BREAKING
June 16, 2025

သတင်း

ကျွဲနွားများ တရားမဝင်သယ်ယူမှုဖြင့် မြန်မာနိုင်ငံသားခုနစ်ဦးအား ထိုင်းဘတ် ၅၅၀ဝ စီ ဒဏ်ရိုက်

diz_admin

November 18, 2020

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခရီခန်ခရိုင်၊ ထပ်စကဲမြို့တွင် နိုဝင်ဘာလ ၂ ရက်နေ့က ကျွဲနွား အကောင်ရေ ငါးဆယ်ကျော်ကို တရားမဝင်သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား ခုနစ်ဦးအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀ဝ နှင့် ဆိုင်းငံထောင်ဒဏ်လေးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ်ဘက်မှ သယ်ယူလာသည့် ကျွဲနွားတို့ကို ဝယ်ယူသည့် ထိုင်းလုပ်ငန်းရှင်မှ ယူဆောင်သွားသဖြင့် ရမည့်ငွေများစောင့်ဆိုင်းနေချိန်တွင် တာဝန်ရှိသူများ၏ ဖမ်းဆီးခံရပြီး ထပ်စကဲ မြို့တရားရုံးက အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း မြိတ်ပရာကျွပ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် က ပြောပြသည်။ မြန်မာနိုင်ငံသားတို့အား အမိန့်ချမှတ်ပြီးဖြစ်သော်လည်း ဝယ်ယူသည့် ထပ်စကဲမြို့ဒေသခံထိုင်းလုပ်ငန်းရှင်နှင့် ကျွဲနွားတို့အား စုံစမ်းဖမ်ဆီးကာ အရေးယူခြင်းမရှိခဲ့သဖြင့် ထပ်စကဲမြို့ပိုင်အား စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး စစ်ဆေး ဆောင်ရွက်သွားရန် ပရာကျွပ်ခီရီခန်ခရိုင် ဒုတိယခရိုင်ဝန်က ညွန်ကြားထားပြီးဖြစ်ကြောင်း ဦးအောင်ကြည်မြင့်က […]

စိတ်ကြွဆေးပြား ၄၀ဝ နီးပါး ဖမ်းမိ၊ ကွင်းဆက်အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲ

diz_admin

November 18, 2020

ကော့သောင်းမြို့နယ်တွင် စိတ်ကြွ ဆေးပြား ၄၀ဝ နီးပါးဖမ်းမိခဲ့ပြီး အမှုနှင့် ဆက်စပ်သည့် အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မာရမ်းနယ်မြေရဲစခန်းတွင် အမှု ဖွင့်ထားသည့် အခြားအမှုမှ မသင်္ကာ တရားခံတစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ်အမျိုးသားကို လုံးဖော-အေးချမ်းသာလမ်းရှိ လုံးဖောတောင် ထိပ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က စောင့်ဆိုင်းနေစဉ် အခြားအမျိုးသားတစ်ဦးမောင်းနှင်ပြီး မသင်္ကာသူလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ မသင်္ကာသူလွယ်ထားသည့် ဘေးလွယ်အိတ်ကိုရှာဖွေရာ WY စိတ်ကြွဆေး ၃၉၀ ပြား တွေ့ရပြီး အဆိုပါ အမျိုးသားကို စစ်မေးရာ ယင်းမူးယစ်ဆေးများကို လုံးဖောရွာနေ အမျိုးသမီးတစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။ ယင်းအမျိုးသမီး၏ နေအိမ်ကို သွားရောက်ရှာဖွေရာ အဆိုပါအမျိုးသမီးမှာ တိမ်းရှောင်နေပြီး […]

ကော့သောင်းပင်လယ်တွင်ပေါ်နေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ပေးပို့ထား

diz_admin

November 17, 2020

ကော့သောင်းခရိုင်၊ ပင်လယ်တွင် ပေါ်လာနေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ ပေးပို့ထားကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန က သိရသည်။ ကော့သောင်းခရိုင် ညောင်ဝီးကျွန်း၊ ဘိုချိုကျွန်းနှင့် လန်ပိကျွန်းများ အနီးတဝိုက်ရှိ ပင်လယ်ရေပြင်တွင် ကျောက်ငါးမျိုးစိတ်များကို မသေမရှင် အနေအထားဖြင့် ရေပေါ် ပေါလောပေါ်နေသည်ကို စက်တင်ဘာလဆန်းခန့်က ဒေသခံရွာသားများနှင့် ဒေသခံရေလုပ်သားအချို့က စတင်တွေ့ရှိလာကြခြင်းဖြစ်သည်။ အဆိုပါ ကျောက်ငါးမျိုးစိတ်များကို နိုဝင်ဘာလ ၆ ရက်က ရန်ကုန်ငါး လုပ်ငန်းဦးစီးဌာန၊ ငါးရောဂါဌာနစု ဓာတ်ခွဲခန်းသို့ ကျောက်ငါးမျိုးစိတ်နှစ် ကောင်ကို ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားပြီး လက်ရှိအချိန်ထိ အဖြေမသိရသေးဟု အထက်ပါဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။ “ရေနမူနာက မပို့ရသေးဘူး။ ရေငုပ်သမားရှာနေတာနဲ့ ဘာနဲ့ ဒီနေ့မှ ရေက ရတယ်။ ပင်လယ်ပြင်ရေအောက်ကြမ်းပြင်က ရေကိုယူပြီး ဓာတ်ခွဲခန်းပို့မှာပေါ့။ ရေထဲမှာ ဘယ်လို […]

အလုပ်လက်မဲ့ဖြစ်မည်ကို ကျပန်းအလုပ်သမ ၁၀ဝ ကျော် စိုးရိမ်

diz_admin

November 17, 2020

အလုပ်လက်မဲ့ဖြစ်ပေါ်လာမည့် အရေးနှင့်ပတ်သက်၍ ကျပန်းအလုပ်သမ ၁၀ဝ ကျော်မှာ စိုးရိမ်နေကြသည်။ မြိတ်မြို့၊ ကျောက်ဖြာကျေးရွာ အုပ်စု၊ အထူးဆိပ်ရှိ သင်္ဘောဆိပ်ကမ်းတွင် ကုန်တင်ကုန်ချပြုလုပ်နေကြသည့် အလုပ်သမများဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကစတင်ကာ ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းခွင်အတွင်းသို့ မြိတ်မြို့ရှိ ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့က ရောက်လာပြီး ဝင်ရောက် လုပ်ကိုင်ခဲ့ကြကြောင်း ၎င်းတို့ကပြောပြသည်။ “တစ်သက်လုံး တစ်ခါမှမလာဖူးဘူး။ မနေ့ကမှ ရောက်လာကြတာ။ သူတို့ အမြဲလာလုပ်ရင် မရှိမဲ့ရှိမဲ့ ကျွန်မတို့ အလုပ်ကလေး ပျောက်သွားမလား စိုးရိမ်နေတယ်” ဟု ယင်းဆိပ်ကမ်းတွင် အလုပ်လုပ်နေသည်မှာ ၁၇ နှစ်ရှိပြီဖြစ်သည့် အသက် ၄၀ နှစ်အရွယ် ဒေါ်မာလာက ပြောသည်။ မြိတ်မြို့နှင့် ၁၇ မိုင်ခန့် ဝေးကွာသည့် ယင်းဆိပ်ကမ်းတွင် အနီးအနား ကျေးရွာများမှ အလုပ်သမ ၁၃၀ […]

မှေးမှိန်နေသည့် ကိုဗစ်ကန့်သတ် ချက်များ

diz_admin

November 17, 2020

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်ချိန်က အစိုးရက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များမှာ လက်ရှိတွင် လိုက်နာမှုအားနည်းပြီး မှေးမှိန်နေသည်။ ကိုဗစ်ကပ်ဘေး တားဆီးနိုင်ရေးအတွက် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို စက်တင်ဘာလ ၁၇ ရက်နေ့က တားမြစ်ထားသည်။ လက်ရှိတွင် လက်ဖက်ရည်ဆိုင် အချို့တွင် ဆိုင်ထိုင်စားသောက်သည့်ပုံစံဖြင့် ပေါ်ပေါ်တင်တင်ရောင်းချနေ ကြသည်။ အဆိုပါ စည်းကမ်းချက် စတင်သတ်မှတ်ချိန်က ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်မှုများရှိခဲ့သော်လည်း လက်ရှိတွင် အရေးယူဆောင်ရွက်မှု မရှိတော့ပေ။ ယင်းကဲ့သို့ ကိုဗစ်စည်းကမ်း သတ်မှတ်ချက် ဖောက်ဖျက်မှုများကို အရေးယူတားဆီးရန် သက်ဆိုင်ရာ မြို့နယ်စည်ပင်၊ အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် မြို့နယ်ကိုဗစ်ကော်မတီ များတွင် တာဝန်ရှိကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ “မျက်နှာလိုက်ခြင်း၊ […]

ရန်ကုန်ပြန်များ ပြည်နယ်အတွင်း ဝင်ခွင့်ကို ပြန်ကန့်သတ်

diz_admin

November 17, 2020

မွန်ပြည်နယ်အတွင်းသို့ ရန်ကုန်မှ ပြန်ဝင်လာသူများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ကွာရန်တင်းစင်တာများတွင် ထားရှိစောင့်ကြည့်ပြီးမှသာ ပြည်နယ်အတွင်း သွားလာခွင့်ပြုသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် မဲပြန်ပေး နိုင်ရေးရည်ရွယ်ပြီး ရွေးကောက်ပွဲ မတိုင်ခင်က ရန်ကုန်မှ ပြန်လာသူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကိုသာ စစ်ဆေးပြီး ကွာရန်တင်း မဝင်စေဘဲ နေရပ်ပြန်ရန် ခွင့်ပြုပေးခဲ့သည်။ သို့သော် ရွေးကောက်ပွဲပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှစကာ ရန်ကုန်မှ ပြန်ဝင်လာ သူများကို ကွာရန်တင်း ၁၄ ရက် ဝင်ရန် ပြန်ကန့်သတ်လိုက်ခြင်းဖြစ်သည်။ “ရန်ကုန်ပြန်တိုင်းကို ဝင်ခွင့်မပြုဘူး။ တကယ့်အရေးကြီးကိစ္စနဲ့ လာတာကိုပဲ ခွင့်ပြုထားတယ်ဆိုတော့ ပုံမှန် လူတွေဝင်ဖို့တော့ ခက်ခဲနေဦးမယ်” ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ […]

ကိုဗစ်ကြောင့် တစ်နိုင်တစ်ပိုင် ဝါးထရံလုပ်ငန်းများ အထိနာ

diz_admin

November 17, 2020

ရှည်ကြာစွာဖြစ်နေသည့် ကိုဗစ် ကပ်ဘေးကြောင့် တစ်နိုင်တစ်ပိုင် ဝါးထရံ လုပ်ငန်းငယ်များ ထိခိုက်လာနေကြောင်း ယင်းလုပ်ငန်းလုပ်သူများ ထံမှသိရသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုအတွင်းရှိ ခုံမော်အရှေ့ရွာ၊ ခုံမော်အနောက်ရွာနှင့် တဂံငယ်ကျေးရွာတွင် ယင်းလုပ်ငန်းအား မိရိုးဖလာ လုပ်ကိုင်နေကြသူ လက်ရှိ အိမ်ခြေ တစ်ရာကျော် ရှိနေသည်။ သို့သော် ကိုဗစ်ကာလအတွင်း ထရံရောင်းအား ထက်ဝက်ကျလာသလို ရရှိသည့်ဈေးနှုန်းသည်လည်း အလားတူ ကျဆင်းလာနေကြောင်း ၎င်းတို့ထံမှသိရသည်။ ကိုဗစ်မဖြစ်မီ ပြီးခဲ့သည့်နှစ်က ထရံတစ်ချပ်ပေါက်ဈေးမှာ ကျပ်နှစ်ထောင် ကျော်ရရှိခဲ့ပြီး ယခုအချိန်တွင် တစ်ထောင့် ငါးရာသာ ကျန်တော့သည်ဟု ထရံရက် လုပ်သူများက ဆိုသည်။ ယင်းအပြင် ကိုဗစ်မဖြစ်မီက မြိတ်မြို့ရှိ ဒိုင်ကြီးများမှ တစ်လလျှင် အနည်းဆုံး သုံးကြိမ်ခန့် မှာယူလေ့ရှိသော်လည်း ယခုအခါ မှာယူမှု ထက်ဝက်နီးပါး ကျဆင်းလာနေသည်ဟု ၎င်းတို့က ပြောပြသည်။ […]

တစ်ယူနစ်ဘယ်လောက်မှန်း မသိဘဲ လျှပ်စစ်သုံးနေရ

diz_admin

November 17, 2020

ထားဝယ်ခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလနှင့် ယခုလအတွင်း သုံးစွဲနေသည့် လျှပ်စစ်တစ်ယူနစ်ဈေးနှုန်း မည်မျှကျသင့်သည်ကို မီးသုံးသူများ သိခွင့် မရသေးပေ။ Petro & Trans ကုမ္ပဏီ လုပ်ကိုင်ခွင့်ရချိန်မှ သြဂုတ်လအထိ လျှပ်စစ်တစ် ယူနစ်လျှင် ၂၃၈ ကျပ် ဈေးနှုန်းဖြင့် ကောက်ခံနေရာမှ စက်တင်ဘာလတွင် ၂၁၉ ကျပ်သို့ လျှော့ချကောက်ခံခဲ့သည်။ ထိုဈေးနှုန်းမှာ ကုမ္ပဏီအတွက် နစ်နာနေသည်ဟုဆိုကာ တိုင်းအစိုးရထံ တင်ပြခဲ့သည်။ သို့သော် ယင်းနောက်တွင် ဈေးနှုန်းကို မည်မျှသတ်မှတ်မည်ဆိုသည်ကို ယခုအချိန်အထိ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်မည့် သဘာဝဓာတ်ငွေ့ကို MOGE (မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ထံမှ ဝယ်ယူနေရပြီး အဆိုပါ သဘာဝဓာတ် ငွေ့ဖိုးကို အမေရိကန်ဒေါ်လာနှင့်ဝယ် ယူရန်သတ်မှတ်ထားသော်လည်း မြန်မာ ကျပ်ငွေဖြင့်သာ ပေးသွင်းရသည်။ သဘာဝဓာတ်ငွေ့ဖိုး ပေးသွင်းရသည့် ဒေါ်လာငွေလဲလှယ်နှုန်းကို […]