ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော နတ်အိမ်တောင်ရွာတွင် တိုက်ပွဲဖြစ်

diz_admin

July 10, 2022

ပုလောမြို့နယ် အရှေ့ခြမ်းရှိ နတ်အိမ်တောင်ကျေးရွာတွင် ယနေ့ (ဇူလိုင် ၁၀) နေ့လယ်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောကုန်းကျေးရွာအုပ်စု၊ နတ်အိမ်တောင်သို့ ဇူလိုင် ၉ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ညဦးကတည်းက ပစ်ကြတာ။ ဒီမနက် ၁၂ နာရီလောက်မှ နားသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပုလောမြို့ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောပြသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။ နတ်အိမ်တောင်ကျေးရွာသည် ပုလောကုန်းကျေးရွာနှင့် တဆက်တစပ်တည်း တည်ရှိသည့် ကျေးရွာဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်ကလည်း ပုလောအရှေ့ခြမ်းရှိ နန်းတောင်ကျေးရွာအုပ်စု၊ မှော်မိ၊ ဂျင့်ဂါ၊ […]

ဝေဒီရွာတွင် သေနတ်ကျည်ဆန်ထိ၍ မိန်းကလေးငယ်တစ်ဦးသေဆုံး

diz_admin

July 10, 2022

လောင်းလုံးမြို့နယ် ဝေဒီရွာတွင် ဇူလိုင် ၉ ရက် ယမန်နေ့ညက သေနတ်ကျည်ဆန် ထိမှန်၍ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ယင်းနေ့ည ၁၁ နာရီခန့်က ဝေဒီကျေးရွာသား အသက်လေးဆယ်ကျော် အရွယ်ရှိ ဦးကျော်ဟိန်းကို လက်နက်ကိုင်လူတစ်စုက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ ယင်းအမျိုးသားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သို့သော်ဇနီးဖြစ်သူ ဒေါ်ဖြူသန်းမှာ ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ပြီး တူမဖြစ်သူ မငုဝါနိုးမှာ တင်ပါး(ခါးအနီး)တွင် ကျည်ဆန်ထိမှန်ရာမှ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံက ကျွန်တော်နိုးလာတော့ လေးငါးချက်လောက်ကြားရတယ် “ဟု ၎င်းကပြောသည်။ ဖြစ်စဉ်မှာ ရှုပ်ထွေးသည့် အခြေအနေတွင် ရှိနေပြီး ယင်းပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ-လောင်းလုံး)နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)တို့၏ […]

မြိတ်တွင် လျှပ်စစ်မီတာခဈေးထပ်တက်၊ တစ်ယူနစ် ကိုးရာနီးပါးဖြစ်လာ

diz_admin

July 9, 2022

မြိတ်မြို့တွင် ဇွန်လအသုံးပြုခအတွက် လျှပ်စစ်မီတာခ ၅၂ ကျပ် ထပ်တက်သွားသဖြင့် တစ်ယူနစ်လျှင် ၈၉၇ ကျပ်အထိ ပေးဆောင်နေရပြီဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလက တစ်ယူနစ်လျှင် ၇၃၀ ကျပ်ပေးရရာမှ ၁၁၅ ကျပ်ထပ်မံ ဈေးမြင့်တက်သွားသဖြင့် မေလတွင် ၈၄၅ ကျပ် ပေးဆောင်ခဲ့ကြရသည်။ ယခုဇွန်လအသုံးပြုခအတွက် လျှပ်စစ်မီတာခ ကောက်ခံရာတွင် ၅၂ ကျပ် ထပ်တက်လာခြင်းဖြစ်သည်။ “မြိတ်မီတာ‌ဈေးနဲ့တော့ တွက်ခြေမကိုက်လှဘူး။ မီးဖိုးသပ်သပ်ကို အသားတင် ဖဲ့ပေးနေရသလို ဖြစ်နေတာ” ဟု ရှမ်းချောင်းရပ်ရှိ ကားဘော်ဒီအသေးစားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ၎င်းကားဘော်ဒီပြုပြင်ရေးလုပ်ငန်းအတွက် လစဉ် မီတာခ တစ်သိန်းကျော် ပေးဆောင်ရကြောင်း ပြောပြသည်။ မြိတ်တွင် လျှပ်စစ်မီတာ‌ခဈေးနှုန်းထားတို့မှာ ယခုနှစ်အစ ဇန်နဝါရီလတွင် ၄၇၈ ကျပ်၊ ဖေဖော်ဝါရီလတွင် ၅၆၅ […]

သီရိလင်္ကာသမ္မတ၏ နေအိမ်ကို ထောင်နဲ့ချီသော ဆန္ဒပြလူအုပ်ကြီးက ဝင်ရောက်စီးနင်း

diz_admin

July 9, 2022

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုရှိ သမ္မတဂိုတာဘယ ရာဂျာပက်စ၏ နေအိမ်ကို ယနေ့ (ဇူလိုင် ၉) ထောင်နဲ့ချီသော ဆန္ဒပြလူအုပ်ကြီးက ဒေါသတကြီးဝင်ရောက်မွှေနှောက်ဖျက်ဆီးကြကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ စီမံခန့်ခွဲမှု အလွဲများကြောင့် တိုင်းပြည်၏ စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်စေခဲ့ပြီး သမ္မတနုတ်ထွက်ပေးရန် တိုင်းပြည်အနှံမှ ဆန္ဒပြသူများ မြို့တော်ကိုလံဘိုသို့ ချီတက်ကာ လပေါင်းများစွာ တောင်းဆိုဆန္ဒပြနေခြင်း ဖြစ်သည်။ သမ္မတကို လုံခြုံသော နေရာသို့ ရွှေ့ပြောင်းထားပြီး ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ သီရိလင်္ကာတွင် ဆိုးရွားသော ငွေကြေးဖောင်းပွမှုများနှင့် ကြုံနေရပြီး စားနပ်ရိက္ခာ၊ လောင်စာနှင့် ဆေးဝါး တင်သွင်းရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။ “Gota go home!” ဂိုတာအိမ်ပြန်စမ်း ဟု အဓိပ္ပါယ်ရသော ကြွေးကြော်သံဖြင့် သမ္မတနုတ်ထွက်ရန် ဖိအားပေး တောင်းဆိုနေသော လူအုပ်ကြီးက […]

စားဝတ်နေရေးကျပ်တည်းလာတဲ့ တောင်ပိုင်းသားတွေ

diz_admin

July 9, 2022

အရင်က ခူးမယ့်သူမရှိတဲ့ ရပ်ကွက်ထဲက ရေအိုင်ထဲအလေ့ကျပေါက်နေတဲ့ ကန်စွန်းပင်လေးတွေမှာ အညွန့်ထွက်ချိန်ပင်မရတော့။ ယခင်က ယောင်လို့ပင် လမ်းဘေးကန်စွန်းခင်းနား ဖြတ်မလျှောက်တဲ့ ဒေသခံတွေမှာ အခုတော့ ဟင်းတစ်ခွက်ရဖို့ ကန်စွန်းခင်းအညွန့်ထွက်ချိန် ဦးအောင်အလုအယက် စောင့်ခူးနေကြပါတယ်။ ရပ်ကွက်ထဲက အလေ့ကျပေါက်နေတဲ့ ကန်စွန်းခင်းတွေမှာ လူမပြတ်သလောက် စည်ကားနေပေမဲ့ ရပ်ကွက်ထဲက ဈေးတွေမှာတော့ ဝယ်သူမရှိလို့ ဈေးသည်တွေ ညည်းညူနေသံက အချိန်မလပ် ကြားနေရပါတယ်။ ဈေးတွေမှာ ဝယ်သူမရှိခြောက်ကပ်နေပြီး ရောင်းသူတွေပဲ ခြောက်ကပ်ကပ် ဈေးဘန်းတွေနဲ့အတူ ဝယ်သူကို မျှော်နေကြတာပါ။ ဈေးထဲမှာတော့ ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ လွန်ခဲ့တဲ့ ငါးလခြောက်လ ဝန်းကျင်ကစပြီး လာရောက်ဈေးဝယ်သူ လျော့နည်းသွားတယ်လို့ ဈေးသည်တွေကပြောပါတယ်။ ဈေးထဲမှ ကြက်သားသည်တစ်ဦးကလည်း ယခင်က တစ်နေ့ ကြက်သား ပိဿာ ၂၀ ကနေ ၂၅ ပိဿာအထိ ရောင်းချခဲ့ပေမယ့် အခုတော့ […]

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ လုံးဝလက်မခံကြောင်း NLD ထုတ်ပြန်

diz_admin

July 9, 2022

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ကြောင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ (ဇူလိုင် ၉) ထုတ်ပြန်လိုက်သည်။ သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး ကော်မရှင်အသစ်ဖွဲ့ခြင်းမှာ တရားမဝင်သဖြင့် ယင်းအဖွဲ့၏ လုပ်ဆောင်ချက် အားလုံးကို လက်မခံကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များ အားလုံး (ရွေးကောက်ပွဲအပါအဝင်) သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှု မရှိပါကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတိုင်းပြည်အခြေအနေ လွန်စွာဆိုးဝါးနေစဉ် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားရန်အတွက် နောက်ထပ် ရွေးကောက်ပွဲတစ်ခုကျင်းပရန် စစ်ကောင်စီက ကြံစည်အားထုတ်နေသည်ကို ကြားသိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   NLD သည် ၂၀၂၀ […]

တနင်္သာရီ လယ်သစ်ရွာက စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး အဖမ်းခံရ

diz_admin

July 9, 2022

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် နေထိုင်သည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူသည် အသက် ၃၀ ဝန်းကျင်ရှိ ကိုလွန်း (ခေါ်) ကိုဝင်းစိုးဟုသိရပြီး ၎င်းသည် သာမန်အရပ်သား တစ်ဦးဖြစ်ကာ မူးယစ်ဆေးသုံးစွဲမှုကြောင့် လက်ရှိအခြေအနေတွင် စိတ်မူ မမှန်သူဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ “ကြောင်ပြီး ရွာထဲကို တစ်ယောက်တည်း ဝင်သွားတော့ စစ်တပ်ကဖမ်းလိုက်တာ။ ရွာထဲကို ဘယ်သူမှ သွားကြတာ မဟုတ်ဘူး” ဟု ဒေသခံအမျိုးသား ကပြောသည်။ လယ်သစ်ရွာတွင် တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်မှာ လချီကြာလာပြီဖြစ်ပြီး ယနေ့အထိ ရွာမပြန်ရဲကြသေးကြောင်း ဒေသခံများထံမှ သိရသည်။ ကိုလွန်းသည် ဇူလိုင်လ ၆ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ထိပ်ခတ်ကာ မြိတ်မြို့ဘက် စက်လှေဖြင့်ခေါ်ဆောင်သွားသည်ကို […]

သောက်ရေသန့်ဈေးမြင့်လာပြီးနောက် ရောင်းအားကျဆင်း

diz_admin

July 9, 2022

မြိတ်မြို့အတွင်း ဖြန့်ဝေနေသည့် သောက်ရေသန့်များ ဈေးမြင့်တက်ခဲ့ပြီးနောက် ရောင်းအားလျော့ကျလာကြောင်း ရေသန့်ဖြန့်ဝေနေသူများထံမှ သိရသည်။ လီတာ ၂၀ ဝင် သောက်ရေသန့်တစ်ဘူးကို ပြီးခဲ့သည့်နှစ်က ကျပ် ၅၀၀ သာရှိခဲ့ပြီး ယခုနှစ် မတ်လမှစတင်ကာ တဖြေးဖြေး ဈေးတက်လာပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ကျပ် ၉၀၀ သို့ ဈေးတက်လာခဲ့သည်။ ယင်းသို့ ကျပ် ၉၀၀ ဖြစ်ပြီးနောက် သောက်ရေသန့်မှာယူမှု ကျဆင်းလာသည်ဟု သောက်ရေသန့်ဖြန့်ဝေနေသူများက ပြောသည်။ ယခင်က တစ်နေ့လျှင် ၂၀ လီတာဝင်ဆန့် ရေသန့်ဘူး ၇၀၀ ခန့် လဲလှယ်နေရာမှ ၉၀၀ ကျပ်သို့ ဈေးတက်ပြီးနောက် ဘူးရေ ၅၀၀ ခန့်သာ လှဲပေးရတော့ကြောင်း သောက်ရေသန့်ဖြန့်ဝေနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။ “စီးပွားရေးကျပ်တည်းတော့ ရေလည်း အရင်လို […]