တိုင်းတွင်းယာဉ်လိုင်းများ လူ တစ်ဝက်တင်၊ ဈေးတိုးကောက်စနစ်ဖြင့် ပြေးဆွဲခွင့်ပြု
diz_admin
May 25, 2020တိုင်းတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်းများကို ခရီးသည်လျှော့တင်ပြီး ဈေးတိုးကောက်သည့်စနစ်ဖြင့် ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနထံမှ သိရသည်။ ယာဉ်တစ်စီးလျှင် ခရီးသည်တစ်ဝက် တင်ဆောင်ခွင့်ရမည်ဖြစ်ပြီး ဈေးနှုန်းမှာ ခရီးအနီး/အဝေးပေါ်မူတည်ပြီး တစ်ဦးလျှင် ကျပ် ၅၀ဝ မှ ကျပ် ၂၅၀ဝ အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ တိုးမြှင့်လိုက်သည့် ဈေးနှုန်းများမှာ သက်ဆိုင်ရာခရိုင် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး၊ လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယကက) အဖွဲ့ဝင်များက အဆိုပြုထားသော ဈေးနှုန်းများဖြစ်ကြောင်း အထက်ပါဌာနတိုင်းဦးစီးမှူး ဒေါ်သက်သက်ဦးက ပြောသည်။ “ခရီးသည်ကတော့ အရင်ဆယ်ယောက်ဆိုရင် ငါးယောက်တင်ရမယ်။ နှုန်းထားကတော့ အများကြီး တက်မသွားပါဘူး။ ယကက တွေက အဆိုပြုထားတဲ့ နှုန်းထားတွေပဲပေါ့” ဟု ၎င်းက ပြောသည်။ ရန်ကုန်-ထားဝယ် တိုင်းပြင်ပ ယာဉ်လိုင်းများကိုမူ မေလကုန်အထိ ပြေးဆွဲခွင့် ပိတ်ထားဆဲဖြစ်သည်။ […]