ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် လျှပ်စစ်မီတာခများ ဆက်တိုက်မြင့်တက်၊ တစ်ယူနစ် ၉‌၄၇ ကျပ်အထိရောက်ရှိ

diz_admin

August 10, 2022

မြိတ်မြို့တွင် လျှပ်စစ်မီတာခဈေးနှုန်းဆက်တိုက် မြင့်တက်လာရာ ယခု(ဇူလိုင်)လအတွက် တစ်ယူနစ်လျှင် ၉၄၇ ကျပ်အထိ ပေးဆောင်နေရကြောင်း လျှပ်စစ်မီးသုံးစွဲသူများထံမှ သိရသည်။ မီတာခများမှာ ယခုနှစ်ဆန်းပိုင်းတွင်မှ စတင်မြင့်တက်လာခြင်းဖြစ်ပြီး ဇန်နဝါရီလက မီတာခ တစ်ယူနစ်လျှင် ၄၇၈ ကျပ်၊ ဖေဖေါ်ဝါရီလတွင် ၅၆၅ ကျပ်နှင့် မတ်လတွင် ၇၆၅ ကျပ် စသဖြင့် ပေးဆောင်ခဲ့ရသည်။ ဧပြီလတွင်မူ တစ်ယူနစ်လျှင် ၇၃၀ ကျပ်သို့ ကျဆင်းသွားသော်လည်း မေလတွင် ၈၄၅ ကျပ်၊ ဇွန်လတွင် ၈၉၇ ကျပ်နှင့် ဇူလိုင်တွင် ၉၄၇ ကျပ် အထိဆက်တိုက်တက်လာကြောင်း လျှပ်စစ်မီးသုံးစွဲများက ဆိုသည်။ “မီတာခတစ်ခုတည်း မဟုတ်ဘူး စက္ကူဈေးတွေလည်း ကပ်လီကပ်လပ်( ဈေးနှုန်းအဆမတန် ထိုးတက်ခြင်း) တက်တာပဲလေ၊ နောက်ပိုင်းတော့ ခေါင်းထဲ သိပ်မထည့်တော့ဘူး နင်တက်ရင် တို့လည်းလိုက်တက်ပေါ့ […]

မွန်တော်လှန်ရေးနေ့ စိန်ရတုအခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပမည်

diz_admin

August 10, 2022

ဝါခေါင်လပြည့်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျရောက်မည့် (၇၅) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟို အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပမည်ဖြစ်ကြောင်း မွန်တော်လှန်ရေးနေ့အခမ်းအနားကို ဦးဆောင် ကျင်းပလာခဲ့ကြသည့် မွန်လူငယ်တို့ထံမှ သိရသည်။ မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးသွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ အုတ်ဂူတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရသာသနာ့ကျောင်းဝင်းထဲတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။ ယခုနှစ်တွင်မူ လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် Covid-19 ကူးစက်ရောဂါတို့ကြောင့် အခမ်းအနားကို အကျဉ်ချုံးသာ ကျင်းပသွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း အခမ်းအနားကျင်းပရေးကော်မတီတို့ထံမှ သိရသည်။ “ဒီနှစ်မှာ ကျရောက်တဲ့ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နိုင်ငံရေးအခြေအနေအရ လုံခြုံရေးအခြေအနေကို ကြည့်ပြီး ခန်းမတစ်ခုမှာပဲ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်” ဟု အဆိုပါကော်မတီမှ တာဝန်ရှိသူက ပြောသည်။ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း […]

ငရုတ်သီးခြောက်တစ်ပိဿာ နှစ်သောင်းကျပ်အထိဖြစ်လာ

diz_admin

August 10, 2022

ထားဝယ်တွင် ငရုတ်သီးခြောက်တစ်ပိဿာ ကျပ်နှစ်သောင်းအထိဖြစ်လာပြီး ငရုတ်ပုခြောက်မှာ ဈေးကွက်အတွင်း ပြတ်လပ်သည်အထိဖြစ်နေကြောင်း ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးတွင် ကုန်စုံဆိုင်ရောင်းချနေသူများထံမှ သိရသည်။ ငရုတ်သီးခြောက် (ရွှေအပ်ခြောက်) ဈေးနှုန်းမှာပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က တစ်ပိဿာ ၁၀၀၀၀ ကျပ်ရှိရာမှ ယနေ့ ဩဂုတ် ၁၀ ရက်နေ့တွင် ၂၀၀၀၀ ကျပ်အထိဖြစ်လာပြီး ဈေးနှစ်ဆမြင့်တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထို့အပြင် ငရုတ်ပုခြောက်မှာလည်း ဇူလိုင် ၁၅ ရက်နေ့တွင် တစ်ပိဿာ ၁၄၀၀၀ ကျပ်ရှိရာမှ ယနေ့ ဩဂုတ် ၁၀ ရက် ဈေးနှုန်းမှာ တစ်ပိဿာ ၂၀၀၀၀ ကျပ်ခန့်ဖြစ်လာပြီး ခြောက်ထောင်ကျပ်ခန့်ဈေးတက်သွားခြင်ဖြစ်သည်ဟု ထားဝယ်မြို့ စည်ပင်သာယာဈေးရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ “ငရုပုခြောက်ဆိုရင် ဝယ်လို့တောင်မရတဲ့အထိ ပစ္စည်းပြတ်နေတယ်။ ဆက်တက်ဖို့ရှိတယ်” ဟု ၎င်းက […]

သရက်ချောင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

August 9, 2022

သရက်ချောင်းမြို့နယ် မော်ရှည်ကုန်းရပ်ကွက်နေသူ အမျိုးသားတစ်ဦး ယနေ့ (ဩဂုတ် ၉) မွန်းလွဲ ၁ နာရီခန့်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၆ နှစ်အရွယ် လားလား (ခေါ်) ဦးစိုးစိုးလေးမှာ ကဇိတံတားဦးကျေးရွာအနီးရှိ ၎င်း၏ ဥယျာဉ်ခြံတွင် အမည်မသိ သေနတ်သမားတစ်စုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သူက တောမုဆိုးဆိုတော့ တောပစ်သေနတ်လည်းရှိတယ်။ ဟိုအရင်တခါက စစ်သားတွေကို သူလမ်းပြလုပ်ပေးဖူးလို့ အသတ်ခံရတယ်လို့ ထင်တာပဲ” ဟု မော်ရှည်ကုန်းရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဦးလားလားမှာ အနေအေးပြီး ဖော်ရွေတတ်သူဖြစ်ကြောင်း ၎င်းက ပြောသည်။ ဦးလားလားကို ဇွန်လ ၂၄ ရက်ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့က လမ်းပြအဖြစ်ခေါ်ဆောင်ဖူးကြောင်း ဒေသခံအချို့က ပြောသည်။ “စစ်တပ်က လမ်းပြခေါ်ဆောင်တယ်။ သူက တောထဲမှာနေပြီး […]

လောင်းလုံး ကဒက်ငယ်ထိန်ရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

August 9, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာသားတစ်ဦး ယနေ့ (ဩဂုတ် ၉) ညနေ ၄ နာရီဝန်ကျင်းက ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုမျိုးဆိုသူဖြစ်ပြီး ကဒက်ငယ်ထိန်ရွာနှင့် ရွာချင်းကပ်လျက် ဝက်သားကင်ကျေးရွာ မူကြိုကျောင်းအနီးတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “သေနတ်ဒဏ်ရာနှစ်ချက်ထိပြီးတော့ ဆုံးသွားတယ်လို့ ပြောနေကြတယ်။ သေနတ်သံ နှစ်ချက်ကြားရလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့ ညနေပိုင်းတွင် အမည်မသိ လူငယ်နှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ရွာထဲဝင်လာသည်ကို ရွာသားအချို့က သတိထားမိခဲ့ပြီး မိနစ်ပိုင်းမျှအကြာတွင် သေနတ်ပစ်သံနှစ်ချက်ကြားရကြောင်း ဝက်သားကင်ရွာသား တစ်ဦးကဆိုသည်။ ကိုမျိုးသည် စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ်တပ်စွဲခဲ့ဖူးသည့် ကဒက်ငယ်ထိန်တောင်ကျောင်း (ဘုန်းကြီးကျောင်း) အနီးတွင် နေထိုင်သူဖြစ်ပြီး ဝက်သားကင်ရွာသို့ ခြင်းခတ်လာလေ့ရှိကြောင်း ဒေသခံအချို့က […]

မလေးရှားတွင် တရားမဝင် မြန်မာလုပ်သားတစ်ရာကျော် တိုက်ခန်းများအတွင်း ဖမ်းဆီးခံရ

diz_admin

August 9, 2022

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်း၌ တရားမဝင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဩဂုတ်လ ၈ရက် ညသန်းခေါင်အချိန်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဝင်ရောက်ဖမ်းဆီးကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။ လူနေတိုက်ခန်းများတွင် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည်ဟု သတင်းပေးလာသဖြင့် အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာမှ မြန်မာအလုပ်သမား ၁၁၅ဦး အပါအဝင် နိုင်ငံခြားသား ၁၇၅ ဦးကို ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အော်ပရာစီ စီမံချက်မှာ တရားမဝင် အလုပ်သမားများကို ရှာဖွေစစ်ဆေးဖမ်းဆီးသည့် စီမံချက်ဖြစ်သည်။ လူနေအဆောက်အအုံ ခြောက်ခုရှိ လူပေါင်း ၄၂၅ ဦးကို ညသန်းခေါင်အချိန်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း စစ်ဆေးရေးမှူး Khairul Dzaimee Daud က ပြောသည်။ ဝင်ရောက်စစ်ဆေးသောအချိန်တွင် တံခါးဖွင့်ရန်ပြောဆိုသော်လည်း […]

ကော့သောင်းတွင် လှေမီးလောင်မှု သေဆုံးသူ ငါးဦးအထိရှိလာ

diz_admin

August 9, 2022

ကော့သောင်းမြို့တွင် ဝါတန်းလှေသုံးစီးမီးလောင်မှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်သူအချို့က ပြောသည်။ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် မီးလောင်ခြင်းဖြစ်ပြီး သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရသူ လေးဦး ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းအား ညနေ ၅ နာရီတွင် ရပ်နားခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယနေ့ ဩဂုတ်လ ၉ ရက်တွင် ဆက်လက်ရှာဖွေရာ နောက်ထပ်အမျိုးသားအလောင်း လေးလောင်းကို ထပ်မံရှာတွေ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဒီ‌နေ့တွေ့တဲ့ အလောင်းတွေက ပထမဆုံးမီးလောင်တဲ့လှေထဲမှာ ရှာတွေ့တာပါ။ မီးလောင်ပြီးတော့ ရေထဲကျသွားတာနေမယ်။ ဒီနေ့ ရေငုပ်ပြီးလိုက်ရှာတော့မှ ရေအောက်မှ အလောင်းတွေ ထပ်တွေ့ရတာပါ” ဟု ၎င်းကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။ ထို့ကြောင့် လှေမီးလောင်မှုတွင် အမျိုးသား ငါးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ […]

တနင်္သာရီတိုင်းတွင် ၁၇ လအတွင်း တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်မှု သုံးရာကျော်ဖြစ်ပွား

diz_admin

August 9, 2022

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု တစ်ရာကျော်ရှိပြီး ဗုံးခွဲ၊ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ရာကျော်ရှိလာကြောင်း Southern Monitor အဖွဲ့က ထုတ်ပြန်လိုက်သည်။ တိုင်းအတွင်း ပဋိပက္ခဖြစ်စဉ်များအား လေ့လာနေသည့် ယင်းအဖွဲ့က သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ ဇူလိုင်လအထိ ၁၇ လအတွင်း နှစ်ဖက်တိုက်ပွဲ ၁၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ဗုံးကွဲခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်မှုပေါင်း ၂၁၉ ကြိမ် ဖြစ်ပွားခဲ့သည်ကို လေ့လောတွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင် လုပ်ကြံသတ်ဖြတ်မှုနှင့် အရပ်သားသေဆုံးမှု ၁၄၁ ကြိမ်ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရှိရကြောင်းလည်း Southern Monitor အဖွဲ့က ထုတ်ပြန်သည်။ သို့သော် သေဆုံးသည့် လူဦးရေကို ဖော်ပြထားခြင်းမရှိပေ။ ၂၀၂၁ ခုနှစ် ဇွန်လမှစတင်ကာ ပဋိက္ခဖြစ်စဉ်များ တဖြည်းဖြည်း မြင့်တက်လာပြီး […]