တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
diz_admin
October 7, 2022ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ထိုင်းမူကြိုကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွား ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွန်ဘိုဝါလမ်ဖူခရိုင်မှာရှိတဲ့ မူကြိုကျောင်း နေ့ကလေးထိန်းစင်တာထဲသို့ ရဲအရာရှိဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့ပါတယ်။ မူကြိုကျောင်းထဲမှာရှိတဲ့ ကလေးတွေ အိပ်ပျော်နေတဲ့အချိန် အောက်တိုဘာလ ၆ ရက်နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ သေဆုံးခဲ့သူအများစုမှာ မူကြိုကျောင်းသား ကလေးငယ် ၂၂ ဦးပါဝင်နေကြောင်း ရဲတပ်ဖွဲ့က နေ့လယ်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ပစ်ခတ်ခဲ့သူဟာ အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ရဲမှူးဟောင်း Panya Kamrab အမည်ရှိသူဖြစ်ပြီး ပစ်ခတ်ပြီးတဲ့နောက် ကားနဲ့ထွက်ပြေးသွားခဲ့ကာ သူ့ကိုယ်တိုင်နဲ့ […]


