ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောတိုက်ပွဲအတွင်း ကားသမားနှစ်ဦးထက်မနည်း သေဆုံး

diz_admin

October 4, 2022

ပုလောမြို့အနီး မနေ့ကဖြစ်ပွါးခဲ့သည့်တိုက်ပွဲအတွင်း ကားသမားနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ သေဆုံးခဲ့သည့် ကားသမားမှာ ကြဲကျေးရွာနေ ကိုရန်ကျော်သူ အသက် ၂၈ နှစ်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ ပလမြို့၊ရေခဲစက်ပိုင်ရှင် ဦးစိုးပိုင်၏ ယောက်ဖတော်စပ်သူဖြစ်ကြောင်း ဒေသခံများကပြောသည်။ “သူတို့ကားတွေကို စစ်တပ်က ချောဆွဲလာတယ်လို့သိရတယ်။ ဒီမနက်လင်းမှ သူတို့အိမ်ကလိုက်လာပြီး အလောင်းလာကောက်သွားတယ်”ဟု ကဒဲကျေးရွာဒေသခံ အမျိုးသားကပြောသည်။ ကားနှစ်စီးစလုံးမှာ အမိုးဖွင့်ကုန်တင်ကားများဖြစ်ကြပြီး တစ်စီးသည် ကဒဲတံတား ကွန်ကရစ်လက်ရန်းတိုင်ကိုတိုက်ပြီး တံတားအောက် ကုန်းမှော်တွင် ပက်လက်လန်သွားကြောင်း၊ နောက်တစ်စီးမှာ တံတားအလွန်တွင် ပစ်ခတ်ခံရပြီး ဒရိုင်ဘာနှစ်ဦးစလုံးမှာ ကားအတွင်း သေဆုံးနေကြောင်း ဒေသခံများ ကပြောသည်။ “ပလ ကနေ ပုလောကို ပစ္စည်းသွားပို့ပြီး အပြန်မှာချောဆွဲခံရတာလို့ကြားရတယ်။ ကျွန်တော်တို့သိတာ နှစ်ဦးသေတယ်”ဟု ဒေသခံအမျိုးသား နောက်တစ်ဦးကပြောသည်။ ကားနှစ်စီးစလုံးသည် စစ်ကောင်စီတပ်မှ ချောဆွဲလာသည့်ကား ဟုတ်မဟုတ်ကိုမူ Dawei Watch အနေဖြင့် […]

ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းသူတို့တွင် ကိုဗစ်ပိုးဆက်တိုက်တွေ့လာ

diz_admin

October 4, 2022

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသူတို့တွင် ကိုဗစ်ပိုး ဆက်တိုက်တွေ့ရှိ လာနေကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက်က ရနောင်းဘက်မှ ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၇၈ ဦးတို့အနက် အမျိုးသားသုံးဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ယင်းဌာနက ထုတ်ပြန် ထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ ဦးကျော်အနက် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၈ ဦးတို့တွင် ကို‌ဗစ်ပိုးတွေ့ရှိခဲ့သည်။ ထို့အပြင် ဩဂုတ်လ ၁၇ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၃ ဦး […]

ထားဝယ် မမဘုရားပွဲ

diz_admin

October 3, 2022

ထားဝယ်မြို့ရှိ လူသိများထင်ရှားသော စရီး-မာရီးယမ္မာန် (ခေါ် )မမဘုရားပွဲ ၈ ရက်မြောက်နေ့ မြင်ကွင်းများကို ဖော်ပြလိုက်သည်။ အဆိုပါ ဘုရားပွဲကို စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။ ထားဝယ်ဒေသအတွင်း ပွင့်လင်းရာသီအစတွင် အစောဆုံး ကျင်းပလေ့ရှိသည့် မမဘုရားပွဲတော်သည် ယခင်နှစ်များက ထားဝယ်မြို့အတွင်း စည်ကားသိုက်မြိုက်စွာ အပူဇော်ခံ လှည့်လည်လေ့ရှိသည်။ မြို့အတွင်း လှည့်လည်အပူဇော်မခံမီ ညများတွင်လည်း ဇာတ်ပွဲ၊ ပွဲဈေးများဖြင့် စည်ကားနေလေ့ရှိသည်။ သို့ရာတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှစကာ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြို့အတွင်း မလှည့်လည်တော့ဘဲ ဘုရားကျောင်းအတွင်း၌သာ အကျဉ်းရုံးပြီး အပူဇော်ခံတော့သည်။

ပုလောမြို့အနီးရှိ ကဒဲ၊ခမောင်းတောရွာ ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေ

diz_admin

October 3, 2022

မြိတ်ခရိုင်၊ပုလောမြို့အနီးရှိ ကဒဲရွာနှင့်ခမောင်းတောရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ (အောက်တိုဘာ ၃) မွန်းတည့်အချိန်မှစတင်ကာ နှစ်ဖက်တိုက်ပွဲများ ဖြစ်နေပြီး လက်ရှိအချိန် (ည ၆ နာရီ) မိုးချုပ်သည်အထိ တိုက်ပွဲပြင်းထန် နေဆဲဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “လက်နက်ကြီး လက်နက်ငယ် စက်လတ်တွေနဲ့လည်း ပစ်နေကြတယ်။ ခုထိချနေတုန်းပဲ ပွဲကတစ်အားကြမ်းနေတုန်းပဲ မိုးကလည်းစရွာနေပြီ”ဟု မင်းထိန်ရွာဒေသခံအမျိုးသား ကပြောသည်။ မင်းထိန်ရွာသည် ယခုတိုက်ပွဲဖြစ်နေသည့် အနီးဝန်းကျင်တွင်ရှိပြီး လက်နက်ကြီးကျည်အချို့  ရွာအပြင်တွင် လာကျနေသည်ဟု ၎င်းကပြောသည်။ နှစ်ဖက်တိုက်ပွဲ စဖြစ်ချိန် ပဝတ်ကုန်းတပ်မှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ရပ်နားသွားကာ  ညနေပိုင်းတွင် ပုလော ၂၈၅ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေသည်ဟု ဒေသခံများ ကပြောသည်။ “ပုလောဘက်ကပစ်တဲ့ လက်နက်ကြီးအချက်က […]

ပုလော ထမင်းမစားရွာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ အသတ်ခံရ

diz_admin

October 3, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟုဆိုသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပျူစောထီးအဖွဲ့ဝင် အာတော့ဆိုသူကို အောက်တိုဘာလ ၂ ရက် ည ၆ နာရီဝန်းကျင်တွင် ထမင်းမစားရွာအနီး ကားလမ်းမတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းဒေသတွင်လှုပ်ရှားနေသည့် ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ K-PDF က ထုတ်ပြန်သည်။ ၎င်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။ ယခုရက်ပိုင်းတွင် အာတော့အပြင် ယင်းရွာက ပျူစောထီးခေါင်းဆောင် တမိုဆိုသူလည်း သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “(ပျူစောထီး) ခေါင်းဆောင်ကတော့ တိုက်ပွဲဖြစ်ပြီးသေတာ။ နောက်တစ်ယောက်ကတော့ လာပစ်သတ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။ ထမင်းမစားကျေးရွာအနီးတွင် စက်တင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ အင်အား ၂၀ […]

မြန်မာသို့ လူကုန်ကူးခံရသည့် အိန္ဒိယအိုင်တီပညာရှင် ၅၀၀ကျော် ဖမ်းဆီးပိတ်လှောင်ခံထားရ

diz_admin

October 3, 2022

အိန္ဒိယနိုင်ငံသား နည်းပညာကျွမ်းကျင်ပညာရှင် ၅၀၀ ကျော်အထိ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ဖမ်းဆီးပိတ်လှောင် ခံထားရဆဲဖြစ်ပြီး နေ့ရောညပါ အလုပ်လုပ်ရန် စေခိုင်းခံနေရဆဲဖြစ်ကြောင်း အိန္ဒိယသတင်းဌာန GoaChronicle တွင် အောက်တိုဘာလ ၂ ရက်နေ့က ရေးသားဖော်ပြသည်။ ၎င်းတို့ကို စေခိုင်းသော သတ်မှတ်ပမာဏအထိပြီးပြတ်အောင် မလုပ်ပေးနိုင်ပါက ညှင်းပန်းနှိပ်စက်ခံနေရကြောင်း ဖော်ပြသည်။ အိန္ဒိယအစိုးရအနေဖြင့် ပိတ်လှောင်ခံထားရသော နိုင်ငံသားများကို နည်းအမျိုးမျိုးသုံးကာ ကယ်တင်ရန် ကြိုးစားခဲ့ပြီး ၃၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အစိုးရပြောကြားချက်ကို ကိုးကား ရေးသားထားသည်။ အိန္ဒိယ IT ပညာရှင်များကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရမည်ဟု လစာမက်လုံးပေးကာ အွန်လိုင်းအေဂျင်စီအချို့က ဆိုရှယ်လ်မီဒီယာမှတစ်ဆင့် လိမ်လည်အလုပ်ခေါ်ပြီးနောက် မြန်မာနိုင်ငံသို့ လူကုန်ကူးခဲ့ခြင်းဖြစ်နေသည်။ ထိုင်းတွင် IT နှင့်ပက်သက်သော အလုပ်လုပ်ကိုင်ရမည်ဟု ကတိပေးခေါ်ဆောင်လာခဲ့ပြီး မဲဆောက်မှ မြဝတီသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ခေါ်ယူခံခဲ့ရကြောင်း […]

အီရန်ဆန္ဒပြပွဲ ကျောင်းသားများစွာ ပိတ်မိလျက်ရှိ

diz_admin

October 3, 2022

အီရန်ရဲတပ်ဖွဲ့ဝင်များသည် တက္ကသိုလ်ကျောင်းများနှင့် နာမည်ကျော်တက္ကသိုလ်ဝန်းတစ်ခုထဲတွင် ထိပ်တိုက် ထိတွေ့မှုများ ဖြစ်ခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာသတင်းများက ဖော်ပြထားသည်။ မြို့တော် တီဟီရန်ရှိ ရှာရစ်ဖ် တက္ကသိုလ်ယာဉ်ရပ်နားကွင်းထဲတွင် ကျောင်းသားများစွာ ပိတ်မိနေလျက် ရှိကြောင်း သတင်းများက ဖော်ပြထားသည်။ ထွက်ပေါ်လာသော ဗီဒီယိုများတွင် ကျောင်းသားများသည် လုံခြုံရေးတပ်ဖွဲ့များထံမှ ဝေးရာကို ထွက်ပြေးနေကြပြီး သေနတ်သံများ ကြားရသည်။ အမျိုးသမီးတစ်ဦးကို အကျင့်သီလထိန်းကွပ်ပဲ့ပြင်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် သေဆုံးသွားခဲ့ရာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ စက်တင်ဘာလအတွင်း အီရန်တွင် နေရာအနှံ့ဖြစ်ပွါးခဲ့သည်။ မစ်စ်အမီနီအား ရဲက ခေါင်းကို တုတ်ဖြင့်ရိုက်ကာ ခေါင်းကိုလည်း ကားဖြင့်ဆောင့်ခဲ့သည်ဟု သတင်းများက ဖော်ပြထားပြီး သေဆုံးသူသည် အဖမ်းခံရစဉ် နှလုံးဖောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲက ထုတ်ပြန်ထားသည်။ ၎င်း၏ အသုဘအခမ်းအနားတွင် ဆန္ဒပြပွဲစတင်ခဲ့ရာမှ တိုင်းပြည်အတွင်း အဆိုးဆုံး […]

အင်ဒိုနီးရှားပြည်တွင်း ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွါး ၁၃၀ နီးပါး သေဆုံး

diz_admin

October 2, 2022

အနည်းဆုံး လူ ၁၂၉ ဦးသေဆုံးခဲ့ရသော အင်ဒိုနီးရှားဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားရာမှ တက်နင်းမိကာသေဆုံးမှုသည် ဘောလုံးသမိုင်းမှ အဆိုးရွားဆုံး သော အဖြစ်အပျက် တစ်ခုဖြစ်ကြောင်း အရာရှိများက ပြောကြားသည်ဟု BBC သတင်းက ဖော်ပြထားသည်။ အဓိကရုဏ်းဖြစ်နေသော နှစ်ဖက်ပရိသတ်များကို ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ ပစ်ခတ်ရာမှ လူအုပ်ပြိုခြင်း ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ အရှေ့ဂျာဗား ဒေသ၊ ဆူရာဘယားတွင် Arema FC ဘောလုံးအသင်းက ခါးသီးသောပြိုင်ဘက် Persebaya ကို ရှူံးနိမ့်ခဲ့ရာမှ ရန်ပွဲဖြစ်ပွါးခြင်း ဖြစ်သည်။ လူ (၁၈၀) ခန့်လည်း ဒဏ်ရာများ ရရှိသွားခဲ့သည်။ ပရိသတ်ဦးရေသည်လည်း အားကစားကွင်းက လက်ခံနိုင်သည့် အရေအတွက်ထက် ပိုများနေကြောင်း လုံခြုံရေးဝန်ကြီးက ပြောကြားသည်။ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသည်အထိ အင်ဒိုနီးရှား အဆင့်မြင့်တန်း ဘောလုံးပွဲစဉ်များ အားလုံး ရပ်ဆိုင်းထားရန် […]