ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းတွင် ဝါတန်းလှေသုံးစီးမီးလောင်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

diz_admin

August 8, 2022

ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက် ရွှေဝက်ဝံတံတားတွင် ရပ်ထားသည့် ဝါတန်းငါးဖမ်းလှေသုံးစီး ယနေ့ (ဩဂုတ် ၈) နံနက် ၁၀ နာရီခန့်ကစပြီး မီးလောင်ကျွမ်းကြောင်း စုံစမ်းသိရှိရသည်။ ယင်းမီးလောင်မှုကြောင့် အလောင်းတစ်လောင်းနှင့် ဒဏ်ရာရသူနှစ်ဦးကို ရှာဖွေတွေ့ရှိထားပြီး ဆက်လက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်တွင် ပြောဆိုသည်။ “မီးက ထိန်းနိုင်သွားပြီ။ မီးလောင်တဲ့ ဝါတန်းသုံးစီးမှာ တစ်စီးကတော့ ပြာကျသွားပြီ။ ထိခိုက်မှုကတော့ အခုလောလောဆယ် အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရတဲ့သူနှစ်ဦးက ရနေပြီ။ ဆက်ပြီးတော့ ရှာဖွေကယ်‌ဆယ်ရေး လုပ်နေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။ လတ်တလော အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သောကြောင့် သေဆုံး ထိခိုက်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်အခြေအနေကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။ မီးလောင်ရသည့်အကြောင်းအရင်ကိုလည်း သေသေချာချာမသိရသေးပေ။ ဒေသခံ […]

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ

diz_admin

August 8, 2022

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၂၃နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဩဂုတ်လ ၇ရက် ညတွင် လည်ပင်း ထိုးသွင်းဒဏ်ရာဖြင့် အသတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းဌာနများသို့ ပြောဆိုထားသည်။ ဩဂုတ်လ ၇ ရက် ည ၁၁ နာရီခန့်တွင် နွန်ထဘူရီခရိုင် ဘန့်ဘိုဝ်ထွန်းဒေသရှိ အဆိုပါအမျိုးသမီးနေထိုင်ရာ ကွန်ဒိုဘေးတွင် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကရင်လူမျိုးဖြစ်သည့် မစန်းသီမိုးတွင် လည်ပင်း၌ ဓားကဲ့သို့အရာဖြင့် ထိုးသွင်းထားသည့် ဒဏ်ရာရထားပြီး သွေးထွက် လွန်ကာ သေဆုံးသည်ဟု ဘန့်ဘိုဝ်ထွန်းဒေသရဲစခန်းမှ ရဲတပ်ဖွဲ့များနှင့် မှုခင်းဆရာဝန်များက အတည်ပြုကြောင်း သတင်းတွင် ရေးသားသည်။ ၎င်းနှင့်အတူနေ သူငယ်ချင်းဖြစ်သူသည် တိုက်ခန်းသို့ ပြန်လာရာ အခန်းတံကား သော့မခတ်ထားဘဲ ပွင့်နေသည်ကို တွေ့ရပြီး ကွန်ဒိုဘေးတွင် အမျိုးသမီးတစ်ဦး အလောင်းတွေ့သည်ဟုဆိုသဖြင့် သွားကြည့်ရာ […]

ထားဝယ် DDPC ဈေးဝယ်စင်တာ မျက်နှာကျက်ပြုပြင်နေစဉ်ပြိုကျ

diz_admin

August 8, 2022

ထားဝယ်မြို့ ကမျောကင်း တံတားအနီးရှိ DDPC ဈေးဝယ်စင်တာ မျက်နှာကျက်ပြုပြင်နေစဉ် ပြိုကျပြီး လူထိခိုက်မှု မရှိကြောင်း ယင်းကုမ္ပဏီတွင် လုပ်ကိုင်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။ DDPC ဈေးဝယ်စင်တာ မျက်နှာကျက်မှ မိုးရေယိုစိမ့်နေသဖြင့် အမိုးအသစ်လဲလှယ်ရန် အလုပ်သမားအဖွဲ့က ငြမ်းဆင်ပြီး ပြုပြင်နေစဉ် ဩဂုတ်လ ၇ ရက် ညနေ ၄ နာရီခန့်က အလျား ပေ ၃၀ အနံ ၁၅ ပေခန့်ရှိ မျက်နှာကျက် ပြိုကျခဲ့တာဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အလုပ်သမားအဖွဲ့နဲ့ ငြမ်းဆင်ပြီး တစ်ခုချင်း တစ်ခုချင်း ဖြုတ်ချနေတာပေါ့နော်။ ရေတွေစိုနေတဲ့အချိန်နဲ့ သူတို့ မူလီဖြုတ်ထားတဲ့ အချိန်နဲ့ အကုန်လုံးက ထိန်းမနိုင်ဘဲနဲ့ အလုပ်လုပ်ရင်းနဲ့ ပြုတ်ကျသွားတဲ့သဘောပါ။ လူထိခိုက်မှုတော့ ဘယ်သူမှ မရှိဘူး” ဟု တာဝန်ရှိသူက […]

အီဂျစ်၏ ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေး- ဂါဇာ (ပါလက်စတိုင်း) အပစ်အခတ်ရပ်စဲရေး မျှော်လင့်ချက်များ တိုးတက်

diz_admin

August 8, 2022

သုံးရက်ကြာ တိုက်ခိုက်မှုများ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ရသော ဖြစ်စဉ်အပြီးတွင် အစ္စရေး နှင့် ဂါဇာဘက်မှ စစ်သွေးကြွများ၏ အပစ်အခတ်ရပ်စဲမှု စတင် အသက်ဝင်လာခဲ့ပြီ ဖြစ်ကြောင်း BBC သတင်းအရ သိရှိရသည်။ အီဂျစ်ဘက်မှ ညှိနိူင်းပေးသူများ၏ ကြားဝင်စေ့စပ်မှုအရ အပစ်အခတ်ရပ်စဲရေးသည် ဒေသ စံတော်ချိန် ည (၁၁)နာရီတွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ် (PIJ) က သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ အပစ်အခတ်ရပ်စဲရေးကို အစ္စရေး ဝန်ကြီးချုပ် ယီရာလာပစ်၏ ရုံးကလည်း အတည်ပြုပေးထားသည်။ ရော့ကတ်များဖြင့် ပစ်ခတ်မှုကြောင့် ဂါဇာဒေသအတွင်းရှိ PIJ အစ္စလာမ်မစ်ဂျီဟတ် များကို ဦးတည်သော တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က အတည်ပြုထားသည်။ အစ္စရေးက PIJ တပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင် တစ်ယောက်ကို အနောက်ဘက်ကမ်း ဒေသတွင် ဖမ်းဆီး လိုက်သည်။ အစ္စရေးဘက်မှ […]

တကူကျေးရွာအုပ်စုအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

diz_admin

August 7, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုအတွင်းသို့ ယနေ့ ညနေပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ် ၇) ညနေ ၅ နာရီဝန်းကျင်က တကူကျေးရွာအုပ်စုရှိ ကော်တောရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆယ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ကိုးအင်းရွာဘုရားတောင်ပေါ်ကနေ လှမ်းပစ်နေတယ်လို့သိရတယ်။ ခုတော့ရပ်သွားပြီ” ဟု တကူရွာနေ အမျိုးသမီးတစ်ဦးက ယနေ့ည ၇ နာရီခွဲဝန်းကျင်က ပြောဆိုသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်နေရာနှင့် ကော်တောရွာမှာ တစ်မိုင်ခန့်ဝေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်များသည် သိန္ဒောကျေးရွာဖက်မှ တကူဖက်သို့ ပြန်ဆင်းလာခြင်းဖြစ်ပြီး ယနေ့ နေ့လယ်တွင် ရောက်ရှိလာသည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။ ပစ်ခတ်မှုကြောင့် အထိအခိုက် ရှိမရှိကိုမူ မသိရသေးဟုလည်း ၎င်းတို့က ပြောဆိုသည်။ […]

ထားဝယ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်နှစ်သောင်းစျေးတက်

diz_admin

August 7, 2022

ထားဝယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့ မှ ဩဂုတ်လ ၅ ရက်နေ့အထိ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းများကို နှိုင်းယှဉ်ချက်အရ ဆန်တစ်အိတ် ကျပ်နှစ်သောင်းအထိ ဈေးတက်သွားပြီး ကုန်ခြောက်အချို့လည်း စျေးတက်သည်ကိုတွေ့ရသည်။ ဇူလိုင် ၁၅ ရက်နေ့ ထားဝယ်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း အိတ်ကြီး(၂၄ ပြည်) တစ်အိတ်ကို ၇၂၀၀၀ ကျပ်မှ ဩဂုတ် ၅ ရက်နေ့တွင် ၉၂၀၀၀ ခန့်အထိ ငွေကျပ်နှစ်သောင်းခန့် ဈေးတက်သွားခြင်းဖြစ်သည်။ ပေါ်ဆန်း အကယ်ဒီမီ အစိမ်း အိတ်ကြီးတစ်အိတ်၏ ဈေးနှုန်းမှာ ၆၀၀၀၀ကျပ် မှ ၇၆၅၀၀ ကျပ်အထိ ၁၆၀၀၀ ကျော်အထိဈေးတက်လာပြီး အကယ်ဒမီဆန်ကြမ်း တစ်အိတ်လျှင် ၃၉၀၀၀ ကျပ်မှ ၄၄၅၀၀ အထိ ၅၅၀၀ ကျပ်ခန့် ဈေးတက်လာသည်ကို တွေ့ရသည်။ “ဆန်တစ်အိတ်ကို […]

ရေးတွင် ဒေသန္တရအမိန့်ထုတ်ပြီး လုံခြုံရေးတင်းကျပ်

diz_admin

August 7, 2022

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပစ်ခတ်မှုများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်ပြီး လုံခြုံရေးတင်းကျပ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့က ရေးမြို့ လဝကရုံး ပစ်ခတ်ခံရပြီး မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ် ဦးစီးမှူးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်။ “လဝကရုံး အပစ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပြီးနောက်မှာ အစိုးရရုံးရှိတဲ့နေရာက လမ်းတွေ အကုန်ပိတ်လိုက်တယ်။ ဖြတ်သန်းသွားလာခွင့် မပေးတော့ဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ ဩဂုတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာ (သို့မဟုတ်) မှတ်ပုံတင်မပါဘဲ နယ်ကျော်ခရီးသွားလာခွင့်မပြု၊ ရေးမြို့နယ်အတွင်း ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ယာဉ်နှင့်လူ သွားလာခြင်း လုံးဝမပြုဟု ဖော်ပြသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

August 7, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ စစ်ဘေးရှောင် ရှစ်သိန်းကျော်ရှိလာပြီး အကူအညီပေးရန်ခက်ခဲလာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသည့်စစ်ဘေးရှောင် ရှစ်သိန်းခြောက်သောင်းကျော် ရှိလာပြီး ကန့်သတ်ချက်များကြောင့် လူသားချင်းစာနာသည့် အကူအညီများလည်းပေးရန် အခက်အခဲဖြစ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်သည်။ နိုင်ငံတဝန်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် အရပ်သားကာကွယ်စောင့်ရှောက်မှုနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာကြောင်း UNOCHA က ဆိုသည်။ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများအပါအဝင် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်အကူအညီပေးရန် အခက်အခဲများ ရှိနေကြောင်းလည်း ထုတ်ပြန်သည်။ အာဏာသိမ်းမှုနောက်ပိုင်း […]