ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

August 20, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ စစ်ကောင်စီအဖွဲ့ လူစားလဲ အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်လာသော်လည်း တိုင်းပြည်တည်ငြိမ်မှု မရရှိသေးသည့် စစ်ကောင်စီက အစိုးရအဖွဲ့အတွင်း လူစားလဲမှုများကို လုပ်ဆောင်ခဲ့ပြီး အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို ပြီးခဲ့သည့် လပိုင်းက နေအိမ်တွင် လုပ်ကြံခံခဲ့ရသည့် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို အစားထိုး ခန့်အပ်ခြင်းအပါအဝင် ဝန်ကြီးအချို့ကို ရာထူးက အနားပေးလိုက်သည်။ ယခင်အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးနေရာ၊ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌနေရာနှင့် ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ဇော်မြင့်နိုင်ကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် အစားထိုးပြီး ရာထူးတိုးမြှင့် ခန့်ထားလိုက်ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။ […]

တနင်္သာရီ ကော့မပြင်းရွာအနီး တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ဒဏ်ရာရ

diz_admin

August 20, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကော့မပြင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သူများရှိခဲ့ကြောင်း တောင်ပိုင်း သူရဲကောင်းများ ကာကွယ်ရေးအင်အားစု (SWDF) က ယနေ့ ညနေတွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ ၁၉ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နေ့လည် ၁ နာရီဝန်းကျင်မှ ညနေ ၅ နာရီခွဲ အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာပြီး မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကလည်း တပ်သားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း SWDF က ထုတ်ပြန်ထားသည်။ တိုက်ပွဲနှင့်ပတ်သက်ပြီး သိရှိရန်ဒေသခံများအား Dawei Watch မှ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ […]

ထိုင်းတွင် နောက်လေးလအတွင်း လျှပ်စစ်မီတာခ ၁၈ ရာခိုင်နှုန်းဈေးထပ်တက်မည်

diz_admin

August 20, 2022

ထိုင်းနိုင်ငံအတွင်း လျှပ်စစ်မီတာခ ဈေးနှုန်းများကို လာမည့်နှစ်ကုန် လေးလတွင် လက်ရှိဈေးနှုန်း၏ ၁၈ ရာခိုင်နှုန်း အထိ ထပ်မံဈေးတက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဖြန့်ဖြူးရေးကော်မရှင် (ERC) က ပြီးခဲ့သော တနင်္လာနေ့တွင် ကြေညာထားသည်။ ပြည်ပမှ တင်သွင်းနေသော (Liquefied Natural Gas) LNG ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုကို ကာမိရန်အတွက် မူလသတ်မှတ်ထားသော တစ်ယူနစ် ၄ ဘတ်မှ ၄ ဒသမ ၇၂ ဘတ်သို့ တိုးမြှင့်ပေးဆောင်ရန် အတည်ပြုထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်က ကမ္ဘာစက်သုံးဆီဈေးနှုန်း အမြင့်ဆုံးရှိနေချိန်တွင် ထိုင်းနိုင်ငံ လျှပ်စစ်မီတာခ တစ်ယူနစ်ဈေးနှုန်း ၃ ဒသမ ၉၆ ဘတ်နှုန်းဖြင့် စံချိန်တင်ထားရာမှ ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံ၌ လျှပ်စစ်လိုအပ်ချက်များလာမှုကြောင့် ယခုလအထိ တစ်ယူနစ် ၄ ဘတ်သို့ […]

ကော့သောင်းနယ်စပ်တွင် ကိုဗစ်ပိုးဆက်တိုက်တွေ့

diz_admin

August 20, 2022

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့တွင် ဩဂုတ်လအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ဆက်တိုက်တွေ့ရှိနေကြောင်း ကော့သောင်းမြို့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့က ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၇၂ ဦးအနက် အမျိုးသား ၁၂ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်။ ထို့အပြင် ဩဂုတ်လ ၁၇ရက်နေ့တွင် ပြန်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် အမျိုးသားတစ်ဦး၊ အမျိုးသမီးခုနှစ်ဦးနှင့် ကော့သောင်းမြို့နေ အမျိုးသားတစ်ဦး စုစုပေါင်း ကိုးဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်။ ဩဂုတ်လ ၁၈ ရက်နေ့တွင်လည်း သီလရှင်တစ်ပါးတွင် ကိုဗစ်ပိုးတွေ့ခဲ့ကြောင်း ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ အဆိုပါ သီလရှင်သည် ရနောင်းမြို့တွင် အလှူခံထွက်ပြီး ကော့သောင်းဘက်သို့ ပြန်လာရာတွင် […]

ထားဝယ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ် တစ်သိန်းကျော်ဖြစ်လာ

diz_admin

August 20, 2022

ထားဝယ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ်တစ်သိန်းကျော် ဈေးဖြစ်နေပြီး ရန်ကုန်ပွဲရုံများထံမှ ဆန်ကို လိုသလောက် မှာယူ၍ မရကြောင်း ဆန်‌အရောင်းဆိုင်အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ တစ်လကျော်အတွင်း ရွှေဘိုပေါ်ဆန်းမွေး ၂၄ ပြည်ဆန်တစ်အိတ်ကို ‌၇၂,၀၀၀ ကျပ်မှ ၁၀၁,၀၀၀ ကျပ်အထိ ဖြစ်လာပြီး ၂၉၀၀၀ ကျပ်ဈေး မြင့်တက်သွားသည်ဟု ဆန်အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ “ရန်ကုန်ဆန်ပွဲရုံတွေက ဈေးတက်ရင် ဒီမှာလည်းတက်တာပဲ။ ရှေ့ဆက်တက်မတက်ဆိုတာက ရန်ကုန်ဈေး အပေါ်မှာပဲ မူတည်တယ်” ဟု ၎င်းက ဆိုသည်။ ဆန်အများဆုံးထွက်ရှိရာ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းက စပါးဟောင်းပြတ်လုနီးပါးဖြစ်နေပြီး ဆန်ကို လိုသလောက် မှာယူ၍ မရသဖြင့် ဆန်ဈေးမှာ ဆက်တက်နိုင်သည်ဟု ဆန်ကုန်သည် အချို့က […]

ရေဖြူ ကလုံးထာရွာတွင် ရွာခံလူငယ်တစ်ဦး ပစ်ခတ်ခံရသဖြင့်သေဆုံး

diz_admin

August 20, 2022

ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စုရှိ ကလုံးထာရွာထဲ စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာအနီးက ဖြတ်သန်းသွားလာသည့် အသက် ၁၉ နှစ်ခန့်အရွယ် ရွာခံလူငယ်အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က သိရသည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၄ရက်နေ့ နံနက် ၈ နာရီခန့်က ကလုံးထာရွာဘက်ကို စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ဩဂုတ်လ ၁၆ရက် ညနေပိုင်းတွင် ကလုံးထာရွာ စာသင်ကျောင်းတွင် တပ်စွဲထားလိုက်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ကိုသန့်ဇင်ထွေးဆိုသူဖြစ်ပြီး ဩဂုတ်လ ၁၆ရက် ညနေပိုင်းက စစ်ကောင်စီတပ်စခန်းချ တပ်စွဲထားသည့် စာသင်ကျောင်းအနီးမှ ဖြတ်သန်းသွားလာစဉ် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကလုံးထာရွာမှ ဒေသခံအချို့က အတည်ပြုပြောဆိုသည်။ “ရွာထဲမှာ စစ်တပ်ကရှိသေးတယ်ဆိုတော့ ရွာသားတွေလည်း အလောင်းကို အခုထိ သွားမယူရဲသေးဘူး။ ရွာထဲကိုတော့ တစ်ယောက်စ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

August 19, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သြဂုတ်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ မီတာခဈေးတက်တာကို ကျော်လွှားဖို့ ဗုဒ္ဓဘာသာလေ့လာရန် ထိုင်းဝန်ကြီးချုပ် အကြံပြု ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားဖြန့်ချိရေး အာဏာပိုင်တွေက နိုင်ငံအတွင်း တင်သွင်းလာတဲ့ သဘာဝဓာတ် ငွေ့ ဈေးနှုန်းတွေ မြင့်တက်မှုကို ကာမိစေဖို့ သြဂုတ် လ ၁၅ ရက်နေ့မှာ စံချိန်တင် မီတာခတွေ မြှင့်ခဲ့တယ် လို့ သိရပါတယ်။ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လျှပ်စစ်မီတာခတွေ ဈေးတက်တာကို ရင်ဆိုင်ဖို့ ဗုဒ္ဓဘာသာကို လေ့လာဖို့ အကြံပြုကာ ဓမ္မအကြောင်း၊ သစ္စာလေးပါး အကြောင်းကို လေ့လာပြီး ကိုယ့်ကိုကိုယ်ပြန်မေးဖို့ နောက်ပြီး ဆင်းရဲခြင်း ဒုက္ခ ဝေဒနာတွေ […]

ရနောင်းတွင် နေရပ်ပြန်ရန်စောင့်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား တစ်ထောင်ကျော်ရှိ

diz_admin

August 19, 2022

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့တဖက်ကမ်းရှိ ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ရှိနေကြောင်း ကော့သောင်း အခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့သည် ကော့သောင်းဘက်သို့ ပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေး စောင့်ရှောက် ပေးရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ရနောင်းမြို့မှ ပြီးခဲ့သည့် ဩဂုတ်လ ‌၃ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် မြန်မာအလုပ်သမား ၁၇၂ ဦးနှုန်းစီဖြင့် စုစုပေါင်း ၃၄၄ ဦးတို့အား ကော့သောင်းဘက်သို့ လွှဲပေးခဲ့ပြီးဖြစ်သည်။ ယင်းကဲ့သို့ လွှဲပြောင်းပေးပြီးနောက် ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းတွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ကျန်ရှိနေခြင်းဖြစ်ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ “အများစုက အမျိုးသားတွေပါ။ ကော့သောင်းဘက်လွှဲတာကို တစ်လနှစ်ကြိမ်လက်ခံပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။ […]