လျှပ်စစ်ယူနစ်အတက်ကြမ်းကိစ္စ စစ်ဆေးမည်၊ စစ်ဆေးရန် စာရင်းပေးထားသူများ မီတာခမသွင်းစေဘဲ ဆိုင်းငံ့ထားမည်
diz_admin
June 30, 2020ထားဝယ်ဒေသတွင် လျှပ်စစ်ယူနစ် အတက်ကြမ်းနေသည့်ကိစ္စကို စစ်ဆေးမည်ဖြစ်ပြီး ယင်းသို့ စစ်ဆေးရန် စာရင်းသွင်းထားသူများ မီတာခ မသွင်းစေဘဲ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိုင်း လျှပ်စစ်အင်ဂျင်နီယာက ပြောကြားသည်။ ထားဝယ်ခရိုင်အတွင်းရှိ မီတာအများစုမှာ ပြီးခဲ့သည့် မေလက သုံးစွဲခဲ့သည့် လျှပ်စစ်ယူနစ်က ယခင်ထက် နှစ်ဆဝန်းကျင် ပိုမိုကျသင့်နေကြသည်။ ထိုကြောင့် လျှပ်စစ်ယူနစ်ခါတိုင်းထက် ပိုနေသည်ဟု သံသယရှိက စစ်ဆေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ လျှပ်စစ်ယူနစ်အတက်ကြမ်းနေသည့် ကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၂၂ ရက်နေ့ က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အဆင့် ၃ ဆင့်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ဒုတိုင်း လျှပ်စစ်အင်ဂျင်ယာ၊ အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏက ဆိုသည်။ ပထမအဆင့်အနေဖြင့် […]