BREAKING
June 18, 2025

သတင်း

လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစခန်းမှ ကြိုတင်မဲများ အိမ်တိုင်ရာရောက် ကောက်ခံမည်

diz_admin

November 5, 2020

ထားဝယ်မြို့နယ်အတွင်းရှိ ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းချထားသည့် ဧရိယာနှင့် ကွာရန်တင်းစခန်းများတွင် နေထိုင်သူများ၏ ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသွားရန် စီစဉ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုများသည့်အတွက် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေရာအချို့တွင် လော့ဒေါင်းချထားသည်။ အဆိုပါ လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစင်တာများတွင် ရှိနေသူများ ကြိုတင်မဲပေးနိုင်ရန် ကော်မတီတစ်ခုဖွဲ့စည်းထားပြီး နိုဝင်ဘာလ ၅ရက်နေ့ နောက်ဆုံးထားကောက်ခံသွားမည်ဟု မြို့နယ်ရွေးကော် ဥက္က္ကဌ ဦးစိုးလွင်က ဆိုသည်။ “PPE အင်္ကျီတွေ၊ ကာကွယ်နိုင်တဲ့ ပစ္စည်းတွေပေါ့နော်၊ အားလုံးဝတ်ဆင်ပြီး လော့ဒေါင်းထဲဝင်ပြီး ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ကြိုတင်မဲ ကောက်မယ်ခင်ဗျား” ဟု ဦးစိုးလွင်က ဆိုသည်။ ကွာရန်တင်းစခန်းများတွင် ကွာရန်တင်းဝင်မည့် လူဦးရေအပေါ်မူတည်ကာ ကြိုတင်မဲပေးသူ တိုးလာနိုင်သေးကြောင်း မြို့နယ်ရွေးကော်အဖွဲ့ခွဲထံမှ သိရသည်။

မွန်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့်သူ လေးသိန်းကျော်ရှိ

diz_admin

November 4, 2020

မွန်ပြည်နယ်တစ်ခုလုံးတွင်အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးရမည့် မဲဆန္ဒရှင်က လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။ ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အားလုံးကို ကြိုတင်မဲပေးရန် ကော်မရှင်က ခွင့်ပြုထားသည်။ ၎င်းတို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးရမည်ဖြစ်သည်။ Stay at home သတ်မှတ်ထားသည့် မြို့နယ်နှင့် လူဦးရေ ထူထပ်သည့်မြို့နယ်တို့တွင် နေထိုင်သည့် အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်တို့က နေအိမ်တွင် ကြိုတင်မဲပေးရမည်ဖြစ်သည်။ ကျန်မြို့ နယ်များရှိ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များက သက်ဆိုင်ရာ ကော်မရှင်ထံသို့ ကိုယ်တိုင်သွားရောက် ကြိုတင် မဲပေးရမည်ဖြစ်သည်။ အကယ်၍ ကျန်းမာရေးအခြေအနေအရ မဲရုံသို့ […]

တနင်္သာရီတိုင်းရွေးကောက်ပွဲ သောင်းပြောင်းထွေလာ

diz_admin

November 4, 2020

ကိုဗစ်ကပ်ဘေးကြားမှ ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်းမှ ကိုယ်စားလှယ်လောင်း ၂၂၆ ဦး ဝင်ပြိုင်ကြမည်။ ပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ငါးဦးတို့က တနင်္သာရီတိုင်းအတွင်းရှိ ကိုယ်စား လှယ်နေရာ ၄၃ ခုအတွက် ဝင်ပြိုင်ကြမည် ဖြစ်သည်။ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခွင့်ကို နှစ်လကြိုတင်၍ ခွင့်ပြုထားခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်ခဲ့သည့် မဲဆွယ်စည်းရုံးရေးကာလအတွင်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် အဆီအငေါ်မတည့်မှုများကို ဖော်ပြပါမည်။ ကိုဗစ်အန်တု အင်အားပြမှုလက်ရှိတွင် အာဏာရ NLDပါတီ အပါအဝင် ပါတီအများစုက အင်အားပြ မဲဆွယ်ပွဲများကို ကိုဗစ်ကပ်ဘေးကြားမှ အဆက်မပြတ် ပြုလုပ်နေကြသည်။ ကိုဗစ်ကပ်ဘေးကြောင့် လူအစု အဝေးဖြစ်စေမည့် ပွဲလမ်းသဘင်၊ ရိုးရာပွဲ၊ အခမ်းအနားများ ကျင်းပခြင်းကို တားမြစ်ထားသော်လည်း […]

ကော့သောင်း ပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ်များပေါ်လာခြင်း စုံစမ်းမည်ဟုဆို

diz_admin

November 3, 2020

ကျောက်ငါးမျိုးစိတ်များမှာ ရေစီးအတိုင်းမျောပါနေသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်ပြီး တစ်ဦးလျှင် တစ်ကောင်စ နှစ်ကောင်စ ကောက်ရမှုကို ပေါင်းပါက တစ်ရက် အကောင် ၃၀ ကျော်ခန့် ရမည်ဖြစ်ကြောင်း ဦးချိုလွန်းက ခန့်မှန်းပြောဆိုသည်။

မြိတ်မီးလင်းရေး HFO လောင်စာအစား ဂက်စ်ဖြင့် ပေးရန်တင်ပြထားဟု လျှပ်စစ်ဝန်ကြီးပြော

diz_admin

November 3, 2020

မြိတ်မြို့နယ် မီးလင်းရေးအတွက် HFO လောင်စာသုံး စက်ကြီးများနေရာတွင် ဂက်စ်ဖြင့်အစားထိုးကာ လျှပ်စစ်မီး ပေးနိုင်ရေး တနင်္သာရီတိုင်း ဥပဒေချုပ်ရုံး သို့ တင်ပြထားကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရ ကပြောသည်။ မြိတ်မြို့နယ်အား HFO လောင်စာသုံး စက်ကြီးဖြင့် မီးပေးရန် Petro & Trans ကုမ္ပဏီမှ တင်ဒါအောင်ထားပြီး လက်ရှိကိုဗစ်ကာလ အခြေအနေကြောင့် နိုင်ငံခြားသို့ စက်များသွားရောက် သယ်ယူရန် အခက်အခဲကြုံနေရသည်။ ယင်းကြောင့် ကျွန်းစုတွင်ဆိုက် ရောက်နေသည့် ဂက်စ်သင်္ဘောမှတစ်ဆင့် ဂက်စ်အင်ဂျင်ဖြင့် မြိတ်မြို့အား မီးပေးရန် ကုမ္ပဏီမှ တင်ပြလာကြောင်း ဝန်ကြီး က ဆိုသည်။ မြိတ်အဝေးပြေးကားဝင်း အသစ်နှင့် လမ်း ခုနစ်လမ်း အသွားအလာကန့်သတ် “ဒီလိုလုပ်ဖို့ ဥပဒေနဲ့ ညီညွတ်မူ ရှိ၊ မရှိဆိုတာ ရှေ့နေချုပ်ရုံးကို သဘောထား […]

ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ်သတ်မှတ်မည်မဟုတ်

diz_admin

November 3, 2020

ကြိုတင်ဆန္ဒမဲများ ပေးရာတွင် မဲလက်မှတ်များ ထည့်သွင်းသည့် စာအိတ်များ မလုံခြုံနေခြင်း၊ အချို့စာအိတ်များတွင် ကော်သုတ်၍ ပိတ်ရာ၌ မဲလက်မှတ်များကို အစွန်းအထင်းဖြစ်ပေါ်စေခြင်းများ ရှိခဲ့ပါကလည်း ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ အလားတူပင် စာအိတ်များကို တာဝန်ရှိသူများက ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲလက်မှတ်သည် စုတ်ပြဲနိုင် ခြင်းတို့ကြောင့်လည်း ယင်းမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ် ဆိုသည်။ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ ကြိုတင်မဲပေးခွင့်ပြုခဲ့ရာတွင် စာအိတ်များ ပွင့်ဟနေသည့် ပြဿနာအချို့ ပေါ်ပေါက်ခဲ့သည်။ အလားတူပင် တံဆိပ်တုံးထု၍ မဲပေးစေခြင်းနှင့် ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ မဲပေးစေခြင်းဟူ၍ နှစ်မျိုးနှစ်စား ကွဲလွဲနေမှုများလည်း ရှိခဲ့သည်။ တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည် […]

ထားဝယ်လျှပ်စစ်ဈေး ပြင်ဆင်ရန်ရှိ

diz_admin

November 3, 2020

ယခုလမှစကာ ထားဝယ်လျှပ်စစ် ယူနစ်ဈေးနှုန်းကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီထံမှ သိရသည်။ ယခုဘဏ္ဍာနှစ် ပထမခြောက်လဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိ ဒေါ်လာငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ် သတ်မှတ်ထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနထံမှ သိရသည်။ ထိုကြောင့် ယခင်ဘဏ္ဍာနှစ် ငွေလဲ လှယ်နှုန်းထားထက် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၅ ကျပ် လျော့နည်းသွားသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၅၃၅ ကျပ်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိသတ်မှတ်ထားသည့် ဒေါ်လာ ငွေလဲလှယ်နှုန်းထားနှင့် တွက်ချက်ကာ တစ်ယူနစ်ကေက်ခံမည့်နှုန်းထားကို တိုင်းအစိုးရထံ အောက်တိုဘာလ ၂၆ ရက်နေ့က တင်ပြထားကြောင်း Petro & […]

မြိတ်အဝေးပြေးကားဝင်း အသစ်နှင့် လမ်း ခုနစ်လမ်း အသွားအလာကန့်သတ်

diz_admin

November 2, 2020

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်ရှိ အဝေးပြေးကားဝင်းအသစ်နှင့် ရပ်ကွက်အတွင်းရှိ လမ်းခုနစ်လမ်းတို့အား အောက်တိုဘာလ ၂၇ ရက်နေ့က အသွားအလာကန့်သတ်လိုက်ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။ အဝေးပြေးကားဝင်းအသစ်ရှိ ကားဂိတ် ဝန်ထမ်းတစ်ဦးတွင် ရောဂါပိုးတွေ့ ရှိခဲ့ရခြင်းကြောင့် ကားဝင်းအပါအဝင် ၎င်းနှင့် ထိတွေ့ခဲ့သူများနေထိုင်သည့် နေရာများကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ အသွားအလာကန့်သတ်ခဲ့ရသည့် အဝေးပြေးကားဝင်းအသစ်နှင့် လမ်းခုနစ်လမ်းတို့တွင် အိမ်ခြေ ၂၀၂ အိမ်၊ အိမ်ထောင်စု ၁၉၉ စု၊ လူဦးရေ ၁၃၆၄ ဦးရှိကြောင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ မြိတ်မြို့တွင် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြု လူနာ ၅၁ ဦးရှိပြီး သက်သာပျောက်ကင်းသည့်လူနာ ၂၈ ဦးနှင့် ဆေးဝါးကုသနေရသည့်လူနာ ၂၃ […]