ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်ရဲဘက်စခန်းတွင် အကျဉ်းသားလူငယ်တစ်ဦး ကျောက်တုံးပိသေဆုံးဟုဆို

diz_admin

August 2, 2022

မြိတ်မြို့ ကျောက်ဖြူတောင်ရဲဘက်စခန်းတွင် အကျဉ်းသားတစ်ဦး ကျောက်တုံးပိကာ သေဆုံးသွားကြောင်း ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။ ယနေ့ (ဩဂုတ် ၂) နံနက်က ကျောက်ထုတ်စခန်းတွင် အလုပ်လုပ်နေစဉ် ကျောက်တုံး ဦးခေါင်းပေါ်သို့ ပြုတ်ကျပြီးသေဆုံးခဲ့ရကြောင်း ဆွေမျိုးနီးစပ်သူများ ကပြောသည်။ အလုပ်လုပ်ရန် တောင်ပေါ်သို့ တက်စဉ် တွယ်တက်သည့် ကျောက်တုံးနှင့်အတူ ပြုတ်ကျလာခြင်းဖြစ်ပြီး ယင်းကျောက်တုံးက ဦးခေါင်းကို ပိသွားခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “တွယ်တက်တဲ့ ကျောက်တုံးက ကျလာပြီး ခေါင်းကို လာဖိလိုက်တယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။ လည်ပင်းနှင့် မေးရိုးတဝိုက်တွင် ဒဏ်ရာနှင့် ချုပ်ရိုးများတွေ့ရသည်ဟုလည်း ၎င်းက ပြောပြသည်။ သေဆုံးသူသည် အသက် ၂၆ နှစ်ဝန်းကျင်ရှိ ကိုအာနိုးဆိုသူဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က မူးယစ်ဆေးဝါးမှုဖြင့် […]

ရေဖြူ မူးဒူးရွာတွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

diz_admin

August 2, 2022

‌ရေဖြူမြို့နယ်၊ မူးဒူးရွာတွင် စစ်အစိုးရလက်ထက် ၂၀၁၀ မတိုင်မီက အုပ်ချုပ်ရေးမှူးအဖြစ်လုပ်ခဲ့ဖူးသူ အမျိုးသား တစ်ဦး ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်ခတ်ခံရသဖြင့် သေဆုံးသူမှာ အသက် ၅၀ကျော်အရွယ်ရှိ ဦးယူစိန်ဆိုသူဖြစ်ပြီး ညနေ ၃နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားသုံးဦး နေအိမ်သို့ လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒဏ်ရာက ဦးခေါင်းမှာ နှစ်ချက် တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ဦးယူစိန်သည် ယခုလက်ရှိတွင် လယ်ယာဥယျာဉ်ခြံလုပ်ကိုင်သူဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ “သူက ကျွန်တော်တို့အမြင်ကတော့ လယ်လုပ်၊ ခြံလုပ်ပေါ့နော်။ နောက်ကွယ်က နိုင်ငံရေးနဲ့ ပတ်သတ် မပတ်သတ် ဆိုတာ ကျွန်တော်တို့လည်း မပြောနိုင်ဘူး” […]

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာက ဒေသခံများ တိမ်းရှောင်နေရ၊ ပုဂေါဇွန်းရွာသားငါးဦးလည်း ပျောက်ဆုံးနေ

diz_admin

August 1, 2022

စစ်ကြောင်းထိုးနေသဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာနှင့် ဧရိယာအနီးဝန်းကျင်က ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပုဂေါဇွန်းရွာသား ငါးဦးမှာလည်း ပျောက်ဆုံးနေကြောင်း ဒေသခံများ၏ပြောပြချက် အရ သိရသည်။ ရေဖြူမြို့နယ် နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ကာ သုံးရက်ကြာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး ဇုန်ဧရိယာထဲရှိ ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်း စသည့် ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း ဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီး စစ်ဆေးနေမှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ထို့ကြောင့် ဧရိယာထဲက ရွာများအပြင် အနီးဝန်းကျင် ကျေးရွာများက ဒေသခံများပါ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာ တောတောင် များသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဧကနိရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။ […]

ကံပေါက်အုပ်ချုပ်ရေးမှူးဟောင်း အိမ်တွင် လက်လုပ်မိုင်းတွေ့

diz_admin

August 1, 2022

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကုလား ခေါ် ဦးစိန်ထွန်းအောင် နေအိမ်တွင် ဇူလိုင်လ ၃၁ ရက်က မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဦးစိန်ထွန်းအောင်သည် အာဏာသိမ်းပြီးနောက် ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် သုံးလခန့် တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် နုတ်ထွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ၎င်း၏နေအိမ်တွင် မည်သူတို့က၊ မည်သည့်အတွက်ကြောင့် လက်လုပ်မိုင်း လာထားခဲ့သည်ကို မသိရဘဲ မပေါက်ကွဲခင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အဲဒီလက်လုပ်မိုင်းကို ဘာလုပ်လိုက်လဲတော့ မသိဘူး။ မိုင်းတွေ့ပြီးတော့ ရေတပ်က လာစစ်ဆေးသေးတယ်” ဟု ၎င်းကဆိုသည်။ ကံပေါက်ဒေသအနီးတွင် မောရဝတီရေတပ်စခန်း တစ်ခုရှိသည်။ ဇူလိုင်လ ၂၁ ရက်ကလည်း ကံပေါက်ကျေးရွာရှိ သံတံတားတွင် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို အမှိုက်ကောက်သည့် ကလေးတစ်စုက တွေ့ရှိပြီး စစ်ကောင်စီက […]

ကံပေါက်မှ ထိုင်းသို့ပို့လွှတ်သည့် ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်၍ ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်း

diz_admin

August 1, 2022

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှ ထိုင်းနိုင်ငံကို သွယ်တန်းထားသည့် PTTEP ကုမ္ပဏီ၏ ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်၍ ဓာတ်ငွေ့တင်ပို့မှုရပ်ဆိုင်းထားကြောင်း PTTEP International Limited ထံမှသိရသည်။ PTTEP ကုမ္ပဏီက ယနေ့ နံနက်ပိုင်းတွင် ကံပေါက်ဒေသရှိ ကုန်းတွင်းဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး ဓာတ်ငွေ့ဖိအားကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်သည့် ပိုက်လိုင်းကို သီးခြားခွဲထားပြီး ထိုင်းနိုင်ငံသို့ ဇောတိကပရောဂျက်မှ ဓာတ်ငွေ့တင်ပို့နေမှုကို ယာယီရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယနေ့ (ဩဂုတ်လ ၁ ရက်) နံနက် (အာရုံမတက်မီ) ၃ နာရီ ၂၂ မိနစ်ခန့်တွင် ကလိန်အောင်မြို့အနီးတွင်ရှိသည့် မိချောင်းလှောင်းရွာနှင့် အိန္ဒရာဇာ ကျေးရွာကြား (ဖွားသီလရှင်တောင်နောက်ကျောဘက်ခြမ်း)တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်မှု ဖြစ်ပွားနေသည်ကို သိရှိရကြောင်း ဒေသခံအချို့ကပြောသည်။ “မနက် ၃ နာရီ ၂၂ မိနစ်လောက်မှာ ဒိန်းခနဲတစ်ချက်ကြားပြီးတော့ လေသံကြီးတွေ ဝူးဝူးနဲ့ […]

လမိုင်းမြို့တွင် ပရဟိတအဖွဲ့ဝင်လူငယ်တစ်ဦး ပစ်သတ်ခံရ

diz_admin

August 1, 2022

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့က ပရဟိတအဖွဲ့ဝင် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ လမိုင်းပရဟိတလူငယ်များအဖွဲ့၏ အဖွဲ့ဝင် အသက် ၂၁နှစ်အရွယ် ကိုလင်းအောင်သည် ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ၎င်းသည် အသင်းရုံးမှ နေအိမ်သို့အပြန်လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ကိုလင်းအောင်ကို လမိုင်းရဲစခန်းက လုံခြုံရေးအခြေအနေအရ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းက မိသားစုထံ အကြောင်းကြားလာကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူတို့က ပြောဆိုသည်။ “လမိုင်းရဲစခန်းကတော့ (ကိုလင်းအောင်က) သူတို့စခန်းအနား ကပ်လာလို့ လုံခြုံရေးအရ ပစ်ခတ်လိုက်တယ်လို့ ပြောတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ကိုလင်းအောင် ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး […]

ထိုင်း ကန်ချနဘူရီတွင် တရားမဝင်မြန်မာလုပ်သား ၂၁ဦး ဖမ်းဆီးခံရ

diz_admin

August 1, 2022

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နေရာသုံးနေရာတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၁ ဦးကို ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်များတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင်အတွင်းရှိ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာ အလုပ် သမားများကို နှစ်ရက်အတွင်း ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင် တပ်မတော်တို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၂၁ ဦးတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ပါဝင်ကြပြီး ၎င်းတို့ကို ထုန်းဖါ့ဖမ်းဒေသရှိ ထာ့ခနုန်ရွာ၊ စိုင်ယွတ်ဒေသရှိ ဘွန်းတိရွာနှင့် စန်ခရာဘူရီဒေသရှိ နောင့်လူးရွာတို့တွင် ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ရန်ကုန်၊ ပဲခူး၊ […]

ထိုင်းတွင် ဒဏ်ရာများဖြင့်ရေထဲ၌ သေဆုံးနေသည့် မြန်မာလုပ်သားတစ်ဦး အလောင်းတွေ့

diz_admin

August 1, 2022

ထိုင်းနိုင်ငံ စမူစခွန်ခရိုင်တွင် ဒဏ်ရာများဖြင့် ရေထဲတွင် သေဆုံးကာ ပေါလောပေါ်နေသော မြန်မာအလုပ်သမား တစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၁ ရက်နေ့တွင် တွေ့ရှိရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စမူစခွန်ခရိုင် ကရထုမ်ဘယ်ဒေသ ဝါတ်နမ်စောင်ဘုန်းကြီးကျောင်းအနီး ထာ့ကျင်းမြစ်ထဲ၌ ဇူလိုင်လ ၃၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရေပေါ်တွင်ပေါ်နေသည့် အလောင်းကိုတွေ့ရှိခြင်းဖြစ်သည်။ အနီးပတ်ဝန်းကျင်တွင် တွေ့ရှိရသော Passport စာအုပ်အရ သေဆုံးသူ မြန်မာအလုပ်သမားမှာ အသက် ၃၈ နှစ်အရွယ်ရှိ ကိုမျိုးမင်းအောင် အမည်ရှိသူဖြစ်ပြီး သေဆုံးချိန်မှာ ၆နာရီ၊ ၇ နာရီခန့်ကြာ ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။ အလောင်းတွေ့ရှိရာနေရာသို့ ထိုင်းရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်သွားပြီးနောက် စစ်ဆေးရာတွင် အလောင်းတွင် ရိုက်နှက်ထိုးကြိတ်ခံထားသည့် ဒဏ်ရာများစွာတွေ့ရှိရကြောင်းလည်း ဖော်ပြထားသည်။ ဘုန်းကြီးကျောင်းအနီးရှိ […]