကြသည်။ “အော်ဒါခေါ်ထားတာ မရှိဘူး။ လာခေါ်ရင် ထလိုက်သွားတာပဲ” […]