ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

August 28, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျပ် ၃၀၀၀ ကျော်ဖြစ်သွားသည့် ဒေါ်လာ ယခုသီတင်းပတ်တွင် ဒေါ်လာဈေးခုန်တက်သွားပြီး ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၀၀၀ ကျော်အထိဖြစ်သွားသည်။ စစ်ကောင်စီက ဩဂုတ်လ ၅ရက်တွင် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ဒေါ်လာဈေး ဆက်တိုက်တက်လာခဲ့ပြီး ဩဂုတ်လ ၂၇ ရက် ပြင်ပပေါက်ဈေးမှာ ကျပ် ၃၂၀၀ အထက်တွင် ရှိနေသည်။ သို့သော် ဈေးကွက်ထဲတွင် ရောင်းသူနည်းသဖြင့် ဝယ်ရခက်နေသည့် အခြေအနေဖြစ်နေသည်။ စစ်ကောင်စီက ဩဂုတ်လ ၁၉ရက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို အပြောင်းအလဲလုပ်ခဲ့သော်လည်း ဒေါ်လာကို ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် ပို၍ပင် […]

ထားဝယ်ထောင်တွင် ပြစ်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိဟုဆို

diz_admin

August 27, 2022

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား (အမျိုးသား) ၂၀၁ ဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဩဂုတ် ၂၇) ထုတ်ပြန်သည်။ ဩဂုတ်လ ၂၂ ရက်နေ့ထိ နောက်ဆုံးရရှိထားသည့်စာရင်းဖြစ်ကြောင်း အထက်ပါကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်မောင်အပါအဝင် ပြစ်ဒဏ်ကျခံရသည့် နိုင်ငံရေး အကျဉ်းသား ၂၀၁ ဦးခန့်ကို စစ်ကောင်စီက အနိမ့်ဆုံး ထောင်ဒဏ် ၂ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထားဝယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရခြင်းမရှိသေးသည့် နိုင်ငံရေးအမှု အချုပ်သား ၁၀၀ ခန့်ရှိမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။ နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသမီး အချုပ်သား ၃၀ ဦးခန့်ရှိမည်ဟု အဆိုပါကွန်ရက်မှ တာဝန်ရှိသူက […]

သမ္မတဟောင်း ဒိုနယ်ထရမ့် နေအိမ်ကို FBI ဝင်ရှာရခြင်းအကြောင်းရင်း ထွက်ပေါ်

diz_admin

August 27, 2022

တရားမျှတရေး ကို ထိပါးကျူးကျော်ခြင်းနှင့် ဆိုင်သော သက်သေအထောက်အထားများကို ရှာဖွေရန်အတွက် သမ္မတဟောင်း ဒိုနယ်ထရမ့်၏ ဖလော်ရီဒါနေအိမ်ကို ရှာခြင်းဟု FBI က ဆိုခဲ့သည်ဟု တရားသူကြီးတစ်ဦးက ပြောကြားသည်။ ထိပ်သီလျှို့ဝှက် ဖိုင်များကို အဆိုပါ နေအိမ်ရှိ သတင်းစာများ၊ မဂ္ဂဇင်းများ ထားသည့်အပုံထဲတွင် သိမ်းထားကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။ အရပ်သားသက်သေများကို ထိခိုက်မည်ကို ကာကွယ်ရန် အတည်ပြုချက်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း တရားရေးဌာနက ကြေညာထားသည်။ ယခုစုံစမ်းရှာဖွေမှုသည် နိုင်ငံရေးအရ တိုက်ခိုက်ပုတ်ခတ်ခြင်းသာ ဖြစ်ကြောင်း မစ္စတာထရမ့်က ပြောကြားသည်။ ပြီးခဲ့သည့် သောကြာနေ့က တရားရေးဌာနက ထရမ့်အိမ်သို့ FBI က ဝင်ရောက်ရှာဖွေသည်ဆိုသော စာရွက်စာတမ်းကို သတင်းအချက်အလက်များစွာ ဖြတ်တောက်ဖုံးကွယ်ထားပြီး ထုတ်ပြန်ခဲ့သည်။ အပန်းဖြေဂေါ့ဖ်ကလပ် ပါဝင်သော အဆိုပါ သီးသန့်အိမ်ရာနယ်မြေမှ ထိပ်တန်းလျို့ဝှက် စာရွက်စာတမ်း (၁၁)စုံ ရရှိခဲ့သည်ဟု […]

ကွမ်းသီးအဟောင်း တစ်ပိဿာ ရှစ်ထောင်ကျပ်အထိဖြစ်လာ

diz_admin

August 27, 2022

ထားဝယ်ခရိုင်တွင် ကွမ်းသီးခြောက်အဟောင်း အရည်အသွေးကောင်း (ပါကင်) တစ်ပိဿာ ငွေကျပ်ရှစ်ထောင်ခန့် အထိ ဈေးတက်လာကြောင်း ပွဲရုံအချို့ထံက သိရသည်။ ဩဂုတ်လ ၂၁ ရက်နေ့အထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်သာ ဈေးရှိသော်လည်း ယခုရက်ပိုင်း အတွင်း ကျပ်ရှစ်ထောင်ခန့်ဖြစ်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပေါ်မှ ကွမ်းသီးခြောက်ပွဲရုံအချို့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ရာသီအဖွင့်ဈေးမှာ တစ်ပိဿာ ၆၅၀၀ ကျပ်ခန့်ဖြင့် စတင်ဝယ်ခဲ့ပြီးနောက် တဖြေးဖြေး ဈေးတက်လာရာ ယခု ဩဂုတ်လ ၂၁ ရက်နောက်ပိုင်းတွင် ၈၀၀၀ ကျပ်ခန့်အထိ ဈေးတက်လာကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ ကွမ်းသီးပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။ အရည်အသွေးကောင်းသည့် ကွမ်းသီးခြောက် (ပါကင်) ပွဲရုံဈေးမှာ တစ်ပိဿာ ၈၀၀၀ ကျပ်ခန့်ရှိပြီး အရည်အသွေး ပေါ်မူတည်၍ […]

မွန်တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ခြိမ်းခြောက် ငွေညှစ်မှုများရှိနေ

diz_admin

August 27, 2022

မွန်ပြည်နယ် မြို့နယ်အချို့တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ခြိမ်းခြောက်ငွေညှစ်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင်များကို ဩဂုတ်လ ၂၀ရက်နေ့ကစပြီး ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေညှစ်မှုများ ရှိနေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၎င်းနှင့် ရင်းနှီးသည့် လုပ်ငန်းရှင်အချို့ ငွေညှစ်ခံနေရမှုကို အဆိုပါလုပ်ငန်းရှင်က Dawe Watch သို့ ပြောဆိုခြင်းဖြစ်သည်။ တောင်းခံသည့်ငွေကို မပေးလျှင် ဆိုင်ကို ဖောက်ခွဲမည်ဟု ခြိမ်းခြောက်နေသည့်အတွက် ကြောက်ရွံ့ကာ ဆိုင်ကို ယာယီပိတ်သိမ်းထားရသည်များလည်းရှိကြောင်း ၎င်းက ဆိုသည်။ “ဒီရက်ပိုင်းမှာ ရွှေဆိုင်တွေ လုပ်ငန်းရှင်တွေကို ဖုန်းဆက်ငွေတောင်းခံတာတွေ ရှိနေတယ်လို့ သိရတယ်။ မပေးရင် ဆိုင်ကို ဗုံးဖောက်ခွဲမယ် ဘာညာဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။ လုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေတောင်းခံနေသူတို့သည် […]

ဆလုံများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်ဆောက်

diz_admin

August 27, 2022

ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသားများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်တစ်ခု ဆောက်လုပ်နေကြောင်း ဂျလန်းကျွန်းကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်ပညာသီရိက မိန့်ကြားသည်။ စွန့်ပစ်ပုလင်းအမျိုးအစားအစုံ ပုလင်းခွံအလုံးရေ နှစ်ထောင်ကျော်ဖြင့် အလျား ၁၅ပေ၊ အနံ ၁၀ပေ၊ အမြင့် ၉ပေ ခန့်ရှိ ရွှေပုလင်း နားနေဆောင်အမည်ရှိ အဆောက်အအုံကို ဂျလန်းကျွန်းကျောင်းတိုက်တွင် ဆောက်လုပ် နေဆဲဖြစ်ကြောင်း ဆရာတော်က မိန့်သည်။ ဂျလန်းကျွန်းပေါ်ရှိ စွန့်ပစ်ပုလင်းခွံများနှင့် ကမ်းခြေတလျှောက်ရှိ ပုလင်းအကွဲအစတို့သည် ရေရှည်တွင် သဘာဝ သယံဇာတပျက်ဆီးခြင်းနှင့် လူသားတို့အတွက် အန္တရာယ်ရှိလာနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။ “သဘာဝသယံဇာတတွေ မပျက်ဆီးအောင်၊ လူတွေလည်း အန္တရာယ်မဖြစ်အောင် စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုအကောင်းဆုံးအသုံးချရမလဲဆိုတာ စဉ်းစားရကနေ ဒီလိုလည်း အသုံးပြုလို့ရပါလားဆိုတာ အားကျအတုယူအောင် နားနေဆောင်ကို စလုပ်ပေးလိုက်တာ” ဟု ဆရာတော် ဒေါက်တာ အရှင်ပညာသီရိက ဆက်လက်မိန့်ကြားသည်။ […]

ထိုင်းတွင် တစ်ရက်လုပ်အားခ တိုးမြှင့်သတ်မှတ်၊ မြန်မာလုပ်သားများလည်း ခံစားခွင့်ရမည်

diz_admin

August 26, 2022

ထိုင်းအစိုးရအဖွဲ့က နိုင်ငံ၏ တစ်ရက်အခြေခံလုပ်အားခကို တိုးမြှင့်သတ်မှတ်လိုက်ပြီး လာမည့် အောက်တိုဘာလ ၁ရက်တွင် စတင်ခံစားခွင့်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ယနေ့ (ဩဂုတ် ၂၆) ထုတ်ပြန်ကြေညာလိုက်သည်။ လက်ရှိ ပေးနေသည့်လုပ်အားခ၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းကို တိုးမြင့်ခံစားခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယခုပေးနေသည့် နှုန်းထားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလက သတ်မှတ်ပေးထားသည့် နှုန်းထားဖြစ်ပြီး ၂ နှစ်ကျော် အကြာတွင် နှုန်းထားသစ် ပြင်ဆင်လာခြင်းဖြစ်သည်။ ယင်းမှာ ထိုင်းနိုင်ငံ၌ ၁၄ နှစ်အကြာတွင် အမြင့်ဆုံးပြန်ရောက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်းကို ရင်ဆိုင် ကျော်လွှားရန်အတွက်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boonchob Suthamanaswong က ပြောသည်။ ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အလုပ်သမားများတွင် အဆိုပါ တစ်ရက်လုပ်အားခ တိုးမြှင့်ပေးမှုက အကူအညီအထောက်အပံ့ဖြစ်စေနိုင်ကြောင်း ၎င်းက […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

August 26, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သြဂုတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းဝန်ကြီးချုပ်ကို တာဝန်က ဆိုင်းငံ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကနေ ဩဂုတ် ၂၄ရက်နေ့မှာ မဲခွဲဆုံးဖြတ်ပြီး တာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။ ဝန်ကြီးချုပ် ပရာယွတ် အာဏာသိမ်းပြီးတဲ့နောက် ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သက်တမ်းကို အများဆုံး ၈ နှစ်ထက်ကျော်လွန်ကာ တာဝန်ထမ်းဆောင်ခွင့် မရှိလို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီး ဝန်ကြီးချုပ်တာဝန် ယူလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်တာ ၈နှစ် သက်တမ်းပြည့်ပြီဖြစ်လို့ ရာထူးကနေ ရပ်ဆိုင်းပေးဖို့ […]