ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်မြို့ဘုံပျံစာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်

diz_admin

July 16, 2022

မြိတ်မြို့၊ရေပုန်းအုပ်စု၊ဘုံပျံရပ်ကွက်စာသင်ကျောင်းအနီး တက္ကသိုလ်မိန်းလမ်းမတွင် ယနေ့ နံနက် ၇ နာရီဝန်းကျင်က ပေါက်ကွဲသံတစ်ချက်ကြားခဲ့ရကြောင်း  ဘုံပျံဒေသခံများ ကအတည်ပြုပြောဆိုသည်။ ဒေသခံများကမူ မိုင်းကွဲသည့် အကြောင်းအရင်းကို မသိရှိကြပေ။ သို့သော် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကမူ နန်းထိုက်အောင် စစ်ဆင်ရေးအမည်ဖြင့် မြိတ်မြို့တွင် ယနေ့နံနက်က စစ်ကားတစ်စီးကို  မိုင်းဆွဲခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မြိတ်မြို့၊ရေပုန်းရပ်ကွက်၊ ဘုံပျံစာသင်ကျောင်းသို့ သန့်ရှင်းရေးလုပ်အားပေးရန်လာသည့်စစ်ကောင်စီတပ်စီးလာသည့်ကားကို လမ်းမှဖြတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ “အသံကတော်တော်ကျယ်တယ်။ လူတွေထိခိုက်တာမကြားရဘူး။ ဘယ်သူတွေလုပ်မှန်းလည်းမသိရဘူး”ဟု ဘုံပျံရပ်ကွက်နေ အမျိုးသား တစ်ဦးကပြောသည်။ ယင်းတိုက်ခိုက်မှုကို “နန်းထိုက်အောင်”စစ်ဆင်ရေးအမည်နဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြိတ်ပြည်သူလူထုနှင့်လုံးဝ(လုံးဝ)သက်ဆိုင်ခြင်းမရှိကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။ မြိတ်ပြည်သူလူထုအနေဖြင့်လည်း စစ်ကောင်စီတပ်ကားများနှင့် နီးကပ်စွါမနေရန်လည်း ယင်းထုတ်ပြန်ချက်တွင် သတိပေးထားသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုမူ ထုတ်ပြန်ချက်တွင် မပါရှိပေ။ ဗုံးပေါက်ကွဲပြီးနောက် ဘုံပျံစာသင်ကျောင်း အဝင်လမ်းကို စစ်ကောင်စီတပ်က […]

ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား နှစ်ဦးသေဆုံး၊ ၁၃ဦး ဒဏ်ရာရ

diz_admin

July 16, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် တရားမဝင်မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့်ကားနှင့် ကုန်တင်ကား တိုက်မိသဖြင့် မြန်မာနှစ်ဦးနှင့် ထိုင်ငံသားကားမောင်းသူတို့ သေဆုံးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ချွန်ဖွန်ခရိုင် ထာ့စဲ့ဒေသရှိ ဖက်ခ်ျကစိုမ်လမ်းမပေါ် ကီလိုမီတာ ၄၇၆ တွင် ဇူလိုင်လ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်က မြန်မာအလုပ်သမားများ စီးလာသည့်ကားနှင့် ခြောက်ဘီးတပ် ကုန်တင်ကားတိုက်မိခြင်းဖြစ်သည်ဟု ဖော်ပြသည်။ ကုန်တင်ကားသည် မောင်းနှင်လာစဉ် မြန်မာအလုပ်သမားများပါသော ပစ်ကပ်ကားမှာ ရွာလမ်းထဲမှ ရုတ်တရက် ထွက်လာရာ ကုန်တင်ကားက အရှိန်မထိန်းနိုင်ဘဲ ပစ်ကပ်ကား၏ ညာဘက်တံခါးကို ဝင်တိုက်ပြီး မြောင်းထဲ ထိုးကျသွားကြောင်း သတင်းများတွင် ရေးသားထားသည်။ ကားတိုက်မှုကြောင့် ကားပေါ်လိုက်ပါလာသော မြန်မာအလုပ်သမား ၁၅ ဦးအနက် ၂ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိပြီး အသက် […]

လောင်းလုံး ပိန္နဲတောရွာတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

July 16, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ပိန္နဲတောရွာ၌ ယနေ့ (ဇူလိုင် ၁၆) နံနက် ၆ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဖစု ခေါ် ဦးထွန်းထွန်းဝင်းဆိုသူ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်တော်ကြားရတာကတော့ အိမ်ပေါ်က လာခေါ်သွားပြီး တောစပ်ရောက်မှ ပစ်သတ်သွားတယ်။ သေနတ်ဒဏ်ရာ ကိုးချက်လောက်ရှိတယ်လို့ ကြားရတယ်” ဟု ‌၎င်းဒေသခံက ဆိုသည်။ သေဆုံးသူ ဦးဖစုသည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ပါဝင်ဖူးကြောင်း ဒေသခံအချို့က ဆိုသည်။ ၎င်းသည် ပန်းတလဲကျေးရွာသားဖြစ်ပြီး ပိန္နဲတောသူနှင့် အိမ်ထောင်ကျကာ ယင်းရွာတွင် သစ်စက်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

July 15, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဗြိတိန်သံရုံးတာဝန်ခံ မြန်မာနိုင်ငံမှ ရုတ်တရက် ထွက်ခွါ စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရတော့မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီး Pete Vowles က ဇူလိုင်လ ၁၃ ရက်တွင် ၎င်း၏ တွစ်တာ စာမျက်နှာ၌ ရေးသားသည်။ စစ်ကောင်စီက ၎င်းထွက်သွားရန် ဖိအားပေးသည့်ဖြစ်ရပ်အပေါ် ဝမ်းနည်းပြီး စိတ်မကောင်း ဖြစ်မိကြောင်း သို့သော် ရက်စက်ကြမ်းကြုတ်သည့် အာဏာသိမ်းမှုကို တရားဝင် အသိအမှတ်ပြုရာ မရောက်စေရန် စစ်ကောင်စီ၏ဖိအားကို မနာခံခဲ့သည့်အတွက် ဝမ်းသာကြောင်း ၎င်းကရေးသားထားသည်။ ယမန်နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်သစ်အဖြစ် ခန့်အပ်ခံရသော မစ္စတာ Pete Vowles  […]

ထားဝယ် မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

July 15, 2022

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရေပြင်ကွေ့အနီးတွင် မြေသယ်ကားဖြင့်လာသည့် စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၄ ရက် နံနက် ၆ နာရီခွဲတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force –DGRF က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်စီးလာသည့် မြေသယ်ကားကို အင်အားပြင်းမိုင်းတစ်လုံး၊ ဆိုလာပြောင်း နှစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါအဖွဲ့က ယနေ့ (ဇူလိုင် ၁၅) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု DGRF က ထုတ်ပြန်ထားသည်။ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ကားမှာ နောက်ပြန်ဆုတ်လာကာ မိုင်းပေါက်ကွဲခဲ့သည့်နေရာတွင် စစ်ဆေးခဲ့ပြီး ထိုနေရာအနီးတွင် ရှိနေသည့် လူနေအိမ်အချို့ကိုလည်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း မောင်မယ်ရှောင် ကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။ […]

စက်သုံးဆီဈေး အနည်းငယ်ပြန်ကျနေသော်လည်း ထားဝယ်တွင် ဈေးမြင့်နေဆဲ

diz_admin

July 15, 2022

စက်သုံးဆီတစ်လီတာ ကျပ်နှစ်ထောင်ကျော် သုံးထောင်နီးပါးအထိ ဈေးမြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း အနည်းငယ်ပြန်ကျလာသော်လည်း ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ဈေးတင် ရောင်းချနေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် တိုင်းနှင့် ပြည်နယ်အလိုက် ရောင်းချ ရမည့် ရည်ညွှန်းဈေးနှုန်းကို နေ့စဉ်ထုတ်ပြန်နေရာ ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ယင်းသတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချနေကြခြင်းဖြစ်သည်။ ယနေ့ (ဇူလိုင် ၁၅) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ချက်အရ ထားဝယ်တွင် ၉၂ တစ်လီတာ ၁၇၉၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၈၆၀ ကျပ်နှင့် ဒီဇယ်ဈေးနှုန်းမှာ အမျိုးအစား အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၀၀ ကျပ်မှ ၂၂၅၅ ကျပ်အထိ ရောင်းချရမည်ဖြစ်သည်။ သို့သော် ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ၉၂ တစ်လီတာလျှင် အနိမ့်ဆုံး […]

မောင်းမကန်လမ်းတွင် နေအိမ်တစ်လုံး ဓားပြတိုက်ခံရ

diz_admin

July 15, 2022

လောင်းလုံးမြို့နယ်၊ ထားဝယ်-မောင်းမကန်လမ်းရှိ ရွာတစ်ရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက နေအိမ်တစ်လုံး ဓားပြတိုက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂နာရီကျော်က ဆိုင်ကယ်စီးအမျိုးသားနှစ်ဦး ရုတ်တရက်ရောက်ရှိလာပြီး အသက် ၃၀ ကျော် အရွယ် အိမ်ရှင်ဇနီးမောင်နှံကို သေနတ်ဖြင့်ချိန်ကာ ဓားပြတိုက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဓားပြတိုက်ခံရသောအိမ်မှာ နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး နိုင်ငံခြားအရက် လက်လီလက်ကား ရောင်းချကြောင်း ဒေသခံများထံမှ သိရသည်။ “လင်မယားနှစ်ယောက်စလုံးကို လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ အဝတ်နဲ့ခေါင်းကို အုပ်ပြီးထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဓားပြတိုက်ခံရမှုကြောင့် ဆိုင်ကယ်တစ်စီး၊ အမျိုးသားဖြစ်သူ၏ ဝတ်ဆင်ထားသော ဆွဲကြိုးတစ်ကုံး၊ လက်ကိုင်ဖုန်း သုံးလုံး၊ ငွေသား သိန်းတစ်ရာကျော်၊ ဇနီးဖြစ်သူ ဝတ်ဆင်ထားသော လက်စွပ်တစ်ကွင်းတို့ ပါသွားကြောင်း ယင်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ […]

ပုလော ပဝတ်ကုန်းရွာရှိ နေအိမ်တစ်လုံး မိုင်းဆွဲခံရ

diz_admin

July 15, 2022

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံး မိုင်းဆွဲခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပြီးနောက်တစ်ရက် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ်တွင် ဘုန်းကြီးကျောင်းအနီးရှိ နှစ်ထပ်တိုက် မိုင်းဆွဲခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ အဆိုပါနေအိမ်သည် စစ်ကောင်စီတပ်နှင့် တရင်းတနှီးပေါင်းသင်းသူ ဦးပေသီး၏ နေအိမ်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ တိုက်ပွဲဖြစ်သည့် ဇူလိုင် ၁၃ ရက်နေ့က စစ်ကောင်စီတပ်က စနိုက်ပါ သေနတ်သမား ယင်းအိမ်ပေါ်တွင် တက်ရောက် နေရာယူ ပစ်ခတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည့် နေအိမ်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “မိုင်းသုံးလုံး ခွဲသံကြားရတယ်။ ပေသီးအိမ်လည်း ပြိုကျသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မိုင်းခွဲချိန်၌ နေအိမ်တွင် လူမရှိသည့်အတွက် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိဟုလည်း ဒေသခံများက ပြောသည်။ […]