အီရန်အသင်း ကမ္ဘာ့ဖလားကထွက်ရလို့ အောင်ပွဲခံသည့် အီရန်နိုင်ငံသားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပစ်သတ်
diz_admin
December 1, 2022အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်လိုက်ရတာကို ကားဟွန်းတီးပြီး အောင်ပွဲခံခဲ့တဲ့ အီရန်နိုင်ငံသားဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ပစ်တာကို ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အီရန်ဟာ အုပ်စုအဖွင့်ပွဲ အင်္ဂလန်ကို ခြောက်ဂိုး နှစ်ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ရကာ အရှက်တကွဲဖြစ်ခဲ့ရပြီး အုပ်စုဒုတိယပွဲစဉ်အရောက်မှာတော့ ဝေလကို နှစ်ဂိုး ဂိုးမရှိနဲ့အနိုင်ယူကာ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးအဖြတ်အဖြစ် နိုဝင်ဘာလ ၃၀ ရက်က ကစားရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အမေရိကန်ကို တစ်ဂိုး ဂိုးမရှိနဲ့အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရတာပါ။ အီရန်အစိုးရရဲ့ဖိနှိပ်မှုတွေကို ဆန့်ကျင်နေတဲ့ အီရန်ပြည်သူလူထုဟာ အင်္ဂလန်နဲ့ပွဲတုန်းက နိုင်ငံတော်သီချင်း မသီဆိုဘဲ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြခဲ့စဉ်က အီရန်ဘောလုံးအသင်းကို အားပေးထောက်ခံခဲ့ကြပါတယ်။ ဝေလနဲ့ပွဲစဉ် အရောက်မှာ အီရန်နိုင်ငံတော်သီချင်းကို ကစားသမားတွေက ပြန်လည်သီဆိုလိုက်ကြတဲ့အတွက် အီရန်ဘောလုံးအသင်းဟာ အစိုးရဘက်သားတွေဖြစ်သွားပြီလို့ […]


