ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လယ်သစ်ရွာကို လက်နက်ကြီးများနှင့်ပစ်နေ၍ ဒေသခံများတိမ်းရှောင်

diz_admin

June 5, 2022

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာ အရှေ့ကမ်းဖက်သို့ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်နေ၍ ရွာသူ၊ရွာသားများဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများ ထံမှသိရသည်။ လယ်သစ်ကျေးရွာ အနောက်ဘက်ကမ်းသို့ ဇွန်လ ၄ ရက်နေ့ညနေက စတင်ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ယနေ့မွန်းလွဲ ၂ နာရီကျော်ဝန်းကျင်ခန့်မှ စတင်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ၎င်းတို့ကပြောသည်။ “လက်နက်ကြီး ဆယ်ချက်လောက်ရှိတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်နေတယ်”ဟု ဒေသခံအမျိုးသားကပြောသည်။ ယင်းပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖက်က ပစ်ခတ်နေခြင်းဖြစ်ပြီး လယ်သစ်အရှေ့ကမ်းဖက်တွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ ယခုညနေအထိ ပြန်လည်ပစ်ခတ်သည်ကို မကြားရသေးကြောင်း ဒေသခံများက ပြောသည်။ လယ်သစ်အနောက်ကမ်းမှ ရွာသားတစ်ချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေသည်ဟု ကြားရပြီး အသေးစိတ်ကို မသိရှိရသေးဟု ဒေသခံများ ကဆိုသည်။ လက်ရှိအချိန်တွင် လယ်သစ်အနောက်ကမ်းနှင့် အရှေ့ကမ်းတွင်နေထိုင်ကြသည့် ရွာသားများမှာ ဘေးလွတ်ရာ တောတောင်အတွင်း တိမ်းရှောင်နေကြရသည်။ […]

လောင်းလုံး ကျောက်ပုံရွာတွင် သွေးသောက်အဖွဲ့ဝင်ဆိုသူ ပစ်သတ်ခံရ

diz_admin

June 5, 2022

လောင်းလုံးမြို့နယ် ကျောက်ပုံရွာက သွေးသောက်အဖွဲ့ဝင်ဆိုသူ အမျိုးသားတစ်ဦး ဇွန်လ ၄ ရက် ညပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ ဦးဖေအေးဆိုသူဖြစ်ပြီး ဇွန်လ ၄ ရက်နေ့ ည ၈နာရီဝန်းကျင်တွင် နေအိမ်‌ပေါ်၌ ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒဏ်ရာက ညာဖက်မျက်လုံးရယ်၊ ဘက်ဖက်ပခုံးရယ်၊ ဘယ်ခြေထောက်ရယ် ဖောက်ဝင် ဒဏ်ရာတွေ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းနောက် သကျက်တောရဲစခန်းက သေနတ်နှစ်ချက် ပစ်ဖောက်သံလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။ ဦးဖေအေးသည် အာဏာသိမ်းပြီးနောက် ဆန္ဒပြလူငယ်များကို ဓာတ်ပုံရိုက်ယူကာ စစ်ကောင်စီကို သတင်းပေးလေ့ရှိသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယင်းအပြင် ငွေကြေးလိမ်လည်ဟုဆိုသောကြောင့် ပြီးခဲ့သည်လပိုင်းက ‌ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် […]

လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ရွာသားများ ဘေးလွတ်ရာတိမ်းရှောင်

diz_admin

June 5, 2022

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ရွာသားများ ဘေးလွတ်ရာတောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က လယ်သစ်ရွာအနောက်ကမ်းသို့ ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အရှေ့ကမ်းရော အနောက်ကမ်းရော လူမရှိတော့ဘူး။ တောထဲအကုန် ဝင်ပြေးကုန်ကြပြီ” ဟု လယ်သစ်ရွာသားတစ်ဦးက ပြောသည်။ သို့သော် ယနေ့ နေ့လယ်ပိုင်းအချိန်အထိမူ နှစ်ဖက်စစ်ရေးတင်းမာနေသော်လည်း ပစ်ခတ်မှုများ မရှိသေးကြောင်း ဒေသခံများက ပြောပြသည်။ လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲများဖြစ်ပွားသေးသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။ ဧပြီလအတွင်းက လယ်သစ်ကျေးရွာ အရှေ့ကမ်းရှိ မိုင်တဲတာဝါတိုင် မိုင်းဆွဲခံခဲ့ရသည်။ လယ်သစ်ရွာသို့ စစ်ကောင်စီတပ်က ယခုတစ်ကြိမ်ဝင်ရောက်လာရာတွင် အင်းအားတစ်ရာဝန်းကျင်ရှိသဖြင့် […]

နေရပ်စွန့်ခွာကြသူများ

diz_admin

June 4, 2022

တနင်္သာရီတိုင်းရှိ ကျေးရွာများတွင် လူငယ်များမရှိတော့၊ အများစုက စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံသားများ မလုပ်ချင်သည့် အလုပ်များလုပ်ကိုင်ခွင့်ရရှိရေး ထိုင်းနိုင်ငံသို့ စွန့်စားသွားရောက်နေကြရသည်။ “လူငယ်တွေ မရှိကို မရှိတော့ဘူး သွားနေကြတာကလေ၊ ရော်ဘာခြံတွေ၊ လယ်တွေပစ်ပြီးသွားတယ်ဆိုပေမယ့် မိဘတွေတော့ ကျန်ရစ်တာပေါ့၊ သားငယ်ပိုင်းတွေ သွားကြတာပေါ့” ဟုထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အ အနောက်ဘက်ကမ်းရှိကျေးရွာတစ်ရွာမှ အသက် ၆၀ ခန့်ရှိ ဒေါ်စိန်သောင်း (အမည်လွှဲ)က ဆိုသည်။ ဒေါ်စိန်သောင်းတို့ လင်မယားတွင် သားသမီး သုံးဦးရှိပြီး သားလတ်နှင့် သမီးအငယ်မှာ ယခုနှစ်ဆန်းပိုင်းအထိ မိဘများနှင့်အတူနေထိုင်ကြသည်။ သူတို့တွင်လယ် ၇ ဧကနှင့် ရော်ဘာခြံ ၄ ဧကရှိသည်။ အသက် ၂၃ နှစ်ခန့်ရှိ သမီးအငယ်မှာ စစ်အာဏာမသိမ်းခင်က ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဖြစ်ပြီး အာဏာသိမ်းကာလတွင် စက်ချုပ်သင်တန်းတက်နေရာမှ ယခုနှစ် မတ်လခန့်တွင် အလုပ်လုပ်ရန် […]

ပုလော ပလစက်တော်ရာရွာ ရာအိမ်မှူးပစ်သတ်ခံရ

diz_admin

June 4, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စက်တော်ရာကျေးရွာက ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့နယ်ခွဲ၊ ကျဲကျေးရွာအုပ်စု စက်တော်ရာကျေးရွာက ရာအိမ်မှူး ဦးအေးထွန်းသည် ဇွန်လ ၃ ရက်ည ၇ နာရီခန့်တွင် ရွာထိပ်လမ်းမ၌ သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ရွာသားများက ပြောသည်။ “ရွာမှာက သူ့ကို ထန်းဗလက်လို့ ခေါ်ကြတယ်။ စစ်ကောင်စီသတင်းပေးတာတွေ လုပ်တယ်လို့ ပြောကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် ရွာသားများအား ကင်းစောင့်ခိုင်းခြင်း၊ ကင်းမစောင့်သူများထံမှ ငွေတောင်းခြင်း၊ ထိုင်းဖက် သွားသည့် ကားများမှ ငွေကြေးတောင်းခံခြင်း စသည်တို့ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဦးအေးထွန်း အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကိုမူ Dawei Watch […]

လက်နက်ကြီးကျည်ကျ၍ စုံစင်ဖျားရွာခံ ၂ ဦးသေဆုံး

diz_admin

June 4, 2022

သရက်ရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ သရက်ချောင်းမြို့နယ် သဲချောင်းကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF ) က ဝင်တိုက်ရာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်နာရီခန့်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စုံစင်ဖျားရွာထဲသို့ လက်နက်ကြီးကျည် ကျခဲ့ခြင်းဖြစ်သည်။ “(စုံစင်ဖျား)ရွာထိပ်မှာမီးသတ်ရုံးရှိတယ် အဲဒီကနေ လက်နက်ငယ်နဲ့လည်းပစ်တယ် လက်နက်ကြီးက တစ်ချက်ပေါ့ အဲတစ်ချက်ကရွာထဲမှာကျတာ”ဟု ၎င်းကပြောသည်။ ယင်းလက်နက်ကြီး ကျရောက်မှုကြောင့် စုံစင်ရွာသား အသက်သုံးဆယ်ကျော်အရွယ်ရှိ ကိုသက်ထွေးဆိုသူမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ရှိ မလဲ့လဲ့ဝင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသဖြင့် ရငဲဆေးရုံသို့တင်ပို့ရာ ယင်းနေ့ည တွင်‌ပင်သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ သေဆုံးသူအမျိုးသမီးငယ်မှာ သရက်ချောင်းမြို့နယ် […]

စစ်ဘေးရှောင်များကို ကူညီနေသည့် CDM သူနာပြုဆရာမ ရုတ်တရက်ကွယ်လွန်

diz_admin

June 3, 2022

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ကူညီနေသည့် CDM ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး ရုတ်တရက် ကွယ်လွန်သွားကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာရှိ ကျန်းမာရေးဌာနက CDM ပြုလုပ်ထားသည့် သူနာပြုဆရာမ ဒေါ်သဇင်ငြိမ်းသည် စစ်ဘေးရှောင်နေသူများနှင့် အတူနေထိုင်နေစဉ် ဇွန်လ ၂ ရက် ညနေတွင် ရုတ်တရက် နှလုံးအမောဖောက်ကာ ကွယ်လွန်သွားကြောင်း ဒေသခံစစ်ဘေးရှောင်များက ပြောသည်။ “သူက စိတ်ကောင်းစေတနာ ပြည့်ဝတဲ့ဆရာမတစ်ယောက်ပါ။ လေးလသားလေးတစ်ယောက် ကျန်ရစ်တယ်” ဟု စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ သူမသည် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ဝါသရွာဇာတိဖြစ်ပြီး ကွယ်လွန်ချိန်တွင် လသားအရွယ် သားတစ်ယောက်နှင့် ခင်ပွန်းဖြစ်သူတို့ ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများနှင့် တစ်သားတည်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

June 3, 2022

ကမ္ဘာတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (မေ ၂၈ – ဇွန် ၃) နီပေါနိုင်ငံ၏ လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူမရှိ နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်းမှ ခရီးသည်နှင့် အမှုထမ်း ၂၂ ယောက်ပါလေယာဉ်တစ်စင်းသည် မေလ ၂၉ ရက်နေ့တွင် ပျက်ကျသွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိ‌ကြောင်း နိုင်ငံပိုင်သတင်းများတွင်ဖော်ပြထားသည်။ ပျက်ကျသွားသော လေယာဉ်ပေါ်တွင် အိန္ဒိယနိုင်ငံသား ၄ ဦး၊ ဂျာမန်နိုင်ငံသား ၂ ဦး၊ နီပေါခရီးသည် ၁၃ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦးတို့ ပါဝင်ခဲ့ပြီး မေလ ၃၀ ရက်နေ့တွင် အလောင်း ၂၂ လောင်းကို အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ထားသည်။ Ref: […]