ထိုင်းတွင် လုပ်ခတိုးမြှင့်မှု စက်ရုံက မြန်မာလုပ်သားများခံစားခွင့်ရ၊ နယ်စပ်နှင့် ခြံအလုပ်အချို့တွင် မရသေး
diz_admin
October 30, 2022ထိုင်းနိုင်ငံအစိုးရက နိုင်ငံ၏ တစ်ရက်အခြေခံလုပ်အားခကို တိုးမြှင့်လိုက်ပြီးနောက် စက်ရုံအများအပြားရှိ မြန်မာ အလုပ်သမားများ ယခုအောက်တိုဘာလမှစတင်ကာ ခံစားခွင့်ရရှိပြီး နယ်စပ်နှင့် ခြံလုပ်ငန်းအချို့တွင်မူ မရရှိကြသေး ကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းတွင် ၁၄ နှစ်အကြာ၌ အမြင့်ဆုံးပြန်ရောက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်းကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အလုပ်သမားများ၏ တစ်ရက်လုပ်အားခနှုန်းထားကို တိုးမြှင့်ပေးရန် ထိုင်းအစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခု အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ယခင်သတ်မှတ်ထားသော တစ်ရက်လုပ်အားခနှုန်း၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းခန့်ကို ခရိုင်အလိုက် တိုးမြှင့်ခံစားနိုင်ရန် ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်။ အခြေခံလုပ်အားခတိုးမြှင့်မှုကို စမူစခွန်ခရိုင်ရှိ စက်ရုံအများစုက မြန်မာအလုပ်သမားများ စတင်ခံစားခဲ့ရကြပြီဖြစ်ပြီး ခရိုင်အသီးသီးရှိ လုပ်အားခ တိုးမပေးသော စက်ရုံများကို စောင့်ကြည့်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ထံမှ သိရသည်။ “လုပ်အားခတိုးတာ မြန်မာအလုပ်သမားတွေ […]


