ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လပေါ်လွှတ်မည့် နာဆာဂြိုဟ်တုယာဉ် စက်ချို့ယွင်းသဖြင့် လွှတ်တင်ရန် ထပ်မံရွှေ့ဆိုင်း

diz_admin

September 4, 2022

လ ပေါ်သို့ လွှတ်တင်မည့် NASA (နာဆာ)၏ ဒုံးပျံ Artemis (1) သည် ချို့ယွင်းမှုများကြောင့် ဒုတိယအကြိမ်နောက်ဆုတ် လိုက်ရကြောင်း BBC သိပ္ပံနှင့်နည်းပညာသတင်းတစ်ရပ်က ဖော်ပြထားသည်။ ဒုံးပျံထိန်းချုပ်သူများက ကြိုးစားခဲ့သော်လည်း ဒုတိယအကြိမ် ချို့ယွင်းမှု ကြုံရပြီး လောင်စာဆီ ယိုစိမ့်မှုကြောင့် ဟု သတင်းထုတ်ပြန်ထားသည်။ အင်ဂျင်နီယာများက ဒုံးပျံကို စစ်ဆေးနေကြပြီး ၊ ပစ်လွှတ်စင်ပေါ်မှာထက် အလုပ်ရုံထဲတွင် စစ်ဆေးမှုများ ဆောင်ရွက်သွားလိုသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသို့ ပြင်ဆင်မှုများပြုလုပ်မည်ဖြစ်ရာ လ ပေါ်သို့ ဒုံးပျံလွှတ်တင်မည့် အစီအစဉ်ကို သီတင်းပတ်ပေါင်းများစွာ နောက်ဆုတ်သွားဖွယ်ရှိသည်။ အောက်တိုဘာလ အလယ်နားအထိ တတိယအကြိမ် ပစ်လွှတ်ရန် ပြင်ဆင်မှုကို မြင်ရဖွယ်မရှိသေးကြောင်း အဆိုပါ သတင်းက ဖော်ပြထားသည်။ ယခုအသုံးပြုသည့် SLS ပစ်ခတ်မှု နည်းပညာသည် အမေရိကန်အာကာသ […]

ပုလောတွင် ဒလန်ဟုဆိုသူတစ်ဦး ပစ်သတ်ခံရ

diz_admin

September 4, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာတွင် ဒလန်ဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ စက်တင်ဘာလ ၃ ရက်ညက သင်္ကန်းတောရွာရှိ နာရေးအိမ်တွင် ဖဲကစားရန် ရောက်ရှိနေသည့် အသက် ၃၀ အရွယ် ကိုဘိုဘိုကို အမည်မသိ သေနတ်သမားများကလာရောက် ပစ်သတ်သွားသည်ဟု ဒေသခံများကပြောသည်။ ယင်းအလောင်းကို ယနေ့နံနက် ၈ နာရီအထိ လာရောက်သယ်ယူသူ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ “သူကစစ်တပ် သတင်းပေး ဒလန်လုပ်တယ်။သူ့ကြောင့်လည်း ပြည်သူတစ်ဦး အသတ်ခံရဖူးတယ်”ဟု မင်းထိန်ရွာနေ အမျိုးသား ကဆိုသည်။ မင်းထိန်ရွာနှင့် သင်္ကန်းတောရွာသည် ရွာခြင်းစပ်ကျေးရွာဖြစ်သည်။ အသတ်ခံရသူသည် ကဒဲကျေးရွာသားဖြစ်ပြီး သင်္ကန်းတောရွာတွင် လာရောက်တိမ်းရှောင်နေသူဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ “သူများသွားမရဲတဲ့နေရာသူသွားတယ်။ စစ်တပ်လာရင်လည်း နည်းပေးလမ်းပြ လုပ်တယ်”ဟု ကဒဲရွာသား အမျိုးသားကပြောသည်။ ဒေသခံများကို မေးမြန်းမှုအရ […]

တန်ဆာခများ ထက်ဝက်ခန့်ဈေးတက်

diz_admin

September 4, 2022

စက်သုံးဆီပြတ်လပ်မှု၊ ဈေးတက်လာမှုတို့ကြောင့် ပစ္စည်းပို့သည့် တန်ဆာခများ ထက်ဝက်နီးပါး ဈေးတက်လာသည်ဟု ယာဉ်လိုင်းပြေးဆွဲသူအချို့နှင့် ပစ္စည်းပို့နေသူအချို့က ပြောသည်။ ယခင်က ငွေကျပ် ၃၀၀၀ သာပေးရသည့် ပစ္စည်းထုတ်မှာ ယခုအခါ ကျပ် ၅၀၀၀ ခန့်ဖြစ်လာသည်ဟု ပစ္စည်းတင်ပို့နေသည့် ကားဂိတ်မှ တာဝန်ရှိသူအချို့က ပြောသည်။ ထားဝယ်မြို့ ကားဂိတ်တခုမှ တာဝန်ခံ အမျိုးသားတစ်ဦး၏ ပြောပြချက်အရ ယခင်က ဆိုင်ကယ်တစ်စီးကို ထားဝယ်မှ ရန်ကုန်တင်ခဈေးမှာ ငွေကျပ် ငါးသောင်းခန့်သာ ရှိသော်လည်း ယခုအခါ ကျပ်ခုနှစ်သောင်းခန့်အထိရှိသည်ဟု ဆိုသည်။ “အဓိကတော့ စက်သုံးဆီဈေးကြောင့်လည်း ပါတာပေါ့၊ အခုက လမ်းမှာလည်း ဟိုဟိုဒီဒီ ပေးရသေးတယ်ဆိုတော့ နှစ်သောင်းလောက်က လမ်းမှာ ဟိုပေးဒီပေးနဲ့ ကုန်တာပဲ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ တန်ဆာခဈေးတက်လာသည်မှာ နှစ်လခန့်ကြာပြီဖြစ်ပြီး ယခင်က […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

September 3, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ရက်အထိ မီးရှို့ခံရသည့် နေအိမ်သုံးသောင်းနီးပါးရှိသွားပြီ စစ်အာဏာသိမ်းကာလတွင် မြန်မာနိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် နှစ်သောင်းရှစ်ထောင်ကျော်ရှိသွားပြီ ဖြစ်ကြောင်း မီးရှို့ဖျက်ဆီးခံရမှုအခြေအနေကို သုတေသနလုပ်နေသည့် Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။ ယင်းစာရင်းမှာ ဩဂုတ်လ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ခဲ့သဖြင့် ပျက်စီးမှု အခြေအနေဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ ယင်းအနက် စစ်ကိုင်းတွင် အများဆုံး မီးရှို့ခံရပြီး နေအိမ်နှစ်သောင်းကျော် (၂၀,၁၅၃လုံး) ၊ ဒုတိယ အများဆုံး မကွေး တိုင်းတွင် ငါးထောင်ကျော်၊ တတိယအများဆုံး ချင်းပြည်နယ်တွင် ၁၄၀၀ ကျော် […]

ကော့သောင်းမှ ထိုင်းသို့ တရားမဝင်လာသော မြန်မာ ၁၃ဦး ဖမ်းဆီးခံရ၊ ကလေးငယ်လေးဦးပါဝင်

diz_admin

September 3, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ကလေးသူငယ်များ အပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ယနေ့ (စက်တင်ဘာ ၃) ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။ ယနေ့နံနက် ၁နာရီခန့်တွင် ရနောင်းခရိုင် စုက်စမ်ရန်ဒေသတွင် တရားမဝင်အလုပ်သမားများ တင်ဆောင်လာသည်ဟု ယူဆရသော ကားတစ်စီးသည် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းပြီး မောင်းနှင်သွားခဲ့ကြောင်း ဖော်ပြသည်။ မသင်္ကာသဖြင့် စစ်ဆေးရေးဂိတ်ရဲတပ်ဖွဲ့များနှင့်အတူ ပစ်ကပ်ကားကို ပူးပေါင်းဖမ်းဆီးရာမှ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် နို့စို့အရွယ်ကလေးအပါအဝင် ကလေး လေးဦး စုစုပေါင်း ၁၃ ဦး ပါဝင်ပြီး ကားသမားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားများသည် […]

မြိတ်တွင် စပိဘုတ်တစ်စီး မီးလောင်

diz_admin

September 3, 2022

မြိတ်မြို့တွင် စပိဘုတ်တစ်စီး မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မြိတ်မြို့၊ ပထက်ကမ်းရှေ့တွင် ရပ်နားထားသည့် စပိဘုတ်တစ်စီး ယနေ့ နေ့လယ် ၁ နာရီတွင် မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများ ကပြောသည်။ မီးလောင်ခဲ့သည့် စပိဘုတ်သည် ကုမ္ပဏီတစ်ခု၏ လုပ်ငန်းတွင် အသုံးပြုနေသည့် စပိဘုတ်ဖြစ်ပြီး နာရီဝက်ခန့် လောင်ကျွမ်းပြီးနောက် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။ “စပိဘုတ်က ဆီဗောနားကပ်နေတော့ ဆီဗောကနေ ပရက်ရှာပိုက်နဲ့ ထိုးလိုက်တာ လှေပါမြုပ်သွားတယ်”ဟု ဒေသခံကအမျိုးသားက ပြောသည်။ မီးလောင်ရာတွင် လူထိခိုက်မှုရှိမရှိကို မသိရှိရသေးသလို၊ မီးလောင်ရသည့် အကြောင်းအရင်းလည်း မသိရသေးဟု ဒေသခံများ ကပြောဆိုသည်။ ကော့သောင်းမြို့တွင်လည်း ပြီးခဲ့သည့်သြဂုတ်လ ၈ ရက်နေ့က ရပ်နားထားသည့် ကမ်းဝေးငါးဖမ်းလှေ သုံးစီးမီးလောင်ကာ လှေသားငါးဦး သေဆုံးမှုဖြစ်ခဲ့သေးသည်။

ယနေ့ရွှေစျေး ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့်ဖွင့်၊ စျေးအပြောင်းအလဲများနေဟုဆို

diz_admin

September 3, 2022

စျေးအတက်အကျ မြန်နေသဖြင့် ရွှေဈေးအတိအကျပြောပြီး ရောင်းဝယ်ရန် အခက်တွေ့ကာ ယနေ့ရွှေအဖွင့်စျေးမှာ ကျပ် သိန်း ၃၀ ဝန်းကျင်ရှိကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့ကဆိုသည်။ ယမန်နေ့က ‌ဥပုသ်နေ့ဖြစ်သောကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစု ပိတ်ထားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရွှေအဖွင့်စျေး မေးမြန်းသူများပြားနေကြောင်း ၎င်းတို့ကဆိုသည်။ ယင်းကဲ့သို့ ဖုန်းဆက်သူများကို ယခင်ကကဲ့သို့ ရွှေဈေးအတိအကျပြောဆိုရန် အခက်တွေ့နေကြောင်း ဈေးကြီးတောင်ဖက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ယနေ့နံနက် ၉ နာရီခန့်တွင် ပြောဆိုသည်။ “ဖုန်းဆက်ပြီးမေးရင် ဈေးမပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဈေးက တစ်မီနစ်အတွင်းမှာကို အမျိုးမျိုးပြောင်းနေတာ။ ဈေးပြောလိုက်ရင် ပြောတုန်းကတစ်မျိုး လာဝယ်တော့တစ်မျိုးဆိုပြီး ဆိုင်ကို အထင်လွဲခံရမှာစိုးလို့ပါ။ အဲ့ဒါကြောင့် ဆိုင်ရောက်မှပဲဈေးပြောပြီး ကြိုက်ရင်ဝယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။ ယနေ့နံနက် ၉ နာရီဝန်းကျင်က ဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင် ၃ […]

ထိုင်ဝမ်ကို လက်နက်များရောင်းချပေးရန် အမေရိကန်ဆုံးဖြတ်၊ တရုတ်အစိုးရ မကျေနပ်

diz_admin

September 3, 2022

ထိုင်ဝမ်သို့ စစ်လက်နက်များ အမေရိကန်ဒေါ်လာ ၁ဒသမ၁ဘီလီယံ ဖိုး ရောင်းချပေးရန် အမေရိကန်ပြည်ထောင်စု က သဘောတူလိုက်သဖြင့် တရုတ်က ဒေါသထွက်လျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ ရောင်းချပေးမည့် လက်နက်များတွင် ဝင်ရောက်တိုက်ခိုက်လာမှုများကို ခြေရာခံသော စနစ်များ၊ စစ်သင်္ဘောပစ်၊ လေယာဉ်ပစ် လက်နက်များ ပါဝင်သည်။ ၂၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အဆင့်အမြင့်ဆုံး အရာရှိကြီးတစ်ဦး၏ တရားဝင်ထိုင်ဝမ် ခရီးစဉ်အဖြစ် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်ခဲ့ပြီးနောက် အမေရိကန်၏ ဒေါ်လာဘီလီယံကျော်ဖိုး လက်နက်ရောင်းမည့် အစီအစဉ် ဖြစ်လာခြင်း ဖြစ်သည်။ ဝါရှင်တန်ရှိ တရုတ်သံရုံးက အဆိုပါ သဘောတူညီချက်ကို နောက်ပြန်ဆုတ်ရန် နှင့် သို့မဟုတ်ပါက တန်ပြန် ဆောင်ရွက်မှုများကို ရင်ဆိုင်ရလိမ့်မည်ဟု ဆိုထားသည်။ ထိုင်ဝမ်နှင့် လက်နက်ရောင်းချရေး သဘောတူညီချက်သည် အမေရိကန်အစိုးရနှင့် တရုတ်အစိုးရတို့အကြား ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး […]