ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းမှ ထိုင်းသို့ မှောင်ခိုသွင်းလာသည့် ရော်ဘာ ကီလိုတစ်သောင်းကျော် ဖမ်းမိ

diz_admin

December 3, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ ကော့သောင်းနယ်စပ်မှတစ်ဆင့် တရားမဝင် တင်သွင်းလာသော ရော်ဘာ ကီလို ၁၀၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ယနေ့ (ဒီဇင်ဘာ ၃) ထုတ်ပြန်သည်။ ရော်ဘာပြားများ မှောင်ခိုတင်သွင်းနေသည်ကို ယမန်နေ့ (ဒီဇင်ဘာ ၂) မှစ၍ စတင်ဖမ်းဆီးရခဲ့ရာမှ ဆက်တိုက်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း‌ ထုတ်ပြန်ထားသည်။ ယနေ့အထိ ၄ ကြိမ်မြောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကီလို ၁၀၃၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ ယမန်နေ့ မနက် ၉ နာရီအချိန်ခန့်တွင် ရနောင်းခရိုင် ကရဘူရီဒေသ နမ်းကျူရွာ မြစ်ကမ်းနဘေးတွင် ကီလို ၂၄၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ထိုင်းနိုင်ငံသား ပစ်ကပ်ကားပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ […]

မော်လမြိုင်တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

diz_admin

December 3, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အတွင်း သေနတ်ကိုင်ထားသူတစ်ဦး ဝင်ရောက်လာကာ ဓားပြတိုက်သွားကြောင်း မြို့ခံများထံမှ သိရသည်။ သီရိမြိုင်ဈေးအနီးရှိ ရွှေအုန်းပင်ရွှေဆိုင်တွင် ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်အချိန်ခန့်က အမျိုးသားတစ်ဦး ဆိုင်ထဲဝင်လာပြီး ဆိုင်ရှင်ကို သေနတ်ဖြင့်ချိန်ကာ ငွေကျပ် သိန်း ၂၀ ခန့် ယူဆောင်သွားခြင်းဖြစ်သည်။ သေနတ်သမားသည် ရွှေထည်ပစ္စည်းများမယူဘဲ ငွေသားများသာ ယူဆောင်သွားသည်ဟုလည်း မျက်မြင်တွေ့ရှိသူများ ထံမှသိရသည် “ဆိုင်ရှင်လဲ ပထမ ပိုက်ဆံမရှိဘူးပြောပေမယ့် သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်တော့ ထုတ်ပေးလိုက်ရတယ်။ သိန်း ၂၀ လောက် ပါသွားတယ်လို့တော့ သိရတယ်” ဟု ဆိုင်ပိုင်ရှင်နှင့် နီးစပ်သည့် ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ သေနတ်သမားသည်  သေနတ်ပစ်ဖောက်ခြင်းမရှိဘဲ ငွေများယူဆောင်ပြီး ဆိုင်ကယ်ဖြင့် မောင်းပြေးသွားသည်ဟုလည်း ရပ်ကွက်နေသူများကဆိုသည်။ […]

ထောင် ၄၁ နှစ်ချခံထားရသည့် ထားဝယ်နိုင်ငံရေးအကျဉ်းသား ကိုရာဇာထွန်း ထောင်ဒဏ် ၇ နှစ် ထပ်ချခံရ

diz_admin

December 2, 2022

ထောင်ဒဏ် ၄၁ နှစ်ချမှတ်ခံထားရသည့် ထားဝယ်နိုင်ငံရေးအကျဉ်းသား ကိုရာဇာထွန်းကို စစ်ကောင်စီက ဒီဇင်ဘာ ၁ ရက်နေ့တွင် နောက်ထပ် ထောင်ဒဏ် ၇ နှစ်ကို ထပ်ပေါင်းချမှတ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။ အသက် ၂၅ နှစ်အရွယ် ကိုရာဇာထွန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၊ လက်နက်မှုမျေားဖြင့် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၄၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၄၃ တို့ဖြင့် ထောင်ဒဏ် ၂၀ နှစ် ထပ်ချသဖြင့် စုစုပေါင်း ထောင်ဒဏ် ၄၁ နှစ်အထိ ရှိလာခဲ့သည်။ ယခု […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

December 2, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ စပိန်ရှိ ယူကရိန်းသံရုံးမှာ စာအိတ်ဗုံးပေါက်ကွဲ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ စပိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကို ဦးတည်ပေးပို့လာတဲ့ စာအိတ်ဗုံးတစ်ခု နိုဝင်ဘာ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁ နာရီလောက်က ပေါက်ကွဲခဲ့တယ်လို့ အာဏာပိုင်တွေကနေ ပြောကြားလိုက်ပါတယ်။ ထိုပေါက်ကွဲမှုကြောင့် ယူကရိန်းသံရုံးက လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာအနည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ထိုစာအိတ်ဟာ ပုံမှန်စာပို့စနစ်နဲ့ပဲ့ ရောက်ရှိလာခဲ့လို့ လုံခြုံရေးဝန်ထမ်းကနေ သံရုံးဥယျာဉ်ထဲမှာပဲ့ ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ဒဏ်ရာရရှိသူကို ဆေးရုံပို့ခဲ့ပြီး စိုးရိမ်စရာမရှိဘဲ သူကိုယ်တိုင် အန္တရာယ်မရှိခဲ့ကြောင်း စပိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် Serhil Pohoreltsev […]

စင်္ကာပူနှင့်နယူးယောက်ကို ကမ္ဘာပေါ်တွင် နေထိုင်မှုစရိတ်အကြီးဆုံး မြို့များအဖြစ်သတ်မှတ်

diz_admin

December 2, 2022

ကမ္ဘာ့စျေးအကြီးဆုံး မြို့တော်ကြီးများအဖြစ် နယူးယောက်နှင့် စင်္ကာပူစီးတီးတို့က ရပ်တည်လျက်ရှိကြောင်း Economist Intelligence Unit (EIU) စစ်တမ်းက ဖော်ပြထားသည်။ နယူးယောက်သည် စျေးအကြီးဆုံး မြို့စာရင်းတွင် ထိပ်ဆုံးက ရှိနေပြီး၊ ပြီးခဲ့သည့်နှစ်က နေထိုင်မှုစရိတ်အမြင့်ဆုံး မြို့အဖြစ် သတ်မှတ်ခံရသည့် အစ္စရေးနိုင်ငံ တဲအဗစ်မြို့က တတိယနေရာတွင် ရပ်တည်နေခဲ့သည်။ တစ်ကမ္ဘာလုံး၏ ပျမ်းမျှနေထိုင်ရပ်တည်မှု စရိတ်များသည် ယခုနှစ်အတွင်း ၈ ဒသမ ၁ ရာခိုင်နူန်းအထိ မြင့်တက် လာခဲ့ကြောင်း EIU စစ်တမ်းအရ သိရှိရသည်။ ယူကရိန်း စစ်ပွဲနှင့် ကိုဗစ်သက်ရောက်မှုများက ကုန်ထုတ်လုပ်မှု လမ်းကြောင်းကို ထိခိုက်မှုများ ရှိခဲ့ကာ ယင်းကိစ္စက စျေးကြီးလာရခြင်း၏ အဓိက အချက်တစ်ခု ဖြစ်သည်။ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးကြုံရသည့် မြို့က တူရကီ၏ အစ္စတန်ဘူ ဖြစ်ကာ […]

မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ် ပြန်ပြေးဆွဲမည်

diz_admin

December 2, 2022

ကိုဗစ်ဖြစ်ပွားပြီးနောက် ရပ်နားထားသည့် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်းခရီးစဉ်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း မော်လမြိုင်ဌာနခွဲမှ သိရသည်။ မော်လမြိုင်-ရန်ကုန် လေးကြောင်းလိုင်းခရီးစဉ်ကို တစ်ပတ်လျှင် တနင်္လာနှင့် သောကြာ နှစ်ရက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းရုံးမှ သိရသည်။ မော်လမြိုင်-ရန်ကုန် လေယာဉ်ခရီးစဉ်အတွက် လက်မှတ်တစ်စောင်လျှင် ၁၄၇၀၀၀ ကျပ် သတ်မှတ်ထားပြီး လိုက်ပါလိုသူများအနေဖြင့် မော်လမြိုင်ရုံးတွင် ကြိုတင်လက်မှတ်ဝယ်ယူနိုင်သည်ဟု ဆိုသည်။ လတ်တလော ကားဖြင့် ခရီးသွားလာရာတွင် ညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ်ကြောင့် ခရီးကြန့်ကြာမှုရှိနေသည့်အတွက် ခရီးသွားများ အခက်အခဲကြုံတွေ့နေကြရသည်။ “ရန်ကုန်ကို ကားနဲ့သွားဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ညောင်ခါးရှည်ဂိတ်မှာ အတော်ဒုက္ခရောက်ရပါတယ်။ အခု လေယာဉ်နဲ့ သွားလို့ရတော့ ပိုကောင်းတာပေါ့” ဟု မော်လမြိုင်မြို့မှ လုပ်ငန်းရှင်တစ်ဦးက […]

အုပ်စုဒုတိယရဖို့ ဂျပန်ကို အရှုံးခံကစားလိုက်တာလား စပိန်၊ ဂျာမနီကတော့ အုပ်စုကနေ လှည့်ပြန်ရပြီ

diz_admin

December 2, 2022

အုပ်စု(E) နဲ့ အုပ်စု(F)တို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာလည်း မျှော်မှန်းမထားတဲ့ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးအဖြင့် အုပ်စု(E)မှာ မော်ရိုကို အုပ်စုဗိုလ် ဖြစ်သွားတာက အုပ်စု(F)ကပွဲတွေကို သက်ရောက်မှု ကြီးမားသွားခဲ့ပါတယ်။ အုပ်စု(E)က ပွဲစဉ်တွေမှာ မော်ရိုကိုက ကနေဒါကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ပွဲစဉ်က ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးသွားခဲ့လို့ မော်ရိုကိုက အုပ်စုပထမ၊ ခရိုအေးရှားက အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ဆီကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဥရောပရဲ့ရွှေရောင်မျိုးဆက်အစုအဖွဲ့လို့ တင်စားခံထားရတဲ့အပြင် ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ အဆင့် ၂ ရရှိထားတဲ့ ဘယ်လ်ဂျီယံကတော့ မော်ရိုကိုနဲ့ပွဲက အရှုံးရလဒ်ရဲ့အကျိုးသက်ရောက်မှုကို ခံစားလိုက်ရပြီး အုပ်စုအဆင့်ကနေပဲ လှည့်ပြန်သွားလိုက်ရပါတယ်။ ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လုကာကု အနေနဲ့ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေး သုံးကြိမ်လောက် အပိုင်ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာက ဘယ်လ်ဂျီယံကို […]

ကျွန်းစုတွင် တိုက်ပွဲ ဒုတိယအကြိမ်ထပ်ဖြစ်

diz_admin

December 2, 2022

အာဏာသိမ်းပြီးနောက် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ကျွန်းစုမြို့နယ်၊ သဇင်ကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ဒုတိယအကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၂၉ ရက်တွင် ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာအနီး ၄၅ မိနစ်အကြာ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂) က ထုတ်ပြန်သည်။ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှ ပြန်လည်ဆုတ်ခွာလာသည့် ပျူစောထီး အပါအဝင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက ဂျိုးတောင်ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ မဟာမိတ်များဘက်ကမူ အထိအခိုက်မရှိကြောင်း ဖော်ပြသည်။ လယ်သစ်ကျေးရွာတွင် နိုဝင်ဘာလ ၂၅ […]