ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက်တွင် ဆောက်လက်စကွန်ဒို ကြမ်းခင်းပြို၍ မြန်မာလုပ်သား ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ

diz_admin

May 2, 2022

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လက်စ ကွန်ဒိုတစ်ခုတွင် ကြမ်းခင်းပြိုကျမှုဖြစ်ပြီး မြန်မာအလုပ်သမား ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ယင်းကွန်ဒို၏  ၂၇ လွှာ နှင့် ၂၆ လွှာတို့တွင် အလုပ်သမား ၅၀ ခန့် ညဘက်ဘိလပ်မြေလောင်းနေစဉ် ကြမ်းခင်းကို ထောက်ထားသော Tတိုင်ပြိုကျပြီး ငြမ်းပါပြိုကျမှုကြောင့်  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ငြမ်းပေါ်ရှိ မြန်မာအလုပ်သမားတစ်ဦး အဆောက်အဦး အောက်ခြေသို့ ပြုတ်ကျသေဆုံး သွားခြင်းဖြစ်သည်။ ကြမ်းခင်ပြိုကျခဲ့ပြီးနောက် မြန်မာလုပ်သား ၅ ဦးမှာကွန်ဒို ၂၆ လွှာသို့ ပြုတ်ကျဒဏ်ရာရရှိခဲ့၍ ကယ်ဆယ်ရေးအဖွဲ့မှ Vajira ဆေးရုံသို့ ပိုဆောင်ပေးခဲ့သည်။ ကျန်အလုပ်သမားများမှာ မပြိုကျသောနံရံဘေးတွင် ရှိနေခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပေ။ မတော်တဆမှုဖြစ်ပွားခဲ့သော အဆိုပါကွန်ဒိုကို ဆောက်လုပ်‌ရေးခွင့်ပြုချက်ဖြင့် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး […]

တိုက်ပွဲကြောင့် ပုလောဒေသခံတစ်ထောင်ကျော် စစ်ဘေးရှောင်

diz_admin

May 2, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွါ ထွက်ပြေးနေရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင် အကူအညီပေးနေသည့်အဖွဲ့များ ထံမှသိရသည်။ ကျောင်းနိမ့်ကျေးရွာတွင် မတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်များ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယင်းရွာအတွင်းရှိ နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများ ကပြောသည်။ “အိမ်တွေလည်း မီးလောင်တော့ ကရင်ရွာရော ဗမာရွာရော လူတွေအကုန် ထွက်ပြေးကုန်ကြပြီ”ဟု ကျောင်းနိမ့်ရွာနှင့် တစ်မိုင်ခန့်သာဝေးသည့် ဂျက်ဂါရွာဒေသခံ တစ်ဦးကပြောသည်။ တိုက်ပွဲဖြစ်သည့် ကျောင်းနိမ့်ရွာ အပါအဝင် ပိန္နဲတောင်၊ဆားခဲစသည့် ကျေးရွာသုံးရွာမှ လူဦးရေတစ်ထောင်ကျော် ထွက်ပြေးနေရပြီး စစ်ရှောင်ပြည်သူများအား ပုလောစစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီ(IDPCMC)အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)က ယနေ့ (မတ် ၂) ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲအတွင်း ကျောင်းနိမ့်ရွာရှိ နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး […]

တောင်ပျောက်တိုက်နယ် ကျွဲခြံဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည်စများထိမှန်

diz_admin

May 1, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ကျွဲခြံရွာဘုန်းကြီးကျောင်းမုဒ်ဝတွင် လက်နက်ကြီးကျည် လာကျပြီး ကျောင်းကို ကျည်စများထိမှန်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ သဲချောင်းကြီးရဲကင်းစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီး ကျည်စများထိမှန်ခဲ့သည့် ကျွဲခြံရွာဘုန်းကြီးကျောင်းမှာ ရွာလယ်တည့်တည့်တွင် တည်ရှိပြီး ဘုန်းကြီးကျောင်းတွင် သံဃာတစ်ပါး၊ ကိုရင်နှစ်ပါး၊ ဘုန်းကြီးကျောင်းသားလေး နှစ်ပါးနေထိုင်သည်ဟု ကျွဲခြံရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဘုန်းကြီးကျောင်း မုဒ်ပေါက်ဝမှာ လာကျတယ်၊ စင်တာက ဘုန်းကြီးကျောင်းရေချိုးခန်းမှာလဲ လာစင်တယ်၊ ဓမ္မာရုံမှာလည်း လာစင်တယ်၊ ပြီးတော့ စင်္ကြာလမ်းတစ်လျောက်မှာ ကနုတ်ပန်းတွေမှာလည်း လာစင်တယ်၊ စတီးဝရန်တာတွေမှာလည်း လာထိတယ်၊ ခွေးတစ်ကောင် အဲဒီလက်နက်ကြီးထိပြီးသေတာပဲ၊ ဘုန်းကြီးကျောင်းက မွေးထားတဲ့ခွေးပဲ” ဟု ဒေသခံအမျိုးသမီးက ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးများဖြင့် ညစဉ်လိုပစ်ခတ်မှုကြောင့် ကိုယ့်အိမ်တွင် ကိုယ်မအိပ်ရဲသည့် ဒေသခံများမှာ ကျွဲခြံရွာဘုန်းကြီးကျောင်းတွင် […]

ပုလော၊ ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အိမ်အချို့မီးလောင်၊ ရွာသားများထွက်ပြေး

diz_admin

May 1, 2022

မြိတ်ခရိုင် ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး နေအိမ်အချို့မီးလောင်ကာ ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ ကျောင်းနိမ့်ကျေးရွာတွင် ယနေ့(မေ ၁) မွန်းလွဲ ၁ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီဖက်က လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “အိမ်တွေလည်း မီးတွေလောင်နေတာ မြင်နေရတယ်” ဟု ကျောင်းနိမ့်ကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးသည့် ဂျက်ဂါရွာက ရွာသားတစ်ဦးကပြောသည်။ နေအိမ်မည်မျှလောက်ကျွမ်းခဲ့သည်ကိုမူ လတ်တလောတွင် မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီးခိုးလုံးများ ထွက်ပေါ်လာပြီး ညနေ ၅ နာရီခန့်တွင် မီးခိုးများ တိတ်သွားကြောင်း ဂျက်ဂါကျေးရွာသားများကပြောပြသည်။ ည ၅ နာရီခွဲအချိန်တွင် လက်နက်သံများစဲသွားကြောင်း ဒေသခံများက ဆိုသည်။ […]

ထားဝယ်မြို့ မြောင်းပုလဲတံတားအောက် အမျိုးသားတစ်ဦးအလောင်းတွေ့

diz_admin

May 1, 2022

ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် မြောင်းပုလဲရပ်ကွက်တံတားအောက်တွင် အမည်မသိ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ရပ်ကွက်နေသူတစ်ဦးက တံတားအောက်တွင် အလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းပေး လာသဖြင့် ယနေ့ (မေ ၁) နံနက် ၈ နာရီခန့်တွင် အလောင်းသွားဆယ်ပြီး ထားဝယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ပေးလိုက်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အရက်မူးပြီးအဲ တံတားအောက်ကိုကျသွားတာလားဆိုပြီးတော့ သုံးသပ်ရတာပေါ့နော်။ (ပြင်ပ) ဒဏ်ရာတွေတော့ မတွေ့ရဘူး” ဟု ၎င်းက ဆိုသည်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းကြောင့် သေဆုံးနေသည်ကိုမူ မသိရသေးကြောင်း အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။

ဘုတ်ပြင်းကို ခရိုင်အဖြစ် စစ်ကောင်စီတိုးချဲ့

diz_admin

May 1, 2022

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ကို ဘုတ်ပြင်းခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ဧပြီလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။ မြန်မာတစ်နိုင်ငံလုံး၌ ခရိုင် ၄၆ ခု တိုးချဲ့ဖွဲ့စည်းရာတွင် ဘုတ်ပြင်းမြို့နယ်ကိုလည်း ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်ဟု ခရိုင်သုံးခုရှိပြီး ဘုတ်ပြင်းမှာ ကော့သောင်းခရိုင်ရှိ မြို့နယ်တစ်ခုဖြစ်သည်။ လက်ရှိတွင်မူ ခရိုင်လေးခုရှိလာမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် လူဝင်မူကြီးကြပ်ရေးဦးစီးဌာန၏ စာရင်းအရ ဘုတ်ပြင်းမြို့နယ်တွင် လူဦးရေ ရှစ်သောင်းနီးပါး ရှိပြီး ဘုတ်ပြင်းမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ကရသူရိမြို့ဟု မြို့သုံးမြို့ရှိသည်။ ကျေးရွာအုပ်စု ၉ အုပ်စု၊ ကျေးရွာ ၅၇ ရွာရှိသည်။ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်တို့တွင်မူ လူဦးရေ အနည်းဆုံး နှစ်သိန်းကျော်ရှိသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ […]

လောင်းလုံး၊ ပန်းဒလဲရွာတွင် PDF နှင့် ပျူစောထီးတို့ ပစ်ခတ်မှုဖြစ်

diz_admin

May 1, 2022

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ယနေ့ (မေ ၁) နံနက် ၁ နာရီခန့်က PDF ပူးပေါင်းတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT) ပူးပေါင်းတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ ပစ်ခတ်ကြခြင်းဖြစ်ကြောင်း DDT က ထုတ်ပြန်သည်။ နံနက် ၁ နာရီခန့်မှ ၁ နာရီ ၄၅ မိနစ်အထိ အပြန်အလှန်ပစ်ခတ်မှုကြောင့် လောင်းလုံးပြည့်သူကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ပန်းဒလဲရွာတွင် ဧပြီလ ၂၈ ရက်နေ့ နံနက်က ပျူစောထီးခေါင်းဆောင်၏ ညီမလည်းဖြစ်၊ ပျူစောထီး အဖွဲ့ဝင်လည်းဖြစ်သူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရသည်။ ယင်းနေ့ညတွင်ပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) […]

မြိတ်တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်အတူစီးလျှင် အဖမ်းခံရမှု၊ စစ်ဆေးခံရမှု ဆက်တိုက်ရှိလာ

diz_admin

May 1, 2022

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်စီးသူများကို စစ်ဆေးမှုများလုပ်ဆောင်နေပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလျှင်မူ ဆိုင်ကယ်ဖမ်းဆီးခံရကြောင်း ကိုယ်တိုင်ကြုံရသူများနှင့် မြို့ခံအချို့ထံမှ သိရသည်။ မြိတ်ကမ်းနားလမ်းနှင့် မြို့တွင်းရှိ လမ်းဆုံလမ်းခွတို့တွင် အမျိုးသားနှစ်ဦး အတူစီးလာသည့် မော်‌တော် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးနေကြောင်း ဆိုင်ကယ်ကယ်ရီသမားအချို့က ပြောသည်။ “ညဘက်ပဲ ဖမ်းတာ။ (ဆိုင်ကယ်) ပြန်ထုတ်ပေးမယ့်နေ့ကို ရက်ချိန်းပေးလိုက်တယ်” ဟု အမျိုးသားနှစ်ဦး အတူစီးလာသဖြင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပြသည်။ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြိတ်တောင်နယ်မြေရှိ လမ်းမကြီးပေါ်တို့တွင် အမျိုးသားနှစ်ဦးအတူ စီးနင်းလာသည့် ဆိုင်ကယ်တို့အား မော်တော်ယာဉ်များဖြင့် လိုက်လံဖမ်းဆီးနေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောပြသည်။ ယခုရက်ပိုင်းအတွင်းမှာပင် နောက်ထပ်ဖြစ်စဉ်တစ်ခုမှာ ညဘက် ဆေးခန်းမှပြန်လာစဉ် အသက် ၁၅နှစ် အရွယ် ယောင်္ကျားလေးတစ်ဦးကို […]